" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, September 12, 2020

ရခိုင်နဲ့ ချင်းမှာ တိုက်ပွဲတွေရပ်ဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် အများစု တောင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
12 စက်တင်ဘာ၊ 2020 
ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဒေသခံရွာသားများ။ (ဇွန် ၂၉၊ ၂၀၂၀)

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အကြား တိုက်ခိုက်နေကြတာကို ချက်ချင်းရပ်ဆိုင်းဖို့ ကုလ သမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် အများစုက တောင်းဆိုလိုက်ကြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Christine Schraner Burgener၊ လူ့အခွင့်အရေးဆိုင်ရာ ကုလ သမဂ္ဂ မဟာမင်းကြီး Filippo Grandi၊ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) ရဲ့ အာရှနဲ့ ပစိဖိတ ဒေ သ ဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Kanni Wignaraja တို့ စက်တင်ဘာလ ၁၁ ရက်နေ့က လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တင်ပြပြောဆိုခဲ့ကြပြီးတဲ့နောက် အခုလို တောင်းဆိုလိုက်တာပါ။

ဘယ်လ်ဂျီယံ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ အက်စ်တိုးနီးယား၊ပြင်သစ်၊ ဂျာမနီ၊ တူနီးရှား၊ဗြိတိန်နဲ့ အမေရိကနပြည်ထောင် စု တို့က စက်တင်ဘာလ ၁၁ ရက်နေ့စွဲနဲ့ ပူးတွဲတောင်းဆိုချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ တိုက်ပွဲတွေကြောင့် ဒေသခံလူထု သေဆုံး ဒဏ်ရာရတာတွေ ကြီးမားလွန်းနေပြီး ရခိုင် ပြည်နယ်မှာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု ပိုများလာနေချိန်မှာ တိုက်ပွဲတွေရပ်ဖို့ ပိုပြီး အ ရေး ပေါ်အခြေအနေ ဖြစ်လာတယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မြန်မာစစ်ဘက်ရဲ့ အင်အားသုံး လုပ်ရပ်တွေကြောင့် လွန်ခဲ့တဲ့သုံးနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင် ဂျာမွတ်စလင် ၇၀၀,၀၀၀ ကျော် ထွက်ပြေးသွားခဲ့ရတဲ့ ဖြစ်ရပ်ရဲ့ ရေရှည်အကြောင်းရင်းတွေကို ဖြေရှင်းတာ မှာ အရှိန်မြှင့် လုပ်ဆောင်ဖို့လည်း လုံခြုံရေးကောင်စီအဖွဲ့ဝင် ၈ နိုင်ငံက တောင်းဆိုထားပါတယ်။ မြန်မာ အစိုးရကတော့ ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို အသိအမှတ် မပြုပါဘူး။

ရခိုင်အရေး အကြံပေးကော်မရှင်နဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့ရဲ့ အကြံပြုချက် တွေ ကို ပွင့်လင်းမြင်သာပြီး ယုံကြည်ရလောက်တဲ့ အစီအစဉ်တွေ ချမှတ်အကောင်အထည်ဖော်ဖို့လည်း ဒီ ၈ နိုင်ငံက တိုက်တွန်းထားပါတယ်။

SEE ALSO:
ရခိုင်ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေတဲ့အပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း ကုလဌာနေကိုယ်စားလှယ်ပြော 
 
ရိုဟင်ဂျာလူထုအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်တွေ မကျူးလွန်ရေး တားဆီးဖို့ လုပ်နိုင်တဲ့ နည်းလမ်းမှန်သမျှနဲ့ လုပ်ဆောင်ရေး နိုင်ငံတကာ တရားခုံရုံး (ICJ) က ဆုံးဖြတ်ထားတဲ့အတိုင်း မြန်မာနိုင် ငံအနေနဲ့ လိုက်နာလုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ၈ နိုင်ငံ ပူးတွဲထုတ်ပြန်ချက်မှာ ထောက်ပြထား ပါတယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်းချက်တွေကို အသိအမှတ်ပြုကြောင်းနဲ့ နို ဝင်ဘာ လ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးမှာ အရေးပါ တဲ့ မှတ်တိုင်တခုဖြစ်ပြီးတော့ ဒီအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ရန်ပုံငွေနဲ့ နည်းပညာပိုင်း အကူအ ညီတွေ ပေးအပ်ထားတယ်လို့လည်း "မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အခိုင်အမာ ထောက်ခံ သူများ" လို့ သူတို့ကိုယ်သူတို့ ကင်ပွန်းတပ်ခေါ်ဆိုထားတဲ့ ဒီ ၈ နိုင်ငံက ပြောပါတယ်။

"ရိုဟင်ဂျာတွေ အပါအဝင် လူမှုအဝန်းအဝိုင်းအားလုံး အနေနဲ့ ယုံကြည်ရပြီး အားလုံးပါဝင်နိုင်တဲ့ ရွေး ကောက်ပွဲတွေမှာ ဘေးကင်းလုံခြုံစွာနဲ့ အပြည့်အဝ တန်းတူရည်တူ ပါဝင်ခွင့်ရဖို့ အရေးကြီးတယ်ဆိုတာ မိမိတို့ အလေးထား ပြောလိုပါတယ်" လို့ ၈ နိုင်ငံ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */