" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, October 2, 2023

စစ်ကောင်စီအတွက် ဒေါက်တာ အေးမောင်နှင့် ဒေါ်စန္ဒာမင်း တို့ ဂျပန်သွားစည်းရုံး

ဧရာဝတီ
2 October 2023

ဂျပန်လွှတ်တော်အမတ်များနှင့် တွေ့ဆုံခဲ့သည့် ဒေါ်စန္ဒာမင်း၊ ဒေါက်တာအေးမောင်

စစ်ကောင်စီ၏ လုပ်ဆောင်မှုများနှင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုကို အားပေးထောက်ခံရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ဟောင်း ဒေါ်စန္ဒာမင်းနှင့် ရခိုင့် ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ တို့ ဂျပန်လွှတ် တော် အမတ်အချို့နှင့် တွေ့ဆုံကာ စည်းရုံးပြောဆိုခဲ့ကြောင်း ဂျပန်နိုင်ငံရောက် ဒီမိုကရေစီ အရေး တက်ကြွလှုပ် ရှားသူများက ပြောသည်။
အဆိုပါ ခရီးစဉ်တွင် ဒေါ်စန္ဒာမင်း၊ ဒေါက်တာ အေးမောင်တို့နှင့်အတူ Neo Politics News (NP News) တည် ထောင်သူ ကိုကျော်မျိုးမင်း လည်း ပါဝင်ပြီး စက်တင်ဘာ ၁၉ ရက်က ဂျပန်- မြန်မာလွှတ်တော်အမတ်များ သမ ဂ္ဂ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အပါအဝင် မြန်မာ့အရေး ဆောင်ရွက်နေသည့် ဂျပန် လွှတ်တော်အမတ်တချို့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ဂျပန် လွှတ်တော်အမတ်များနှင့် တွေ့ဆုံစဉ် မြန်မာပြည်တွင်း မတည်ငြိမ်မှုများနှင့်ပတ်သက်၍ ဒီမိုကရေစီအင် အားစု များအား အပြစ်တင်ခဲ့ပြီး၊ နိုင်ငံရေး အကျပ်အတည်း ထွက်ပေါက်အနေဖြင့် ရွေးကောက်ပွဲ ကျင်းပရန်လို သည်ဟု ၎င်းတို့က ပြောဆိုခဲ့ကြောင်း ဂျပန်နိုင်ငံရောက် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကိုသန့်က ပြော သည်။

၎င်းက “ရွေးကောက်ပွဲ လမ်းကြောင်းကို လွှတ်တော်အမတ်တွေကတဆင့် ဂျပန်အစိုးရကို တိုက်တွန်းပေးဖို့ သူတို့ လော်ဘီလုပ်သွားတယ် သိရတယ်။ နောက်တခုက အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ် တော် ကိုယ်စားပြု ကော်မတီ (CRPH) ၊ PDF ဒီဟာတွေက မြန်မာပြည်ထဲမှာ အကြမ်းဖက်မှုတွေ လုပ်နေတယ် ဆိုပြီး လီဆယ်တိုင်တန်းသွားတယ်။ ပြည်ပကနေ မြန်မာပြည်အရေးကို ကူညီဆောင်ရွက်ပေးနေသူတွေက အ ကြမ်းဖက်မှုကို အားပေးနေတဲ့သူတွေပေါ့နော်။ အကြမ်းဖက်မှုတွေဖြစ်အောင် ကူညီထောက်ပံ့နေတာဖြစ်လို့ ဒါ တွေကို စစ်ဆေးအရေး ယူပေးပါ ဆိုပြီးလည်း တိုင်တန်းသွားတယ်” ဟု ပြောသည်။

ယင်းပြင် ၎င်းတို့အနေဖြင့် စစ်ကောင်စီက ဖန်တီးထုတ်ဝေထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ထွက်ဆိုချက်  များ ဆိုသော အကြောင်းအရာနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)များကျူးလွန်သည့်အကြမ်းဖက်မှုများ ဟုဆိုကာ ပုံနှိပ်ဖော်ပြထားသည့် စာစောင်တို့ကိုလည်း လွှတ်တော်အမတ်များထံပေးခဲ့ကြောင်းလည်း သိရသည်။

ဒေါ်စန္ဒာမင်း၊ ဒေါက်တာ အေးမောင်နှင့် ကိုကျော်မျိုးမင်းတို့အား ယခုကဲ့သို့ ဂျပန်လွှတ်တော်အမတ်များနှင့် တွေ့ ဆုံ ဆွေးနွေးနိုင်ရန် လုပ်ဆောင်ပေးခဲ့သူမှာ မြန်မာလုပ်ငန်းရှင် ဦးသန်းနိုင်ဆိုသူ ပါဝင်ဖွဲ့စည်းထားသည့် ဂျပန်-မြန်မာ ချစ်ကြည်ရေး တိုးမြှင့်မှုအသင်း (Japan- Myanmar Exchange Promotion Association) မှ ကူညီ ထောက်ပံ့ ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း ကိုသန့်က ဆိုသည်။

ဒေါက်တာ အေးမောင်၊ ဒေါ်စန္ဒာမင်း၊ ကိုကျော်မျိုးမင်းတို့သည် ဂျပန်အမတ်များနှင့်တွေ့၍မြန်မာနိုင်ငံမတည်ငြိမ် မှုများ အတွက် ဒီမိုကရေစီခုခံကာကွယ်သူများကို အပြစ်တင်ပြီး၊ စစ်ကောင်စီ၏ ရွေးကောက်ပွဲကို လော်ဘီ ပြု လုပ်ခဲ့ကြောင်း တိုကျိုရှင်ဘွန်းသတင်းဌာနမှ သတင်းထောက် မစ္စတာ ရှီဂဲဖုမိကီတာဂါဝါကလည်း စက်တင်ဘာ ၂၄ ရက်က တွစ် တာတွင် ရေးသားထားသည်။

ယခုကဲ့သို့ ဂျပန်နိုင်ငံသို့ သွားရောက်ကာ လွှတ်တော်အမတ်တချို့နှင့် တွေ့ဆုံပြီး စစ်ကောင်စီကျင်းပမည့် ရွေး ကောက်ပွဲကို အားပေးထောက်ခံရန် ပြောဆိုခဲ့သည့် အကြောင်းအရာနှင့် ပတ်သက်၍ ဒေါ်စန္ဒမင်းနှင့် ဒေါက်တာ အေးမောင်တို့ထံ ဧရာဝတီက အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပေ။

ဂျပန်နိုင်ငံသို့ သွားရောက်သည့်ခရီးစဉ်မှာ မိုခါမုန်တိုင်းနှင့်ပတ်သက်ပြီး အကူအညီပေးရေးသာ ဆွေးနွေးခဲ့ကြ ခြင်း ဖြစ်ကြောင်း ဒေါက်တာ အေးမောင်က Myanmar Now သတင်းဌာနအား ဖြေကြားထားပြီး NUG အပေါ် စွပ်စွဲ ပြော ကြားမှုနှင့် ပတ်သက်၍ မေးမြန်းမှုကိုမူ တိတိကျကျ တုံ့ပြန်ဖြေဆိုခြင်း မရှိခဲ့ပေ။

ဒေါ်စန္ဒာမင်းသည်၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့်၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် NLD ကိုယ် စားပြုကာ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်သည်။ ပြီးခဲ့သည့်၂၀၂၀ အထွေထွေ ရွေး ကောက်ပွဲတွင်မူ ၎င်းအား လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် NLD ပါတီက ရွေးချယ်ခြင်း မရှိခဲ့ပေ။

စစ်တပ် အာဏာသိမ်းပြီးနောက်တွင်မူ ပြည်သူ့ဆန္ဒအား လေးစားလိုက်နာမှု မရှိခြင်း၊ ပါတီ၏ ရပ်တည်ချက်ကို ဆန့်ကျင်ကာ ပါတီအမည် အလွဲသုံးစားလုပ်ခြင်း၊ စစ်အာဏာရှင် အလိုကျလိုက်နာကာ ကိုယ်ကျိုးရှာ လုပ်ဆောင် မှု များရှိကြောင်း အကြောင်းပြချက်များဖြင့် ဒေါ်စန္ဒာမင်းအား NLD ပါတီဝင်အဖြစ်မှ အပြီးအပိုင် ထုတ်ပယ်ခဲ့ သည်။

ရခိုင်နိုင်ငံရေးသမား တဦးဖြစ်သူ ဒေါက်တာအေးမောင်သည်၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရကာ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲသည်။၂၀၁၈ ခုနှစ်တွင်မူ ၎င်းကို နိုင်ငံတော် ပုန်ကန်မှုဖြင့် စစ်တပ်၏ တရားစွဲဆိုခြင်းခံရပြီး ထောင်ဒဏ် နှစ်ရှည်ချမှတ်ခံခဲ့ရသည်။

သို့သော် စစ်တပ်က အာဏာသိမ်းအပြီး ရက်ပိုင်းအကြာ၌ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှပြန်လည် လွတ် မြောက်ခဲ့ပြီး လက်ရှိ စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်တွင် ၎င်း၏ ရခိုင့်ဦးဆောင်ပါတီ (AFP) အား ပြန်လည် မှတ်ပုံတင်ထားသည်။

၎င်းတို့၏ ဂျပန်ခရီးစဉ်တွင် ပါဝင်ခဲ့သည့် ကိုကျော်မျိုးမင်းဆိုသူသည် ယခင်က ပြည်မြန်မာဂျာနယ်တွင် သတင်း ထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် အကုန်သိသတင်းဌာနအား ဦးဆောင်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

လက်ရှိတွင် NP News အမည်ရှိ သတင်းဌာနတည်ထောင်ကာ စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းများအား ဦးစား ပေး ဖော်ပြနေပြီး NUG နှင့် PDF တို့အား အကြမ်းဖက်ပုံသဏ္ဍာန် ပုံဖော်ပြောဆိုလေ့ရှိသူတဦးလည်း ဖြစ်သည်။ ဂျပန်ခရီးစဉ်အတွင်း ၎င်းဖြန့်ဝေပေးခဲ့သည့် လိပ်စာကတ်တွင်မူ MYTHICAL MYANMAR Co.,LTD ၏ ဒါရိုက်တာ တဦး အနေဖြင့် ဖော်ပြထားသည်ကို တွေ့ရသည်။

You may also like these stories:

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */