" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, July 31, 2019

မြန်မာအပေါ် လူ့အခွင့်အရေးဖိအားပေးဖို့ ဂျပန်ကို HRW တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
30 ဇူလိုင်၊ 2019
ဒေါ်ခင်မျိုးသက်
၂၀၁၈ ဇန်နဝါရီလတုန်းက ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Taro Kono နဲ့ နိုင်ငံတော်အတိုင်ပင်ခံ တွေ့ဆုံစဉ်  

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ ခရီးစဉ် သွားရောက်နေတဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Taro Kono အနေနဲ့ မြန်မာ နိုင်ငံရဲ့ လူ့အခွင့်ရေး အခြေနေတွေနဲ့ ပတ်သက်ပြီး ထုတ်ဖေါ်ပြောကြားဖို့ နယူးရောက် အခြေစိုက် Human Rights Watch လူ့အခွင့်ရေး အဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။

မြန်မာ့လူ့အခွင့်ရေးနဲ့ ပတ်သက်ပြီး သတင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ အကျဉ်းချခံနေရတာ၊ သ တင်း လွတ်လပ်ခွင့် ဆိုင်ရာနဲ့ ရိုဟင်ဂျာတွေ ခွဲခြားဆက်ဆံ ခံနေရတာ အပြင် မြန်မာစစ်တပ်က သူ့ကျူး လွန် မှုတွေအတွက် သူလိုချင်တဲ့ ကင်းလွတ်ခွင့်ရနေတာတွေကို ဂျပန်ဘက်က ဘာမှထုတ်ပြောတာ မရှိတဲ့ အ တွက် စိတ်ပျက်မိကြောင်းလည်း ပြောပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Taro Kono ဟာ ဇူလိုင်လ ၂၉ ရက် တနင်္လာနေ့ကနေ သြဂုတ်လ ၃ ရက် စနေနေ့ အထိ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကို သွားရောက်နေတာဖြစ်ပြီး သူ့ရဲ့ ဒီ ၂ နိုင်ငံ ခရီးစဉ်အတွင်း ဒီနိုင်ငံတွေ ထဲက ဆိုးဝါးတဲ့ လူ့အခွင့်ရေး အခြေနေတွေနဲ့ ပတ်သက်ပြီး ထုတ်ဖေါ်ပြောကြားဖို့ HRW လူ့အခွင့်ရေး အ ဖွဲ့ကြီးက ဇူလိုင်လ ၂၆ ရက်စွဲနဲ့ စာရေးသား ပေးပို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ တွေ့ဆုံတဲ့အခါ သူ့နိုင်ငံတွင်း လူ့အခွင့်ရေးချိုးဖောက်မှုတွေ အပြင် မြန်မာနိုင်ငံကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံနေတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အရေးနဲ့ ပတ်သက် ပြီး ရိုဟင်ဂျာတွေ သူ့သဘောနဲ့ နေရပ်ရင်းပြန်နိုင်အောင် လုပ်ဆောင်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့အခါမှာတော့ ရိုဟင်ဂျာနဲ့ စစ်ဘေးဒဏ်ခံနေရတဲ့ တခြား လူနည်း စု တိုင်းရင်းသား ဒေသတွေဆီ လူ့အခွင့်ရေးအဖွဲ့တွေ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး အဖွဲ့တွေ၊ လွတ် လပ်တဲ့ သတင်းမီဒီယာတွေ သွားရောက်နိုင်အောင် ခွင့်ပြုပေးဖို့ တိုက်တွန်းစေလိုကြောင်း HRW အဖွဲ့က ပြောပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ဝိုင်းဝန်းဝေဖန်တာ ခံနေရတဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေးအခြေနေတွေနဲ့ ပတ်သက် ပြီး ဂျပန်ဘက်က နှုတ်ဆိတ်နေတာကြောင့် အခု ဂျပန်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အခွင့် အလမ်း ကောင်းကို လက်မလွှတ်ပဲ သူ့ရဲ့ခရီးစဉ်အတွင်း မြန်မာ့အရေး ထုတ်ဖေါ်ပြောဆိုဖို့ တိုက်တွန်းကြောင်း HRW လူ့အခွင့်ရေး အဖွဲ့ကြီး ရဲ့ အာရှရေးရာ တာဝန်ခံ Brad Adams က VOA ကို ပြောပါတယ်။

“ဂျပန်ဟာ မြန်မာနိုင်ငံအတွက် အဓိက အလှူရှင်နိုင်ငံ ဖြစ်သလို သူဟာ DASSK နဲ့လည်း သိပ်ရင်းနှီး ပါ တယ်။ ဒါ့အပြင် ဂျပန်ဟာ ရခိုင်နဲ့ တခြား တိုင်းရင်းသားဒေသ တချို့အတွက် အကူအညီတွေ ပေးဖို့ စီစဉ်နေ တာပါ။ ဒါပေမယ့် မြန်မာ့လူ့အခွင့်ရေး နဲ့ ပတ်သက်ပြီး ဘာမှ မပြောပဲ နှုတ်ဆိတ်နေတဲ့ သူတို့ရဲ့ မူဝါဒက တော်တော် ဆိုးပါတယ်။ ဒါ့အပြင် သူတို့ဟာ တရုတ်နဲ့ ယှဉ်ပြိုင်မှု တစိတ်တပိုင်းအနေနဲ့ မြန်မာနဲ့ ဆက်ဆံရေးကို ကောင်းဖို့  ကြိုး စား နေတဲ့အတွက် တကယ်လို့ မြန်မာကို ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးနဲ့ ပတ်သက်ပြီး ပြောဆိုလိုက်ရင် မြန်မာအစိုးရက တရုတ်ဘက်ပါသွားမှာကို စိုးရိမ်နေတာကြောင့် မပြောပဲနေတာပါ။ ဒါ့ကြောင့် မြန်မာ့အရေး ထုတ်ပြောဖို့ အခုလို တိုက်တွန်း နေရတာပါ။”

မြန်မာ့လူ့အခွင့်ရေးနဲ့ ပတ်သက်ပြီး အစိုးရကို ဝေဖန်သူတွေ၊ သတင်းသမားတွေ၊ တက်ကြွ လှုပ်ရှားသူတွေ၊ ဆန္ဒပြသူတွေ အကျဉ်းချခံနေရတာကို ထောက်ပြဖို့၊ အခြေခံရပိုင်ခွင့်နဲ့ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်တဲ့ ဥပဒေတွေ ပြင်ဆင်တာ ဒါမှမဟုတ် ဖျက်သိမ်းပေးတာတွေ လုပ်ဖို့ အပြင် ရိုဟင်ဂျာတွေ ခွဲခြားဆက်ဆံ ခံနေ ရတာကို ထောက်ပြဖို့ကိုလည်း HRW လူ့အခွင့်ရေး အဖွဲ့ကြီးက တောင်းဆိုပါတယ်။

“ဒီမိုကရေစီ တိုးတက်လာအောင် ဂျပန်က လုပ်ပေးစေချင်ပါတယ်။ ဂျပန်ဟာ သူ့နိုင်ငံတွင်းမှာ လူ့အခွင့်ရေးလေး စားမှု ရှိသလို တခြားနိုင်ငံတွေ အတွက်လည်း ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး ထုတ်ပြောစေချင် ပါ တယ်။ ရခိုင် ပြည်နယ်ဆိုင်ရာ ကုလသမဂ္ဂ အချက်လက်ရှာအဖွဲ့ရဲ့ ထုတ်ဖေါ် ပြောကြားချက်တွေ၊ အထူးစုံ စမ်းရေးမှူး Yanghee Lee ရဲ့ အကြံပေးချက်တွေကို လက်မှတ်ရေးထိုးပြီး ထောက်ခံပေးဖို့ တိုက်တွန်းပါ တယ်။ အခြေခံအားဖြင့် မြန်မာ့လူ့အခွင့်ရေးအတွက် သတင်းသမားတွေ၊ တက်ကြွ လှုပ်ရှားသူတွေ၊ ဆန္ဒပြ သူတွေ အကျဉ်းချခံနေရတာနဲ့ မြန်မာစစ်တပ်က သူ့ကျူးလွန်မှုတွေ အတွက် သူလိုချင်တဲ့ ကင်းလွတ် ခွင့်ရေ နတာတွေကို ဂျပန်ဘက်က ဘာမှ ပြောသံ မကြားရတဲ့ အတွက် စိတ်ပျက်မိပါတယ်။

အရင်စစ်တပ်အုပ်ချုပ်စဉ် တုန်းကတော့ မြန်မာ့လူ့အခွင့်ရေးအတွက် ဂျပန်က ရှင်းရှင်းပဲ ပြောခဲ့ပေမယ့် အခု အ မည်ခံ အရပ်သား အစိုးရ တက်လာတဲ့အခါကျတော့ လုံးဝ တိတ်နေတာပါ။ ဒါဟာ မြန်မာအစိုးရနဲ့ရော စစ် တပ်နဲ့ပါ ဆက်ဆံရေးကောင်းနိုင် ပေမယ့် မြန်မာပြည်သူတွေ အတွက်တော့ မကောင်းပါဘူး။”

မြန်မာနိုင်ငံတွင်း လူ့အခွင့်ရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး ဂျပန်အနေနဲ့ အရင်မြန်မာစစ်အာဏာရှင် လက် ထက်တုန်းက ကလို ရှင်းရှင်းလင်းလင်း ထုတ်ဖေါ်ပြောဆိုမယ်ဆိုရင် မြန်မာအစိုးနဲ့ စစ်တပ်ဘက်က အပြောင်း အလဲတွေ လုပ်လာစေနိုင်မယ်လို့ မြင်ပါသလား။

“ဂျပန်က မြန်မာအပေါ် သြဇာလွှမ်းမိုးနိုင်မယ်တော့ မထင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာ အ သိုင်းဝိုင်းက လူ့အခွင့်ရေးအတွက် ပြောနေပေမယ့် အခြေခံအားဖြင့် ဂျပန်ကို မြန်မာအတွက် ဘာနှောင် ကြိုး မှ မပါပဲ အလှူငွေ အတော်ကြီးကြီးမားမား ပေးလာအောင် သူမက လုပ်နိုင်ပါတယ်။ တရုတ်ကိုလည်း သူမအနေနဲ့ ချဉ်းကပ်နိုင်ပေမယ့် အခြေနေဆိုးနိုင်တယ် ဆိုတာသူသိပါတယ်။ စစ်အာဏာရှင်လက်ထက်မှာ တရုတ်အပေါ် လုံးဝ အားကိုးနေရတာကို ပြည်သူကမကြိုက်ပါဘူး။ တရုတ်ပြည်တပိုင်း ဖြစ်နေပြီလို့ ပြည်သူ က ဝေဖန်လာကြ တာဟာ စစ်တပ်က မြန်မာနိုင်ငံကို ပြန်ဖွင့်ပေးခဲ့ရတဲ့ အဓိကအကြောင်းရင်းလည်း ဖြစ်ပါ တယ် ။ဒါကြောင့်မြန် မာ အစိုးရနဲ့ စစ်တပ်အတွက် ပြည်ပ အဓိကအားကိုးနိုင်တာက တရုတ်ပဲ ရှိတယ်ဆိုတာ သိထားရင် ဂျပန်ဟာ မြန်မာ့လူ့အခွင့်ရေး အတွက် ပြောဆိုရာမှာ အောင်မြင် နိုင် မယ်လို့ ထင်ပါတယ်။”

ဂျပန်အစိုးရက မြန်မာနိုင်ငံတွက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူညီတွေ ပေးနေတာပါ။ ရန်ကုန်မြို့ပြ ဖွံဖြိုး တိုးတက်ရေး စီမံကိန်း၊ ကရင်ပြည်နယ်က ပိုးထည်ထုတ်လုပ်ရေး လုပ်ငန်း၊ ရခိုင်ပြည်နယ်တွင်း လူသား ချင်း စာနာမှု ဆိုင်ရာ အကူညီတွေနဲ့ ပြည်နယ် ဖွံ့ဖြိုးရေး အကူညီတွေ ဆက်ပေးရေးနဲ့ ပတ်သက်ပြီး ဂျပန်ဝန်ကြီး ချုပ် ရဲ့ အထူးအကြံပေး ဟီရိုတို အိဇုမိနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ မတ်လ ထဲမှာပဲ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတာပါ။

ပဋိပက္ခတွေနဲ့ မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ ရခိုင်ပြည်နယ်အစိုးရက ဦးဆောင်ပြီး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နဲ့ ဂျပန်နိုင်ငံ ပြည်ပကုန်သွယ်ရေးအဖွဲ့ (JETRO) တို့ရဲ့ ပံ့ပိုးမှုနဲ့ ရခိုင်ပြည်နယ်မှာ လာရောက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ ဖိတ်ခေါ်ပွဲကိုလည်း ပထမဆုံးအကြိမ် အဖြစ် ဖေဖေါ်ဝါရီလတုန်းက ငပလီမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */