" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, March 23, 2023

ALP ပါတီနှင့် ဒေါ်စောမြရာဇာလင်း လုံးဝသက်ဆိုင်မှုမရှိ ကြောင်း ထုတ်ပြန်

ARAKAN NEWS
Myo Myart Zaw Hein
March 21, 2023

 
 ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၌ ဒု-ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဒေါ်စောမြရာဇာလင်းသည် ပါတီ ဥက္ကဋ္ဌ အဖြစ်ခံယူကာ ဗဟိုကော်မတီ အသစ်များဖြင့် ALP ပါတီကို အသစ်ပြန်လည်ဖွဲ့စည်းခြင်းကို လက် မခံကြောင်း၊ ဒေါ်စောမြရာဇာလင်းကို ALP ပါတီမှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း၊ ပါတီနှင့် လုံးဝသက် ဆိုင်မှုမရှိကြောင်း ALP ပါတီ၏ အတွင်းရေးမှုး ဦးခိုင်ကျော်ခိုင် က ပြောသည်။

ဒေါ်စောမြရာဇာလင်းသည် ALP ပါတီ၊ တပ်မတော်၏အမည်၊ အမှတ်တံဆိပ်နှင့် အောင်လံတော်တို့ကို ပါတီဥက္ကဋ္ဌ ခိုင်ရဲခိုင်နှင့် ဗဟိုကော်မတီဝင်များကို အသိပေးခြင်းမရှိဘဲ ပါတီသစ်ထူထောင်ခြင်းသည် စည်း မျဉ်းစည်းကမ်းများ ကို ချိုးဖောက်သည့်အတွက် ဒေါ်စောမြရာဇာလင်းသည် ALP ပါတီနှင့် လုံးဝသက် ဆိုင်ခြင်း မရှိတော့ကြောင်း အ တွင်းရေးမှုး ဦးခိုင်ကျော်ခိုင် က နိရဉ္စရာသတင်းဌာနကို ပြောသည်။

‘’ဥက္ကဋ္ဌနဲ့ ဗဟိုကော်မတီ ၉၀ ရာခိုင်နှုန်းလောက်ကို အသိမပေးဘဲ သူ့ဟာသူဥက္ကဋ္ဌဆိုပြီး လုပ်သွားတာ လေ၊ တရား ဝင်မှုမရှိဘူး၊ ALP ပါတီနဲ့ လုံးဝသက်ဆိုင်မှုမရှိတော့ဘူးပေါ့လေ’’ ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဥက္ကဋ္ဌ ခိုင်ရဲခိုင် ဦးဆောင်သည့် ALPက မတ်လ (၂၀) ရက်နေ့စွဲဖြင့် အထွေထွေအ တွင်းရေးမှူး ခိုင်ကျော်ခိုင် လက်မှတ်ရေးထိုး ရှင်းလင်းချက် တစ်စောင် ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ALP ၏ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ခိုင် မင်းစိုးနှင့် စစ်သည်နှစ်ဦး တို့ကို ဒေါ်စောမြရာဇာလင်းမှ စစ်ကောင်စီတပ်ကို ဖမ်းဆီးခိုင်းလိုက်ကြောင်း၊ ၎င်းဖြစ် စဉ်ဖြစ်ရပ်ကြောင့် ဒေါ်စောမြရာဇာလင်းအား စုံစမ်းစစ်ဆေးရန် ပါတီ၏တရားစီရင်းရေး ကော်မတီမှ စောမြရာဇာ လင်း ၏ တာဝန်များဖြစ်သော နိုင်ငံရေးဆွေးနွေးရေး ကော်မတီ ခေါင်းဆောင်တာဝန်နှင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ရှိတာဝန်များကို ယာယီရပ်စဲခဲ့ကြောင်း၊ ထိုသို့တာဝန်မှရပ်စဲမှုကို အမိန့်နာခံမှုမရှိဘဲ ပါတီ ကို ပြန်လည်ဖွဲ့စည်းကြောင်း ထုတ်ပြန်လာကြောင်း၊ ထိုသို့ စောမြရာဇာလင်းမှ ပါတီ၊တပ်မတော်၏အမည်၊အမှတ် တံဆိပ်နှင့် အောင်လံတော်တို့ကို အလွဲသုံးစားပြုလုပ်၍ ပါတီသစ်ထူထောင်ခြင်းသည် ပါတီ၏ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ကြီးလေးသောစည်းမျဉ်းစည်းကမ်းများကိုချိုးဖောက်ခြင်း ဖြစ်သည့်အတွက် စောမြရာဇာလင်းသည် ALP ပါတီနှင့်လုံးဝသက်ဆိုင်ခြင်း မရှိတော့ကြောင်း ဖော်ပြထားသည်။

ဒေါ်စောမြရာဇာလင်းဖက်မှ မတ်လ ၅ ရက် နေ့စွဲဖြင့် ထုတ်ပြန်လာသည့် ထုတ်ပြန်ချက်အထဲတွင် ၂၀၂၂ ခုနှစ် ဇန် နဝါရီ (၆) ရက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ သစ်လွင်သော နိုင်ငံရေး ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းပြီးနောက် ဗဟိုခေါင်းဆောင်အများစု၏ ဆန္ဒအရ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ငြိမ်းချမ်းရေးလမ်းစဉ် အတိုင်း ဆက်လျှောက်ခဲ့ကြပါသော်လည်း ဥက္ကဋ္ဌ ခိုင်ရဲခိုင် သွားလိုသည့်လမ်းကြောင်းနှင့် ဒေါ်စောမြရာဇာလင်း သွားလိုသည့်လမ်းကြောင်း မတူညီသည့်အတွက် ဥက္ကဋ္ဌကြီး ကိုယ်ယုံကြည်ရာလမ်းကြောင်း အတိုင်း လျှောက်လှမ်းနိုင်စေရန်နှင့် မိမိတို့ အနေနှင့်လည်း ယုံကြည်ရာ ငြိမ်းချမ်းရေးလမ်းကြောင်းမှ တစ်ဆင့် ရခိုင် ပြည်နှင့် ရခိုင်လူထု အကျိုးအတွက် ရည်ရွယ်ချက်တူသူများဖြင့် ပါတီကို အသစ်ပြန်လည်ဖွဲ့စည်း ထူထောင် ခြင်း ဖြစ်ကြောင်း ဒေါ်စောမြရာဇာလင်းဖက်က ထုတ်ပြန်ထားသည်။

ဒေါ်စောမြရာဇာလင်း၏ သဘောထားမှတ်ချက်ရယူနိုင်ရန် နိရဉ္စရာက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဆက် သွယ် လို့ မရခဲ့သေးပေ။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ကို ၁၉၆၇ ခု၊ဧပြီလ(၉) ရက်နေ့တွင် ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ဥက္ကဋ္ဌခိုင်ပြည်သိမ်း ဦးဆောင်မှုဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ မြန်မာစစ်တပ်မှဖမ်းဆီးမှုခံခဲ့ရပြီးနောက် ပြန်လည် လွတ် မြောက် လာသူများမှ ဥက္ကဋ္ဌခိုင်မိုးလင်း ဦးဆောင်လျက် ၁၉၇၄ ခုနှစ်တွင် ဒုတိယအကြိမ်ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ဥက္ကဋ္ဌခိုင်မိုးလင်းဦးဆောင်၍ ကရင်ပြည်မှရခိုင်ပြည်သို့ မိုင်(၂၀၀၀)ကျော်ခရီးရှည်သည့် ALP ၏ သမိုင်းဝင် မိုးလင်းရာဇာ စစ်ကြောင်းချီတက်ခဲ့သည်။ စစ်ကြောင်းတလျှောက်တွင်မြန်မာစစ်တပ်မှ သာလွန်အင် အား ဖြင့် တိုက်ခိုက်ချေမှုန်းသော ကြောင့် စစ်ရေးအရေးနိမ့်၍ ဥက္ကဋ္ဌခိုင်မိုးလင်းကျဆုံးကာ ခေါင်းဆောင် များနှင့် စစ်သည်များ ဖမ်ဆီးခံခဲ့ရသည်။ ၁၉၈၁ ခုနှစ်တွင် ဥက္ကဋ္ဌခိုင်ရဲခိုင် ထောင်မှလွတ်လာပြီး တတိယအကြိမ်ပါတီ ပြန် လည်ဖွဲ့စည်းခဲ့သည်။ တတိယအကြိမ်ဖွဲ့စည်းပြီး ချိန်မှစ၍ ယနေ့အချိန်ထိ ပါတီဗဟိုဌာနချုပ်ကို ရခိုင်-အိန္ဒိယ-ဘင်္ဂ လားဒေရှ့် သုံးနိုင်ငံနယ်စပ် တြိဂံနယ်မြေတွင် အခြေစိုက် သည်။ ၂၀၁၇ ခုနှစ်စ၍ ပါတီ၏စစ်ရေးနိုင်ငံရေး ယိမ်း ယိုင်လာခဲ့သောကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ဥက္ကဋ္ဌခိုင်ရဲခိုင်၏ ဦးဆောင်မှုဖြင့်ပင် စတုတ္ထအကြိမ်ပါတီပြန် လည်ဖွဲ့စည်းခဲ့ပြီး ရခိုင်တမျိုးသားလုံးစည်းလုံးညီညွတ်ရေးမှ ရခိုင်အမျိုးသား လွတ်မြောက်ရေးပန်းတိုင်သို့ ချီ တက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ NN – 24

https://www.facebook.com/narinjara.info/photos/pcb.6394863597192330/6394862610525762/


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */