" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, October 25, 2023

စစ်အာဏာသိမ်းပြီးနောက်ပိုင်းရာဇဝတ်မှုတွေတိုးလာကြောင်း IIMM အစီရင်ခံ

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၄ အောက်တိုဘာ၊ ၂၀၂၃ 

ယခင်မှတ်တမ်းရုပ်ပုံ | ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့ (IIMM) အကြီးအကဲ Nicholas Koumjian

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အတိုက်အခံတွေအပေါ် ရက်စက်ညှဉ်းပန်းမှုတွေအပါအဝင် ရာဇဝတ်မှုတွေ ဗြောင်ကျကျ နေရာအနှံ့ ကျုးလွန်လာတာ တွေ့ရတဲ့အကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုအဖွဲ့ IIMM က ပြောဆိုပါတယ်။

ရာဇဝတ်မှုတွေ တိုးလာတာကို တွေ့ရပါတယ်။ ပြောင်ပြောင်တင်းတင်း နေရာအနှံ့ ကျုးလွန်နေတာပါ။ ရွာတွေ မီး လောင်နေတာ၊ အထူးသဖြင့် အရပ်သားတွေ နေထိုင်တဲ့ နေရာတွေကို ဗုံးကျဲ တိုက်ခိုက်တာမှာ လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်တာတွေလည်း ကျနော်တို့ တွေ့နေရပါတယ်။ အတိုက်အခံတွေကို ဖမ်းဆီး နှိပ်စက်ညှဉ်းပန်းတာ၊ ဖမ်းဆီးတာ။ အရပ်သားပဲဖြစ်ဖြစ် တိုက်ခိုက်တဲ့သူပဲ မခွဲခြားပဲ တိုက်ခိုက် သတ်ဖြတ်တာတွေလည်း တွေ့နေရပါ တယ် ဆိုပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုအဖွဲ့ IIMM အကြီးအကဲ Nicholas Koumjian က မနေ့က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

ဆက်စပ်ဖတ်ရှုရန်


မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေ အကြိမ်ရေတိုးလာသလိုပြင်းပြင်း ထန်ထန် ချိုးဖေါက်နေတာတွေ တွေ့ရတဲ့အကြောင်း IIMM အဖွဲ့က အရင်ကလည်း အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့ ဖူးပါတယ်။ IIMM အဖွဲ့ဟာ ပြစ်မှုကျုးလွန်သူတွေကို အရေးယူတဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့မဟုတ်ဘဲ သက်သေ အ ထောက်အထားတွေ စုဆောင်းပြီး သက်ဆိုင်ရာ နိုင်ငံတကာ တရားရုံးတွေကို ပြန်လည်ပေးအပ်တဲ့ အဖွဲ့ဖြစ်တယ် လို့လည်း Nicholas Koumjian က ပြောပါတယ်။

ဒီအဖွဲ့ကို ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇတ်ဝတ်မှုတွေနဲ့ပတ်သက်လို့ အ ချက် အလက်စုဆောင်းဖို့ ဖွဲ့စည်းခဲ့တာပါ။ ဒါပေမယ့် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင် စီက ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကိုပါ အချက်အလက်စုဆောင်းခဲ့ပါတယ်။ စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ လူမှုကွန် ယက် Account ၄၃ ခုကနေ အမုန်းတရား ပျံ့ပွားအောင် ဖြန့်ဝေရေးသားနေတာတွေကိုလည်း တွေ့ရတဲ့အကြောင်း Nicholas Koumjian က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */