Friday, March 31, 2023

ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ် ဆိုင်းငံ့ဖို့ HRW တိုက်တွန်း

RFA
RFA Burmese
2023.03.31

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘာလုခါလီရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ခိုလှုံနေသည့် ကလေးငယ်အချို့အား ၂ဝ၂၂ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့က တွေ့ရစဉ်။ MUNIR UZ ZAMAN / AFP

စစ်အာဏာရှင်လက်ထက် ရိုဟင်ဂျာတွေကို မြန်မာပြည်ကို နေရပ်ပြန်ပို့ခြင်းဟာ သူတို့ရဲ့ အသက်ရှင်သန်ခွင့်နဲ့ လွတ်လပ်ခွင့်တွေ အန္တရာယ်ရှိနေတဲ့အတွက် ဒီရိုဟင်ဂျာဒုက္ခသည် တွေကို မြန်မာနိုင်ငံကို ပြန်ပို့မယ့်အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဆိုင်းငံ့ထားသင့်တယ်လို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က ပြောလိုက်ပါတယ်။

ရိုဟင်ဂျာတွေ မိမိဆန္ဒအလျောက် နေရပ်ပြန်ရေး၊ သူတို့တွေအတွက် လုံခြုံရေးနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးတွေ ဟာ လက်ရှိ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံနဲ့အဝှမ်း လူအစုအပြုံလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတာတွေနဲ့ ရခိုင်ပြည်နယ်မှာ အသားအရောင် ခွဲခြားမှုတွေကြောင့် လက်တလော မဖြစ်နိုင်သေးကြောင်း HRW ရဲ့ တောင် အာရှ ညွှန်ကြားရေးမှုး Meenakshin Ganguly က ပြောပါတယ်။

စစ်ကောင်စီအစီအစဉ်နဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်လိုသူ နည်းပါး

RFA
RFA Burmese
2023.03.31


မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာခဲ့ကြသည့် ငါးနှစ်မြောက်နှစ်ပတ်လည်နေ့မှာ ဘင်္ဂလားဒေ့ရှ်၊ Kutupalong ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြသူများ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့က ဆန္ဒပြကြစဉ်။
REUTERS
 

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ထဲ က ဒုက္ခသည် ၁၅၀၀ ကို ရှေ့ပြေးစီမံချက်အနေနဲ့ ပြန်လည်လက်ခံမယ့် စစ်ကောင်စီရဲ့အစီအစဉ်မှာ ပြန်လာ မယ့် သူ မရှိသလောက် နည်းပါးနေတယ်လို့ ရိုဟင်ဂျာတွေက RFA ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ ပြန်လည်လက်ခံရေးအစီအစဉ်မှာ ရိုဟင်ဂျာတွေကို မူလနေရာမှာ ပြန်လည်နေရာချထားဖို့နဲ့ နိုင်ငံ သားဖြစ်ခွင့်ပေးဖို့နဲ့ လွတ်လပ်စွာသွားလာခွင့်စတဲ့ အာမခံချက်တွေ မရှိတာကြောင့်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေပြန်ပို့ရေး ဆိုင်းထားဖို့ ဘင်္ဂလားဒေရှ့်ကို HRW တောင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၃၁ မတ်၊ ၂၀၂၃ 

 ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းအတွင်းက စားနပ်ရိက္ခာလာရောက်ထုတ်ယူနေတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၊ ၂၀၂၃)
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုရင် လုံခြုံရေးအတွက် အန္တရာယ်ရှိတဲ့ အတွက် ဒုက္ခသည်ပြန်ပို့ရေး အစပျိုးအစီအစဉ်ကို ရပ်ဆိုင်းဖို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။

ယနေ့သတင်း (အမြန်ရှာရန်) 2023 မတ်လ

ရက်စွဲအလိုက် သတင်းများကို ဤနေရာတွင် ဝင်ရောက် ရှာဖွေနိုင်ပါ သည်။ ( ကလစ်လုပ်ပြီး ဖတ်ရှုရန် ) 

31.03.2023  သောကြာနေ့မြန်မာသတင်းနှင့် နိုင်ငံတကာ သတင်းများ

BBC သတင်းများ

ပဋိပက္ခတွေကြောင့် မြန်မာ့စီးပွားရေး ဆိုးဆိုးရွားရွား ကျဆင်းတယ်လို့ ကမ္ဘာ့ဘဏ်ပြော- 

နိုင်ငံတကာ အဝတ်အထည်ကုမ္ပဏီကြီးတွေ မြန်မာကနေ ထပ်မံထပ်ခွာ  

KNU နယ်မြေကို ကိုင်တွယ်တဲ့ ကစထမှူး အလဲခံရ  

ကမာရွတ်မြို့နယ် ၄ ရပ်ကွက်က NLD ပါတီရုံးခန်း ဆိုင်းဘုတ်ကို စစ်ကောင်စီ လာဖြုတ် 

NLD နဲ့ပါတီ ၄၀ ဖျက်သိမ်းခံရမှု အမေရိကန်၊ ဂျပန်နဲ့ သြစတြေးလျ တို့ကရော ဘယ်လိုတုံ့ပြန်သလဲ 

ရွေးကောက်ပွဲအတွက် မဲပုံး၊ မင်ဘူး၊ လုံခြုံရေးကြိုးအပါအဝင် ပစ္စည်း ၁၀ မျိုး တင်ဒါခေါ်ယူထားတာကို ပယ်ဖျက် ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင် ထုတ်ပြန် 

အထက်တန်းကျောင်းသူတစ်ဦးကို စစ်ကောင်စီ ထောင်သုံးနှစ်ချ 

NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းကို အကြမ်းဖက်မှုပုဒ်မနဲ့ စစ်ကောင်စီထောင်ထပ်ချ 

Project DragonFly ရန်ပုံငွေတွေကို လေကြောင်း ကာကွယ်ရေးအတွက်အဓိကလျာထားသုံးစွဲနေတယ်လို့ NUG ထုတ်ပြန် 

NLD ပါတီအပါအဝင် ပါတီ ၄၀ ကိုဖျက်သိမ်းတာဟာ မြန်မာပြည်သူတွေရဲ့အခွင့်အရေးနဲ့လွတ်လပ်ခွင့်ကို ထပ်မံ စော်ကားတဲ့လုပ်ရပ်လို့ ဗြိတိန်အစိုးရပြော 

သာကေတမြို့နယ် ၆ ရပ်ကွက်မှာ လျှပ်စစ် နေ့စားဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံး 

သင်္ကြန်ပိတ်ရက်ရှည် ဟိုတယ်ခန်းမှာယူမှု ပြည်တွင်းခရီးသွားတွေနဲ့ ပြည့် 

မျက်နှာဖတ်ဉာဏ်တုနည်းပညာနဲ့လူ့အခွင့်အရေး 

ထန်တလန်အနီး လေကြောင်းတိုက်ခိုက်မှု ကလေးသုံးဦး အပါအဝင် ၁၀ ဦးသေဆုံး 

အာဖဂန်နစ္စတန်- “ကောင်လေးတွေ ကျောင်းသွားတာတွေ့ရင် အရမ်းဝမ်းနည်းရတယ်” 

ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေကို အေအေနဲ့ ဆက်သွယ်တာရပ်ဖို့ စစ်ကောင်စီ ဖိအားပေး 

RFA သတင်းများ

စစ်ကောင်စီအစီအစဉ်နဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်လိုသူနည်းပါး 

ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ် ဆိုင်းငံ့ဖို့ HRW တိုက်တွန်း

မြန်မာ့စီးပွားရေး ဆိုးဆိုးဝါးဝါးကျဆင်းနေကြောင်း ကမ္ဘာ့ဘဏ် ထုတ်ပြန် 

စစ်ကောင်စီနဲ့ စီးပွားရေးမလုပ်ဖို့ ထိုင်းရေနံကုမ္ပဏီ PTTEP ဖိအားပေးခံနေရ

တစ်မြို့လုံးပျက်စီးနေတဲ့ ထန်တလန်ကို လေကြောင်းက ဆက်တိုက်ခိုက်နေ 

ဆောက စစ်ဘေးဒုက္ခသည်စခန်း မီးရှို့ခံရပြီး သံဃာတစ်ပါးနဲ့ လူတစ်ဦး အဖမ်းခံရ

ကမာရွတ်မြို့နယ် NLD ပါတီဆိုင်းဘုတ် စစ်ကောင်စီ ဖြုတ်သိမ်း 

ထီးဖိုးကလိုးရွာ စာသင်ကျောင်း လေကြောင်းကနေ ပစ်ခတ်ခံရလို့ အမျိုးသားတစ်ဦးသေဆုံး

မြန်မာနိုင်ငံမှာ လေအားလျှပ်စစ်ထုတ်လုပ်ရေး နေရာသုံးခုကို ရုရှားအဆိုပြု 

ဖားကန့် ကာမိုင်းစစ်ကောင်စီတပ်ဂိတ်မှာ ကားသမားတစ်ဦးပစ်သတ်ခံရ

မိုးညှင်း NLD အမျိုးသမီးအမတ် ထောင် ၁၁ နှစ်ထပ်ချခံရ 

ဗကသအဖွဲ့ဝင် အထက်တန်းကျောင်းသူ ထောင်သုံးနှစ် ချခံရ 

ထီးချိုင့်မှာ ဗုံးသီးပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦး သေဆုံး 

NUG ကို ကူညီတဲ့ EAO တွေကို စစ်ကောင်စီ အပြတ်ချေမှုန်းနိုင်မလား 

တိုးတိုးတိတ်တိတ်သာ ပျော်ရွှင်ဖို့ ကာတွန်းပိုစတာနဲ့ လှုပ်ရှား 

မြောင်ပြည်သူ့တပ်မတော်ခေါင်းဆောင် ခေါင်းဖြတ်အသတ်ခံရ 

နိုင်ငံရေးပါတီတွေ ဖျက်သိမ်းခံရမှုကို စိုးရိမ်ကြောင်း ကုလသမဂ္ဂ ပြော 

မီးလောင်ဗုံးအသစ်တွေ စစ်ကောင်စီ စမ်းသပ်နေ 

စလင်းမြို့နယ်က ကင်မွန်းချုံရွာလုံးကျွတ်နီးပါး မီးရှို့ခံရ 

ထီးချိုင့်မြို့နယ်က ရွာနှစ်ရွာ မီးရှို့ခံရ 

နိုင်ငံရေးပါတီတွေကိုဖျက်သိမ်းမှု ဖွဲ့စည်းပုံနဲ့မညီကြောင်း ဥပဒေပညာရှင်တွေ ထောက်ပြ 

ရွှေကူမြို့နယ်မှာ တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံ ၃၀ ကျော် အဖမ်းခံထားရ 

ပင်လောင်းဒေသ သုံးလအတွင်း ၃၃ ဦး သေဆုံးပြီး ငါးထောင်ကျော် ထွက်ပြေးနေရ 

ရခိုင်အရပ်ဘက်အဖွဲ့တွေကို လက်နက်ကိုင်တွေနဲ့မပတ်သက်ဖို့ စစ်ကောင်စီ သတိပေး 

ထန်တလန် ခွာဖိုရွာ လေကြောင်းဗုံးကြဲခံရပြီး ဒေသခံ ၁၀ ဦးသေဆုံး၊ ၂၀ ဦးဒဏ်ရာရ 

ပန်းပင်ကြီးလမ်းမှာ ဖမ်းဆီးခံရသူတွေထဲ ၁၃ ဦး အလုပ်ကြမ်းနဲ့ ထောင်သုံးနှစ်စီချခံရ 

VOA သတင်းများ

ရာဇဝတ်မှုတွေနဲ့ ရင်ဆိုင်ရမယ့် ပထမဆုံးအမေရိကန်သမ္မတဟောင်းထရမ့်ပ် 

အခုနှစ်အတွက် မြန်မာ့စီးပွား ဖွံ့ဖြိုးမှုနှုန်း ၃% သာရှိမည် (ကမ္ဘာ့ဘဏ်)  

ဒီးမော့ဆိုအနီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေ၊ ၃ ဦး ဒဏ်ရာရ 

အိန္ဒိယဘာသာရေးပွဲ လူပြိုမှု ၃၅ ဦးထက်မနည်းသေဆုံး  

ထောင်ကျနေတဲ့ မလေးဝန်ကြီးချုပ်ဟောင်းရဲ့ အယူခံအားလုံးပယ်ချခံရ

ရိုဟင်ဂျာတွေပြန်ပို့ရေး ဆိုင်းထားဖို့ ဘင်္ဂလားဒေရှ့်ကို HRW တောင်းဆို  

နေတိုးအဖွဲ့ထဲ ဖင်လန်ဝင်ရောက်ခွင့် အဖွဲ့ဝင်အားလုံးအတည်ပြု 

စစ်ကောင်စီ နယ်မြေရှင်းလင်းရေးအတွင်း ရေဦးမြို့အနီးက ဒေသခံ ၂ ဦး ကျည်ဆံထိမှန်  

ကချင် ရွှေကူမှာ KIA-PDF ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီ တိုက်ပွဲပြင်းထန်နေ

AI ဉာဏ်ရည်တု နည်းပညာကဏ္ဍ ၆ လဆိုင်းငံဖို့ ပညာရှင်တွေ တောင်းဆို  

New Light of Myanmar ( English Newspaper ) March, 2023

Global New Light of Myanmar

 31.03.2023   

ယနေ့သတင်းစာများ ( ကြေးမုံ+ မြန်မာ့အလင်း ) မတ်လ ၊၂၀၂၃

March 2023 Myanmar Light newspaper

31.03.2023 

Wednesday, March 29, 2023

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ အသက် အန္တရာယ်ခြိမ်းခြောက်ခံနေရ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.03.28 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘာလုခါလီဒုက္ခသည်စခန်းမှ ရိုဟင်ဂျာဒုက္ခသည်တချို့အား ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။  Reuters
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ လက်နက်ကိုင်အဖွဲ့တွေက စခန်းအတွင်းနေ ထိုင် သူတွေကို ဥပဒေမဲ့ဖမ်းဆီးသတ်ဖြတ်နေလို့ ဒုက္ခသည်တွေဟာ အသက်အိုးအိမ်လုံခြုံရေးကို နေ့စဉ်စိုးရိမ်နေ ရပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက လုံခြုံရေးကို ဖိဖိစီးစီးဆောင်ရွက်ပြီး ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူ ပေးဖို့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဒုက္ခသည်တွေ အသက်အန္တရာယ်လုံခြုံရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရကို ဖိအားပေးတောင်းဆိုဖို့ ရိုဟင်ဂျာတွေက လိုလားနေပါတယ်။

Tuesday, March 28, 2023

A Road to Nowhere: The Myanmar Regime’s Stage-managed Elections

 

 

 28 March 2023


Two years after carrying out a coup, Myanmar’s generals are planning elections to entrench their role in politics. Amid the widespread resistance to their regime, the polls are bound to intensify armed conflict. Yet there are several ways to keep electoral violence to a minimum.
 

What’s new? The military regime in Myanmar has started laying the groundwork for elections, passing a new party registration law and updating the voter list. But with most of the country engulfed in civil war, and most citizens opposed to the exercise, no regime-run vote can be credible.

နေ့စဉ် ရေဒီယိုသတင်း (အသံဖိုင် ) မတ်လ၊ ၂၀၂၃


အသံဖိုင်များကို " နံနက်ပိုင်း/ ညနေပိုင်း" တွင်ကလစ်နှိပ်၍ နားဆင် နိုင်ပါ သည်။

အောက်ဖေါ်ပြပါ ကော်လံများရှိ အသံဖိုင်များကို သတင်းနားဆင်ရန် လင့်တွင် ကလစ်လုပ်၍ နားဆင် နိုင်ပါသည်

ရက်စွဲ့သတင်းဌာန
နံနက်ပိုင်းအစီအစဉ်
ညနေပိုင်းအစီအစဥ်
31.03.2023VOA
VOA
VOA
31.03.2023
BBC
-BBC Youtube
BBC
 31.03.2023
RFA
RFA
RFA

Rohingya campaigners condemn Myanmar’s ‘opaque’ repatriation plan

Aljazeera
By Al Jazeera Staff
Published On 23 Mar 2023
23 Mar 2023

Rights campaigners call the ruling military’s pilot project to repatriate the persecuted ethnic Muslim minority a ‘PR campaign’.
Nearly 800,000 Rohingya fled their homeland in Myanmar in 2017 after a brutal military crackdown [File: Showkat Shafi/Al Jazeera]
 

The Myanmar military’s “pilot project” to repatriate about 1,000 Rohingya refugees from Bangladesh has been met with scepticism, with rights campaigners calling it a “PR campaign”.

Nearly 200 Rohingya refugees land in western Indonesia after swimming to shore from boat

South China Morning Post
Agence France-Presse
Published: 8:27pm, 27 Mar, 2023


  • The refugees, trying to reach Malaysia from Myanmar, said they were dropped offshore and told to swim to land by the boat’s captain
  • Thousands of the mostly Rohingya Muslims risk their lives each year on long and expensive sea journeys to reach Malaysia or Indonesia

Ethic Rohingya men rest inside a mosque that is turned into a temporary shelter after they land in Kuala Matang Peulawi, Aceh province, Indonesia on March 27, 2023. Photo: AP

At least 184 Rohingya refugees, including many women and children, landed in Indonesia’s westernmost province on Monday, officials said, after they were dropped at sea by boat and made to swim ashore.
Thousands of the mostly Rohingya Muslims, heavily persecuted in Myanmar, risk their lives each year on long and expensive sea journeys, often in poor-quality boats, in an attempt to reach Malaysia or Indonesia.

Report: Rohingya refugee's stolen pictures exploited by Anadolu Agency

Dhaka Tribune

Tribune Desk
Published: March 27, 2023

An unknown number of the refugee’s photos were also sold on Getty Images for up to $499



The photos were taken by photographer Arafat Maung Hla Myint during and after the massive fire that ravaged Rohingya Camp 11 on March 5. They were sold without Myint's permission on the Anadolu Agency website for up to $120 each.

Mohammad Shahjahan was falsely credited for taking the photos on the website, according to a press release.

Monday, March 27, 2023

သံဖြူဇရပ်မြို့နယ်တွင် ရိုဟင်ဂျာ ၁၄၅ ဦး ဖမ်းဆီးခံရ

လွတ်လပ်သောမွန်သတင်း အေဂျင်စီ
March 26, 2023

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာအုပ်စု ဝင်းစိန်ကျေးရွာအနီး ရော်ဘာခြံတွင် အထောက်အထားမဲ့ ရိုဟင်ဂျာလူမျိုး ၁၄၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့အား တင်ဆောင်လာသည့် စက်လှေနှင့် လှေသားများပါ ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ် ဝင်းစိန်ကျေးရွာအနီး ရော်ဘာခြံများအတွင်း ရိုဟင်ဂျာများ ရောက်ရှိနေကြောင်း သတင်းအရ စစ်ကောင်စီတပ်၊ လ.ဝ.က၊ လုံခြံရေးရဲတပ်ဖွဲ့နှင့် မတ်လ ၂၄ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က သွားရောက်ရှာဖွေခဲ့ရာ ရိုဟင်ဂျာများအား ဖမ်းဆီးရခြင်းဖြစ်သည်။
                                                                     

သံဖြူဇရပ်နှင့် ပန်းတောင်းတွင် ရိုဟင်ဂျာ ၃၁ ဦးဖမ်းဆီးခံရ

DVB 
27 March, 2023

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်နဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်တို့မှာ   မတ်လ ၂၆ ရက်က အထောက်အထားမဲ့ ရိုဟင်ဂျာ  ၃၁ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သံဖြူဇရပ်မြို့နယ်၊ ခလောက်ချကျေးရွာအနီးမှာ မနေ့ နေ့လယ်က  ရိုဟင်ဂျာတွေ ရောက်နေတယ်ဆိုတဲ့ သတင်းကြောင့် စစ်ကောင်စီတပ်နဲ့ ရဲတွေက လိုက်လံရှာဖွေရာမှာ ဖမ်းမိခဲ့တာလို့  ဒေသခံတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည် နေရပ်ပြန်ရေး သံသရာ တပတ်လည်

ဧရာဝတီ
Jeff Crisp
27 March 2023


ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ရိုဟင်ဂျာဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်မှ မြန်မာသို့ ပြန်လည်ပို့ဆောင်ရေးတွင် မည်သို့ ရပ်တည်သနည်း။

ပြောဆိုရန်ခက်သော ကိစ္စဖြစ်သည်။ တဘက်တွင် UNHCR က “လတ်တလော ရခိုင်ပြည်နယ် အခြေအနေသည် ရိုဟင်ဂျာဒုက္ခသည်များ စဉ်ဆက်မပြတ် နေရပ်ပြန်ရေးတွက် သင့်လျော်သောအခြေအနေမရှိ” ဟု ပြောသည်။ ထို့ကြောင့် တရုတ်ကျောထောက်နောက်ခံပြုမှုဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ ထူထောင်ထားသည့် ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ် စတင်ရန် ရှေ့ပြေးစီမံကိန်းတွင် ၎င်းတို့အဖွဲ့အစည်း “ပါဝင်ပတ်သက်ခြင်း မရှိကြောင်း” ပြောသည်။

မလေးရှားသွားမယ့် ရိုဟင်ဂျာ ၃၀ ကျော် စစ်တွေမှာ ဖမ်းဆီးခံရ

RFA
2023.03.27
၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာများအား တွေ့ရစဉ်။ ရခိုင်နေ့စဉ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဆေးသမားကြီးရွာအုပ်စု အုန်းတောချေဒုက္ခသည်စခန်း အနီး ပင်လယ်ကမ်းစပ်မှာ မလေးရှားနိုင်ငံကိုသွားမယ့် ရိုဟင်ဂျာ ၃၄ ဦးနဲ့ စက်လှေမောင်းသူ တစ်ဦးကို မတ်လ ၂၂ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ်သတင်းမှာ မတ်လ ၂၄ ရက်နေ့က ဖော်ပြပါတယ်။

ရိုဟင်ဂျာ ၁၈၀ ကျော် အင်ဒိုနီးရှား အာချေ့ကမ်းခြေရောက်ရှိ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၇ မတ်လ၊ ၂၀၂၃
အင်ဒိုးရှားနိုင်ငံ အာချေးပြည်နယ် အရှေ့အာချေးမြို့ကိုရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၇၊ ၂၀၂၃)

အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် အနည်းဆုံး ရိုဟင်ဂျာဒုက္ခသည် ၁၈၄ ဦး အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်စွန်း ပြည်နယ်တခုကို တနင်္လာနေ့က ရောက်လာတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒုက္ခသည် အမျိုးသား ၉၄ ဦး၊ အမျိုးသမီး ၇၀ နဲ့ ကလေးအယောက် ၂၀ ကို တနင်္လာနေ့မနက်ပိုင်းမှာ အရှေ့အာချေးမြို့ Peureulak (ပေရူးလတ်ခ်) ဒေသခံတွေက တွေ့ခဲ့တာကြောင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာပါ။

Saturday, March 25, 2023

မြန်မာ့အရေး တရုတ်နိုင်ငံ ကြားဝင်မှုနှင့် ကချင်လူထုကြား က ပဋိပက္ခ

Tak border crossing shut after Myanmar clash

Bangkok Post
published : 25 Mar 2023 

Thai injured in fresh clashes between Myanmar regime and rebels not far from Mae Sot

Migrant workers pass the Thai-Myanmar border in an official service truck as they leave Thailand in Mae Sot district of Tak province. (File photo: AFP) 
 
Thai authorities on Saturday temporarily closed a border checkpoint between Mae Sot district of Tak province and Myawaddy in Myanmar, following clashes between the Myanmar military and opponents of the the junta.

မလေးရှားသွားမယ့် ရိုဟင်ဂျာ ၁၅၀ သံဖြူဇရပ်မှာ အဖမ်းခံရ

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၅ မတ်၊ ၂၀၂၃

(မှတ်တမ်း ပုံဟောင်း) - အင်ဒိုနီးရှားမှာ ထိန်းသိမ်း ခံထားရသည့် ရိုဟင်ဂျာဒုက္ခသည်များ။
 

မလေးရှားကို ထွက်ပြေးဖို့ ကြိုးစားတယ်လို့ယူဆရတဲ့ ရိုဟင်ဂျာ ၁၅၀ လောက်ကို မြန်မာအာဏာပိုင်တွေ ဖမ်းဆီး ထားကြောင်း တာဝန်ရှိသူတဦးရဲ့ သောကြာနေ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။

အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေ ပါဝင်တဲ့အဖွဲ့ကို သံဖြူဇရပ်မြို့နယ်မှာ ဖမ်းဆီးတာဖြစ်ကြောင်း မီဒီယာကို ပြောခွင့်မရှိတဲ့အတွက် အမည်မဖော်တဲ့ တာဝန်ရှိသူက AFP ကို ပြောပါတယ်။ ဒီလူတွေကို ဖမ်းဆီးရတဲ့ အ ကြောင်းရင်းကိုလည်း မပြောပါဘူး။ ရွာ ၂ ရွာကြားက တောထဲမှာ ပုန်းအောင်းနေကြတာ ဖြစ်ကြောင်း၊ သတင်း ပေး တိုင်ကြားချက် အရ ကြာသပတေးနေ့ ညနှောင်းပိုင်းကတည်းက စပြီး ဖမ်းဆီးခဲ့တာဖြစ်ကြောင်း လုံခြုံရေး သတင်းရင်းမြစ်က ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */