Tuesday, November 12, 2019

ရိုဟင်ဂျာအရေး နိုင်ငံတကာတရားရုံးအမှု မြန်မာရင်ဆိုင် မယ်

လွတ်လပ်တဲ့အာရှအသံ ( RFA )
2019-11-11
နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့တွင် ၂၀၁၉ နိုဝင်ဘာ ၁၁ ရက်နေ့က ရိုဟင်ဂျာအရေး အပြည်ပြည်ဆိုင်ရာတရားရုံး တင်သွင်းခဲ့သည့် ဂမ်ဘီယာနိုင်ငံ ကိုယ်စားလှယ်များနှင့် ပုဂ္ဂိုလ်တချို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။
(Photo: AP) 

                                                        
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို အရေးယူပေးဖို့ အစ္စလာမ္မစ်နိုင် ငံများ အဖွဲ့ (Organisation of Islamic Cooperation) ကိုယ်စား အာဖရိကတိုက် အနောက်ပိုင်းနိုင်ငံတခုဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့အခြေစိုက် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice) ကို မနေ့က တင်သွင်းလိုက်ပါတယ်။

"Genocide Convention" လို့ခေါ်တဲ့ “လူမျိုးတုံးသတ်ဖြတ်သည့် ရာဇဝတ်မှုများ ကာကွယ်တားဆီးရေးနှင့် ပြစ် ဒဏ်ဆိုင်ရာ ၁၉၄၈ ခုနှစ် နိုင်ငံတကာ သဘောတူညီချက်” အရ ရိုဟင်ဂျာတွေအပေါ် မြန်မာအစိုးရရဲ့ ကျူးလွန်မှုတွေကို အရေးယူပေးဖို့ တင်သွင်းလိုက်တာလို့ ဂမ်ဘီယာနိုင်ငံရဲ့ တရားရေးဝန်ကြီးဖြစ်တဲ့ ရှေ့နေ ချုပ် Abubacarr Marie Tambadou က ပြောပါတယ်။

အခုလိုတင်သွင်းတာဟာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေအပေါ် ကမ္ဘာက လက်ပိုက်ကြည့်မနေသင့် ဘူး ဆိုတာကို မြန်မာအပါအဝင် နိုင်ငံတကာ အဝန်းအဝိုင်းကို သတင်းစကားပေးလိုက်တာ ဖြစ်တယ်လို့ လည်း Mr. Tambadou က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဗြိတိန်အခြေစိုက် BRO-UK ရိုဟင်ဂျာအရေး လှုပ်ရှားမှုအဖွဲ့က ဦးထွန်းခင်က... ဒီကိစ္စကို ကြိုဆိုလိုက်ပြီး ဒီလို အ ရေးယူမှသာ အနာဂတ်မှာ ရိုဟင်ဂျာတွေကိုရော၊ တိုင်းရင်းသားလူမျိုးစုတွေ အပေါ်မှာပါ အကြမ်း ဖက် ရက်စက်မှုတွေ ရပ်စဲသွားလိမ့်မယ်လို့ ပြောပါတယ်။

“မြန်မာပြည်က Genocide Convention မှာ လက်မှတ်ထိုးထားတဲ့အတွက် တော် တော်လေး အကျိုးရှိမယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ ရိုဟင် ဂျာ တွေ Genocide ခံနေရတာ နှစ်ပေါင်းများစွာ ရှိနေပြီ။ အခုဟာက G to G လို့ ခေါ်တာပေါ့နော်၊ အစိုးရတစ်ခုကနေ အစိုးရတစ်ခုကို တရားစွဲတာ တော်တော်လေးအောင် မြင်မှုအလားအလာ ရှိနိုင်တယ်လို့ ပြောနိုင်ပါတယ်”

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကတော့... မြန်မာနိုင်ငံကို အရေးယူဖို့ ဂမ်ဘီယာ နိုင်ငံရဲ့ တိုင်ကြားချက်ကို အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ ပြောလိုက်ပါတယ်။

"ကျနော်တို့ သဘောထားကတော့... နံပါတစ်က OIC က ဒီလိုလုပ်တယ်ဆိုတာ၊ ပြဿနာဖြစ်နေတာက လောလောဆယ် ဘင်္ဂလားဒေ့ရှ်နဲ့ ကျနော်တို့နဲ့ ဖြစ်နေတဲ့ကိစ္စ၊ OIC နဲ့ ဘာမှ ဖြစ်စရာ အကြောင်းလည်း မရှိဘူး။ အထူးသဖြင့် ဂမ်ဘီယာဆိုတာက ဘာမှ ကျနော်တို့နဲ့ ပတ်သက်တဲ့ကိစ္စလည်း မဟုတ်ဘူး"

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဖြေရှင်းဆောင်ရွက် ရမယ့်ကိစ္စကို အခုလို အစ္စလာမ္မစ်အဖွဲ့ဝင် နိုင်ငံတစ်ခုက တင် သွင်း လာတာဟာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဖိအားတွေ တိုး အောင် အစ္စလာမ္မစ်နိုင်ငံတွေ ပူးပေါင်းပြီး နိုင်ငံရေးရည်ရွယ်ချက် ရှိရှိ လုပ်နေတာလို့လည်း ဦးဟောက်ဒိုစွမ်းက RFA ကို ပြောပါ တယ်။

ဒီတင်သွင်းချက်အတွက် ပဏာမ ကြားနာမှုတွေကို လာမယ့် ဒီဇင်ဘာလမှာ စတင်မယ်လို့မျှော်လင့်ကြောင်း ဂမ်ဘီယာနိုင်ငံ ဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ အမေရိကန်အခြေစိုက် ဥပဒေအကျိုးဆောင် ကုမ္ပဏီ Foley Hoag က ပြောပါတယ်။

အာဖရိကတိုက်အနောက်ပိုင်း နိုင်ငံတစ်ခုဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံမှာ မွတ်စလင်အများစုနေထိုင်ပြီး၊ အခုကိစ္စ မှာ OIC အဖွဲ့ကိုယ်စားဆောင်ရွက်ဖို့ ရွေးချယ်ခံရတာဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */