Tuesday, July 6, 2021

ရိုဟင်ဂျာတွေကို တောင်ကိုရီးယားနဲ့ WFP ထောက်ပံ့မည်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ 
2021-07-06 

စစ်တွေမြို့ ဒုက္ခသည်စခန်းတခုက ရိုဟင်ဂျာဒုက္ခသည်များကို ၂ဝ၂၁ ဇူလိုင်လအစောပိုင်းက တွေ့ရစဉ်။
Photo: Reuters

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရှိနေတဲ့ ရိုဟင်ဂျာအသိုင်းအဝန်းကို ထောက်ပံ့ကူညီပေးဖို့ WFP ကုလသမဂ္ဂ ကမ္ဘာ့ စား နပ် ရိက္ခာအဖွဲ့နဲ့ တောင်ကိုရီးယားနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီအတွက် တောင်   ကိုရီးယားနိုင်ငံက WFP ကို အမေရိကန်ဒေါ်လာ ရှစ်သိန်း ပေးအပ်ခဲ့ပါတယ်။

ဒီကူညီမှုဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပါအဝင် လက်ရှိ အကူအညီလိုအပ်နေသူ  သုံးသိန်းနှစ် သောင်း    ဝန်းကျင်အတွက် လစဉ် ရိက္ခာ ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တောင်ကို ရီးယား နိုင်ငံ က WFP ကို လှူဒါန်းမှုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဆက်ဘဇား ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာ ရှစ် သိန်း ခြောက်သောင်းကျော်ကို ကူညီထောက်ပံ့နိုင်မှာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ မူလကတည်းကရှိနေတဲ့ ဆင်းရဲမွဲတေမှုအပြင် ကိုဗစ်-၁၉ ကူးစက်မှုနဲ့ နိုင်ငံရေး အကြပ်အ တည်းတွေကြောင့် ပြည်သူသုံးသန်းခွဲနီးပါး စားနပ်ရိက္ခာ ပြဿနာနဲ့ ရင်ဆိုင်နေရတာပါ။ အထူးသဖြင့် မြို့ပြနေ ဆင်းရဲသားတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း ဖေဖော်ဝါရီလက စပြီး ဖြစ်ပွားလာနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ‌ကြောင့်လည်း နိုင်ငံ အနှံ့ အပြားမှာ လူနှစ်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */