VOA
ဗွီအိုအေ (မြန်မာပိုင်း)
27 မေ၊ 2020
27 မေ၊ 2020
ရခိုင်ပြည်နယ်အတွင်းက အင်တာနက်ကို ဖုန်းမှ သုံးနေသူများ
ကမ္ဘာ့ နိုင်ငံပေါင်း ၇၅ နိုင်ငံက အဖွဲ့စည်းပေါင်း ၂၁၀ ကျော် ပါဝင်တဲ့ #KeepItOn အဖွဲ့မှာ ပါဝင်တဲ့ အဖွဲ့စည်း ပေါင်း ၄၇ ခုက WHO ရဲ့ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Dr. Zsuzsanna Jakab ဆီကို စာပေးပို့ တောင်း ဆိုခဲ့တာပါ။
စာထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ်ခံနေရချိန် တကမ္ဘာလုံး အတိုင်းအတာနဲ့ အချက်အလက်တွေ ရရှိ ဖို့လို အပ်နေချိန်မှာ လူနည်းစု တွေ နေထိုင်ရာ ဒေသတွေအတွက် မြန်မာ၊ ဘင်္ဂလာားဒေ့ရှ်၊ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံအစိုးရ တွေက အင်တာနက်တွေ ဖြတ်တောက်ထားတာဟာ မဖြစ်သင့်ဘူးလို့ ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံမှာတော့ ရခိုင်နဲ့ ချင်းပြည်နယ်တွင်းက ဒေသ ၈ ခုမှာ အင်တာနက်ဖြတ်တောက်ထားရာ ကနေ မေလ ထဲမှာ မောင်တော တမြို့နယ်ထဲ အတွက်သာ ပြန်ဖွင့်ပေးခဲ့ပြီး ကျန်ဒေသတွေမှာ အခုထိ ဆက်လက် ဖြတ်တောက်ထား သလို ဘင်္ဂလားဒေ့ရှ်ဘက်မှာ လည်း ရိုဟင်ဂျာ ဒုက္ခသည်တွေ နေထိုင်ရာ ဒုက္ခသည် စ ခန်းတွေမှာ ဘင်္ဂလားဒေ့ရှ် အစိုးရက အင်တာနက်အဆက်အသွယ်တွေ ဖြတ်တောက်ထားကြောင်း ဖေါ်ပြ ထားပြီး ဒါဟာ လူ့အခွင့်ရေးဖြစ်တဲ့ အချက်အလက် ရပိုင်ခွင့် ကို ပိတ်ပင်ရာရောက်နေတယ်လို့ ဖေါ်ပြထား ပါတယ်။
ဒါ့ကြောင့် အင်တာနက်ပြန်ဖွင့်ပေးရေးအတွက် ဒီ ၄ နိုင်ငံ အစိုးရတွေကို WHO က တိုက်တွန်းဖို့၊ ဒီလို ပိတ် ပင် တာဟာ WHO ရဲ့ လူထုကျန်းမာရေး ဆိုင်ရာ လုပ်ဆောင်မှုတွေမှာ အဟန့်အတား ဖြစ်စေတာကြောင့် ရှုံ့ချဖို့အပြင် အင်တာနက် အပိတ်ခံနေရတဲ ဒေသတွေမှာ COVID-19 နဲ့ပတ်သက်တဲ့ အချက်လက်တွေ ရရှိရေးကို ဦးစားပေး လုပ် ဆောင်ဖို့ပါ တောင်းဆိုထားပါတယ်။
အင်္ဂါနေ့အထိ ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရသူက ၅ သန်းခွဲ ကျော် (၅ ၅၅၀ ၃၉ ၉) နဲ့ သေဆုံး ရသူက ၃ သိန်း ၄ သောင်းကျော် (၃၄၈ ၃၀၂) ရှိနေပြီလို့ အမေရိကန် Johns Hopkins တက္ကသိုလ် စစ်တမ်း မှာ ဖေါ်ပြထားပါတယ်။

Link : Here
No comments:
Post a Comment