RFA
21.09.2018
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာမွတ်စလင် လူငယ်နဲ့ ကလေးသူငယ်၃သိန်း ခွဲရဲ့ စိတ်ဒဏ်ရာတွေကို ကုစားဖို့နဲ့ ပညာသင်ကြားရေးအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်း ထပ်မံထောက်ပံ့ဖို့ ကမ္ဘာ့ဘဏ်က သောကြာနေ့ မနေ့က အတည်ပြုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇား ဒုက္ခသည်စခန်းက မွတ်စလင်ကလေးငယ်တွေကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က တွေ့ရစဉ်။
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာမွတ်စလင် လူငယ်နဲ့ ကလေးသူငယ်၃သိန်း ခွဲရဲ့ စိတ်ဒဏ်ရာတွေကို ကုစားဖို့နဲ့ ပညာသင်ကြားရေးအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်း ထပ်မံထောက်ပံ့ဖို့ ကမ္ဘာ့ဘဏ်က သောကြာနေ့ မနေ့က အတည်ပြုလိုက်ပါတယ်။
အဲဒီ ငွေထဲမှာ ကနေဒါနိုင်ငံက လှူဒါန်းငွေ ဒေါ်လာ ၄ သန်းလည်း ပါဝင်ပါတယ်။ အခု ထောက်ပံ့ငွေနဲ့ စာသင်ကျောင်း ၁ဝဝဝ အသစ်ဆောက်လုပ်ပြီး ရှိပြီးသားကျောင်း ၅ဝဝ ကိုတိုးချဲ့မှာဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းဆရာ ၂ဝဝဝ ခန့်ကို သင်တန်းပေးခန့်အပ်မယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာ မွတ်စလင်ဒုက္ခသည်တွေအတွက် ကမ္ဘာ့ဘဏ်က စုစုပေါင်း ကန် ဒေါ်လာ သန်း ၄၈ဝ ထောက်ပံ့ဖို့ ကတိပြုထားပါတယ်။

Link : Here

No comments:
Post a Comment