Monday, August 25, 2025

မြန်မာက ရိုဟင်ဂျာဒုက္ခသည်တွေကို ဒေသတွင်းနိုင်ငံတွေက လက်ခံပေးဖို့ အမေရိကန်ပြော

BBC
2025 ဩဂုတ်လ 25 

မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (ပုံဟောင်း)

ရိုဟင်ဂျာတွေ အပါအဝင် မြန်မာပြည်တွင်းက နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေနဲ့ အကြမ်းဖက်မှုတွေမှာ ပစ်မှတ်ထားခံရသူတွေနဲ့ အတူရပ်တည် သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။
မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် ရခိုင်ပြည်နယ် အနောက်ပိုင်းက ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရွှေ့ပြောင်းရတာ ၈ နှစ်ပြည့်တဲ့ ဒီကနေ့ သြဂုတ် ၂၅ ရက်မှာ ထုတ်ပြန်လာတာပါ။

အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်ထဲ ဘင်္ဂလားဒေ့ရှ်အစိုးရ နဲ့ တခြားဒေသအတွင်း နိုင်ငံတွေအနေနဲ့ လည်း မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံပေးဖို့ ထည့်ပြောထားပါတယ်။

ကနေဒါသံရုံး ကလည်း ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ရှစ်သိန်းခန့်ဟာ ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးတိမ်း‌‌ရှောင်ခဲ့ရတယ်လို့ဆိုပြီး စစ်တပ်ရဲ့ '' ရိုဟင်ဂျာတွေကို ကြမ်းကြုတ်စွာ နှိပ်ကွပ်ခဲ့တဲ့ စီမံကိန်း'' လို့ ထုတ်ပြန်ချက်ထဲမှာ သုံးနှုန်းထားပါတယ်။

မြန်မာမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ရခိုင်ပြည်နယ်မှာ အရှိန်အဟုန်မြင့်လာတဲ့ ပဋိပက္ခတွေ ကြောင့် ရိုဟင်ဂျာတွေအပေါ် အဆိုးသက်‌ရောက်မှုတွေရှိနေတာကိုလည်း ကနေဒါနိုင်ငံက အထူးစိုးရိမ်ပူပန်မိကြောင်း ကြေညာပါတယ်။

မြန်မာစစ်တပ်ဟာ ပဋိပက္ခတွေကို အရှိန်မြှင့်ကာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပိုတိုးလုပ်ဆောင်နေသလို ပဋိပက္ခမှာ ပါဝင်တဲ့ တခြားအဖွဲ့အစည်းတွေမှာလည်း လူ့အခွင့်ရေးချိုးဖောက်မှုတွေ ရှိနေတာကြောင့် အရပ်သားတွေကို ထိခိုက်နစ်နာစေတယ်လို့ ကနေဒါသံရုံး ထုတ်ပြန်ချက်ထဲမှာ ထည့်ပြောထားပါတယ်။

မြန်မာရဲ့အခြေအနေတွေကြောင့် ကမ္ဘာပေါ်မှာ ဖိနှိပ်ခံရဆုံးအုပ်စုများထဲက တစ်ဖွဲ့ဖြစ်တဲ့ ရိုဟင်ဂျာတွေ လုံခြုံစိတ်ချစွာ မိမိသဘောဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိ ရေရှည်ပြန်လည်အခြေချနိုင်ဖို့ အဆင်မပြေသေးကြောင်းကို ပြသနေတယ်လို့ လည်းဆိုပါတယ်။

လက်ရှိ မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၁ ဒသမ ၁ သန်းကျော်ကို လက်ခံထားရှိပြီး ကမ္ဘာပေါ်မှာ လူဦးရေ ပမာဏအများဆုံးနဲ့ အကြီးဆုံးဒုက္ခသည်စခန်းတွေရှိနေပါတယ်။
 
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */