" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, February 25, 2019

အဆာဟိရှင်ဘွန်းသတင်းဌာနက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တောင်းပန်စာပို့

RFA
လွတ်လပ်တဲ့ အာရှအသံ
 2019-02-25

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ဂျပန်နိုင်ငံ၊ THE ASAHI SHIMBUN သတင်းဌာနတို့ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ တွေ့ဆုံခဲ့စဉ်

ဂျပန်သတင်းဌာန အဆာဟိရှင်ဘွန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တောင်းပန်စာ တိုက်ရိုက်ပို့လိုက်ပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ထွန်းထွန်းညီက အဆာဟိရှင်ဘွန်းသတင်းဌာနရဲ့ တောင်း ပန်စာ လက်ခံရရှိတယ်ဆိုတာကို RFA ကို အတည်ပြုပြောကြားပေမယ့် အသေးစိတ်ကိုတော့ သတင်းမီဒီယာတွေ မသိသင့်ကြောင်းနဲ့ မြန်မာသတင်းမီဒီယာကောင်စီကသာ ဆက်လက်လုပ်ဆောင် မှာဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးမြင့်ကျော်ကတော့ တောင်းပန်တဲ့ကိစ္စကို သတင်းမီ ဒီယာတစ်ခုမှာသာ တွေ့ရတာဖြစ်ပြီး ကောင်စီကတဆင့် သွားတာမဟုတ်ဘဲ အဆာဟိရှင်ဘွန်းက တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုက်ရိုက်တောင်းပန်တာဖြစ်တဲ့အတွက် အခြေအနေကို မေးမြန်းထားဆဲဖြစ်ကြောင်း RFA ကို ဖြေကြားပါတယ်။

ဂျပန်သတင်းဌာန အဆာဟိရှင်ဘွန်းဘက်ကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။အဆာဟိ ရှင်ဘွန်းသတင်းဌာနဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖေဖော်ဝါရီလ ၁၄ရက်နေ့က တေ့ွဆုံမေးမြန်းခဲ့တာဖြစ်ပါတယ်။ အဲဒီမေးမြန်းချက်ကို တပ်မတော်ကာ ကွယ် ရေး ဦးစီးချုပ်ရုံးထံ ပေးပို့ပြီးမှသာ သတင်းထုတ်ပြန်ဖို့ ကြိုတင် သဘောတူထားခဲ့ပေမယ့်လည်း အဆာဟိရှင် ဘွန်းသတင်းဌာနဘက်က အတည်ပြုချက်မယူဘဲ သတင်းထုတ်လွှင့်ခဲ့လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံ တာဝန်ယူဖြေ ရှင်းပေးဖို့ ဆိုပြီး တပ်မတော်ဘက်က တိုင်ကြားတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */