Wednesday, August 2, 2023

ကုလလုံခြုံရေးကောင်စီအလှည့်ကျဥက္ကဋ္ဌ ရိုဟင်ဂျာအရေး အပါ လူ့အခွင့်အရေးဦးစားပေးမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၂ ဩဂုတ်၊ ၂၀၂၃ 

ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ်-ဂရင်းဖီးလ် (Linda Thomas-Greenfield)
 

အခု သြဂုတ်လအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အမေရိကန်နိုင်ငံကဆောင် ရွက် မှာဖြစ်ပြီး ဒီကာလအတွင်း မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးနဲ့ လူ့အခွင့်အရေးအခြေအနေတွေအပါအဝင် နိုင် ငံ တကာက အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို အလေးပေးဆောင်ရွက်သွားမယ်လို့ ကုလဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါ သောမတ်စ်-ဂရင်းဖီးလ် (Linda Thomas-Greenfield) က အင်္ဂါနေ့မှာကျင်းပတဲ့ သတင်း စာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ရိုဟင်ဂျာတွေရဲ့အခြေအနေကို ကောင်းကောင်း သိရှိပြီး ရိုဟင်ဂျာအရေး ဖြေ ရှင်းနိုင်ဖို့ ကုလသမဂ္ဂနဲ့ လက်တွဲလုပ်ဆောင်နေကြောင်းနဲ့ သူကိုယ်တိုင်လည်း ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည် စခန်းတွေကို သွားရောက်ဖို့လည်းရှိတယ်လို့ သံအမတ်ကြီး လင်ဒါ သောမတ်စ်-ဂရင်းဖီးလ်က ပြောပါတယ်။ ဒီခရီး စဉ်ကနေ လုံခြုံရေးကောင်စီကို ရိုဟင်ဂျာအရေး မီးမောင်းထိုး တင်ပြနိုင်ဖို့ မျှော်လင့်တယ်လို့လည်း အမေရိကန်သံ အမတ်ကြီးက ပြောပါတယ်။

ရိုဟင်ဂျာတွေကို လက်ခံပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း ကျေးဇူးတင်ကြောင်းပြောခဲ့ပြီး ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေနဲ့လည်း လက်တွဲပြီး ရိုဟင်ဂျာတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ်လို့ ဆိုပါတယ်။ လက် ရှိမှာလည်း အမေရိကန်ဟာ ရိုဟင်ဂျာတွေအတွက် အဓိကကူညီပေးနေတဲ့နိုင်ငံဖြစ်ပြီး တခြား အလှူရှင်နိုင်ငံ တွေ ကိုလည်း ရိုဟင်ဂျာတွေအတွက် အကူအညီတွေ ပိုပေးဖို့ သံအမတ်ကြီး သောမတ်စ် -ဂရင်းဖီးလ်က တောင်းဆိုခဲ့ ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေအပါအဝင် ယူကရိန်း၊ ယီမင်၊ ဆူဒန် အစရှိတဲ့ ကမ္ဘာ့တ ဝန်း က လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ အကြောင်းကို ဩဂုတ်လ ၂၁ ရက်နေ့မှာ ကျင်းပမယ့် လုံခြုံရေး ကောင် စီ အစည်းအဝေးမှာတင်မဟုတ်ဘဲ တခြား ဆွေးနွေးပွဲတွေမှာလည်း ထည့်သွင်း ဆွေးနွေးသွားမယ်လို့ကုလ သမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ်-ဂရင်းဖီးလ်က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါ တယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */