Thursday, March 5, 2020

ပါမောက္ခဝီလီယံ ရှဘက်စ် ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်း‌ ပြော

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-03-05
ပရော်ဖက်ဆာ ဒေါက်တာ ဝီလီယံရှဘတ်စ် William Schabas
Photo: William Schabas

 နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာအတွက် ရှေ့နေလိုက်ပေးတဲ့ ပါမောက္ခဝီလီယံ ရှဘတ်စ် (William Schabas) ဟာ ရန်ကုန်တက္ကသိုလ်မှာ ဥပဒေပညာရပ်ဆိုင်ရာဟောပြောမှု တစ်ခု ဒီနေ့ မတ်လ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံရေးသိပ္ပံနဲ့ ဥပဒေပညာကို လေ့လာဆည်းပူး နေတဲ့ ဘွဲ့လွန် ဆရာ၊ ဆရာမ၊ ကျောင်းသူ ကျောင်းသား ၂၀၀ ကျော် တက်ရောက်ဖို့ အဆင့်မြင့် ပညာရေး ဦးစီး ဌာနက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ပြင်ဆင်ထားတာပါ။

နိုင်ငံတကာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာဟာ ၂၀၁၇ တုန်းက ရခိုင်မြောက်ပိုင်း စစ်ဆင်ရေးမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ တရားစွဲဆိုထားတာပါ။ အဲဒီအမှုကို လိုက်ပေး တဲ့အတွက် ဝီလီယံ ရှဘတ်စ်ဟာ ဝေဖန်ခံနေရပါတယ်။

ပါမောက္ခ ဝီလီယံ ရှဘတ်စ်ဟာ လန်ဒန်က Middlesex University မှာ နိုင်ငံတကာ ဥပဒေ ပညာရပ်နဲ့ ဒေါက်တာ ဘွဲ့ယူဖို့ကြိုးစားရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ကြီးကြပ်တဲ့ ပါမောက္ခ ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */