" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, November 16, 2023

ဂါဇာစစ်ပွဲ ခေတ္တရပ်နားထားရန် ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်

DVB
November 16, 2023

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ဂါဇာဒေသမှာ အကူအညီတွေ ပေးပို့ရရှိနိုင်အောင် လူသားချင်း စာနာမှုအနေနဲ့ စစ်ပွဲတွေကို ရက်အလုံအလောက် ခေတ္တခဏ ရပ်နားပေးဖို့နဲ့ စင်္ကြံတွေကနေ ဘေး ကင်းကင်း ဖြတ်သန်းနိုင်အောင် အရေးပေါ် သက်တမ်းတိုးပေးဖို့ ဆုံးဖြတ်ချက်တရပ်ကို နိုဝင်ဘာ ၁၅ ရက်က ချမှတ်ခဲ့ပါတယ်။

မော်လ်တာနိုင်ငံက ကမကထပြုရေးဆွဲတဲ့ ဆုံးဖြတ်ချက်အပေါ် လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာရှိ တဲ့ အမေရိကန်၊ ရုရှားနဲ့ ဗြိတိန်တို့က မဲမပေးဘဲ ကြားနေခဲ့ပြီး ကျန်တဲ့ အဖွဲ့ဝင် ၁၂ နိုင်ငံက ထောက်ခံမဲ ပေးခဲ့ပါတယ်။

အဲဒီဆုံးဖြတ်ချက်ကို မဲမခွဲခင်မှာ အခုချက်ချင်း ရေရှည်တည်တံ့ပြီး ရန်လိုမှုတွေကို ရပ်တန့်သွားစေ မယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားတဲ့ စာသား တွေ မပါဝင်လို့ဆိုပြီး ရုရှားသံအမတ်က နှုတ်အားဖြင့် ပြင်ဆင်ချက် တင်သွင်းခဲ့ပါသေးတယ်။

အဲဒီလိုစာသားတွေ မပါရှိတာကြောင့် ရုရှားက မထောက်ခံခဲ့တာဖြစ်ကြောင်း ကုလဆိုင်ရာ ရုရှားသံ အမတ်ကြီး ဗာစီလီ နေဘန်ဇီယာက ကောင်စီမှာ ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် ကျန်းဂျန်း ကတော့ ကောင်စီအနေနဲ့ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို စောစောပိုင်းကတည်းက ချမှတ်ထားသင့်တယ်လို့ ပြော ဆိုပါတယ်။

ဒါပေမဲ့လည်း အပစ်အခတ်ရပ်စဲရေးရဲ့ ကနဦးခြေလှမ်းအဖြစ် အပြုသဘောဆောင်တဲ့ ဆုံးဖြတ်ချက်နဲ့ လူ့အသက်တွေကို ကယ်တင်ဖို့ အနိမ့်ဆုံး တောင်းဆိုချက်တခုအနေနဲ့ အပြုသဘောဆောင် တာ ကြောင့် ပိုကြီးမားတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ ကပ်ဆိုးတွေကို ရှောင် ရှားနိုင်အောင် ကူညီပေးနိုင်မယ်လို့လည်း ပြောပါတယ်။

Source/Photo-Reuters

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */