" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, December 17, 2023

စစ်တွေ ဒေသခံ ၃ ဦးကို ALP အဖွဲ့က ဖမ်းဆီး

DVB
December 17, 2023 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဒီဇင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းက ဒေသခံ ၃ ယောက်ကို ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP) လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှာ ဒီဇင်ဘာ ၁၅ ရက် နေ့လယ် ၁၂ နာရီလောက်က စစ်ကောင်စီ လက် အောက်ခံ ALP အဖွဲ့ဝင် ၁၀ ကျော်လောက်က ဒေသခံ ၃ ယောက်ကို ဖမ်းဆီးသွားတယ်လို့ စစ်တွေမြို့ ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကတော့ စက်ရုံစုရပ်ကွက်၊ ရေခဲစက်နားက အသက် ၃၀ အရွယ် ကိုကျော်မျိုး အောင် အသက် ၃၅ နှစ်အရွယ် ကိုဇော်မျိုးအောင်နဲ့ အသက် ၃၃ နှစ်အရွယ် ကိုဦးလင်းစိုးတို့ ဖြစ်ကြပါ တယ်။

ဖမ်းဆီးခံရတဲ့သူတွေကို စက်ရုံစုရပ်ကွက်ထဲက ALP ရုံးထဲမှာ စစ်ဆေးမေမြန်းကာ စစ်တွေ မြို့မရဲစ ခန်း ကို ပို့ဆောင်လိုက်ကြတယ်လို့ ဒေသခံက ပြောပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ဟာအန်စီအတနိုင်ငံလုံးအပစ်ရပ်သဘောတူစာချုပ်လက်မှတ် ထိုးထားတဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ဆွေးနွေးပွဲတက် ဖို့ နေပြည်တော်ကို အကြိမ်ကြိမ်သွားနေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (အေအေ)နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲတွေပြန်လည် ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံပြည်သူ ၁၀၀ ကျော် လောက် ကို အေအေနဲ့ ဆက်စပ် တယ် လို့ သံသယမှုနဲ့ ဖမ်းဆီးခဲ့ကြတဲ့အပြင် စစ်တွေမြို့ကို စျေးလာဝယ်တဲ့ ပြည်သူ ၅၀ ကျော်ကိုဖမ်း ဆီး ထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */