နေပြည်တော်
2020.04.13
"နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက်အရ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်ဟာ ဧပြီလ ၁၂ ရက်၊ နေ့လယ်၂း၀၀ နာရီမှာ ရန်ကုန်မြို့ရှိ ဘင်္ဂ လားဒေ့ရှ် သံအမတ်ကြီး မစ္စတာမန်ဂျူရာ ကရင်မ် ချောင်ဒရီကို တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပါတယ်။
COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှု ကာကွယ်တားဆီးရေးအတွက် မြန်မာနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်း ငါးနိုင်ငံထဲက တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအိုနိုင်ငံတွေနဲ့ နယ်စပ်ဂိတ်တွေကတစ်ဆင့် လူဝင်-လူထွက် ပိတ်ထားပြီး ဖြစ်ကြောင်း၊ ကုန်သွယ်မှုစီးဆင်းနိုင်ရေးအတွက်ပဲ ဖွင့်လှစ်ထားကြောင်း၊ ဒါ့ကြောင့် ဘင်္ဂ လားဒေ့ရှ်နိုင်ငံနဲ့လည်း နယ်စပ်ဂိတ်တွေကတစ်ဆင့် လူဝင်-လူထွက်တွေကို ဧပြီလ (၁၃)ရက်နေ့ကစပြီး ပိတ် မှာ ဖြစ်ကြောင်း၊ ကုန်သွယ်မှု မထိခိုက်ဖို့အတွက် ကုန်စည်များ စီးဆင်းမှုကိုတော့ ဆက်လက် ခွင့်ပြုပေးမှာ ဖြစ်ကြောင်း၊ လူဝင် လူထွက် မရှိစေရေးအတွက် ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ပူးပေါင်းဆောင်ရွက်ပေးစေ လိုကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်က တစ်နိုင်ငံလုံး Lock down လုပ်ထားတဲ့အတွက် အထောက်အကူ ဖြစ် စေမှာ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားခဲ့ကြောင်းဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး က ၎င်းတို့ ဌာနချုပ်ကို ပြန်လည်တင်ပြပေးမည် ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ဒါကာ၊ ကော့ဘ ဇား အပါအဝင် တစ်နိုင်ငံလုံး Lock down လုပ်ထားကြောင်း၊ ပြည်ပနှင့် နယ်စပ်များက ဝင်ရောက်လာသူ များကြောင့် ကူးစက်ပြန့်ပွားမှု ဖြစ်မည်ကို ဒေသခံများက စိုးရိမ်နေကြောင်း ပြန်လည်ဖြေကြားခဲ့သည် ဟူ၍ လည်းနိုင်ငံတော်သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ကပြောကြားသည်
စိုးတငိ့အောင် (မင်္ဂလာဒုံ)
No comments:
Post a Comment