" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, September 16, 2023

စစ်တွေတွင် ALP တပ်ရင်းမှူး ပစ်သတ်ခံရပြီးနောက် လုံခြုံရေးတင်းကြပ်

DVB
September 16, 2023
 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ပြည်နယ်အစိုးရရုံးနားမှာ စက်တင်ဘာ ၁၅ ရက်နေ့က ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP)ရဲ့ တပ်ရင်းမှူးအဆင့်ရှိသူတယောက် သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပြီးနောက် လုံခြုံရေးတင်းကြပ်နေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောင်းကြီးလမ်းရပ်ကွက်၊ ကြေးနန်းရုံးရှေ့မှာ နေ့လယ် ၁၂ နာရီကျော်အချိန်က ALP ရဲ့တပ်ရင်းမှူးခိုင်ပြည်ဟိန်း (ခ)ခိုင်သူဟိန်း ပစ်ခတ်ခံရလို့ သေဆုံးသွားခဲ့ပါတယ်။

စစ်တွေ ဒေသခံတယောက်က “အခုက လမ်းသွားလမ်းလာတိုင်းကို စစ်ဆေးနေတာ။ ကျနော်တို့ပဲ ပစ်ခဲ့သလိုလို။ ဆိုင်ကယ်ဘောက်တွေဖွင့်စစ်၊ ဟိုစစ်ဒီစစ်နဲ့။ အလုပ်ပြနေတာပေါ့ဗျာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ထွက်ပေါက်နေရာအားလုံးကို ပိတ်ဆို့စစ်ဆေးနေသလို မြို့ပေါ်နေရာအများစု သာမက စစ်တွေမြို့၊ မေယုလမ်းမကြီး၊ လောကနန္ဒာဘုရားအနီး မီးပွိုင့်ကနေ နာရီစင်အထိ လမ်းပိတ်ထားပြီး ရပ် ကွက်တချို့မှာလည်း လမ်းသွားလမ်းလာတွေကို စစ်ဆေးနေကြတယ်လို့ ဆိုကြပါတယ်။

စစ်တွေဒေသခံတယောက်က “သူတို့ဘာတွေစစ်နေတာလဲ မသိဘူး။ စစ်တွေမှာ ပစ်ခတ်မှုဖြစ်ပြီး သေသွားကြတဲ့ အမှုတိုင်း တရားခံဖမ်းဆီးမိတာ ဘာတခုမှမရှိဘူးဗျ။ ရဲဆိုတာ တရားခံကို မရကိုအရဖမ်းဆီးရမှာပါ” လို့ ပြော ပါ တယ်။

စစ်တွေမြို့ဟာ အာဏာသိမ်းစစ်ကောင်စီ ထိန်းချုပ်လွှမ်းမှုအရှိဆုံး မြို့တခုဖြစ်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းဆောင် ရွက်နေတဲ့ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ (ALP)အဖွဲ့ဝင်တွေ ခဏခဏ ပစ်သတ်ခံထားရပေမဲ့ ဒီနေ့အထိ တ ရား ခံတယောက်မှ ဖမ်းမမိသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်ကလည်း လွတ်လပ်ရေးနေ့ အခမ်းအနား တက်ရောက်ပြီး ကားနဲ့ ပြန်လာကြတဲ့ ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ် (၁၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ခိုင်ကျော်စိုးနဲ့ ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ ALP ရုံးရှေ့မှာပဲ လုပ်ကြံခံခဲ့ရပြီး ၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်ကလည်း စစ်တွေမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရခိုင် ပြည်လွတ်မြောက်ရေးပါတီ/ရခိုင်ပြည်လွတ်မြောက်ရေးတပ်ဖွဲ့ (ALP/ALA) တပ်ဖွဲ့ဝင် ၃ ယောက် သေဆုံး၊ ၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */