မဇျ္စိမ
March 4, 2025
ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းရန် မြန်မာနိုင်ငံအပေါ် နိုင်ငံရေးနှင့် စီးပွားရေးအရ ဖိအားများ ပေးမည်ဟု တန်းတူညီမျှရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် အကျပ်အတည်းစီမံခန့်ခွဲမှုဆိုင်ရာ အီးယူကော်မရှင်နာ ဟက်ဂျာလာဘစ်က မတ်လ ၃ ရက်နေ့က အာမခံခဲ့သည်။
အီးယူသည် ကော့ဘဇားရှိ ရိုဟင်ဂျာများနှင့် ဘင်္ဂလားဒေ့ရှ်အိမ်ရှင်အသိုက်အဝန်းအတွက် ယခုနှစ်တွင် ယူရိုငွေ ၆၈ သန်း ထောက်ပံ့ပေးမည်ဟုလည်း လာဘစ်က ပြောသည်။
လာဘစ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအကြံပေး အမ်ဒီတိုဟစ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ ဆုံစဉ် ထိုသို့ ကတိပြုခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တွေ့ဆုံမှုအတွင်း အီးယူကော်မရှင်နာက မတ်လ ၂ ရက်က ကော့ဘဇားရှိ ရိုဟင်ဂျာစခန်းများသို့ ကိုယ် တိုင်သွားရောက်ကြည့်ရှုခဲ့ကြောင်းနှင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသော ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်က လက်ခံမှုအတွက် ချီးကျူးကြောင်း ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလ၌ နယူးယောက်တွင် ကျင်းပမည့် ရိုဟင်ဂျာများဆိုင်ရာ အဆင့်မြင့်ညီလာခံကို ကျင်းပရေး ဘင်္ဂလားဒေ့ရှ်၏ ကြိုးပမ်းမှုကိုလည်း ကျေးဇူးတင်ကြောင်း သူမက ပြောကြားခဲ့သည်။
ရိုဟင်ဂျာအရေးအပြင် ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရနှင့် ပြုပြင်ပြောင်းလဲရေး အစပျိုးမှုများကိုလည်း အီးယူက အခိုင်အမာ ထောက်ခံသည်ဟု ကော်မရှင်နာက ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အီးယူဆက်ဆံရေးသည် လေးနက်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအကြံပေးက ပြောသည်။
ဘင်္ဂလားဒေ့ရှ်သို့လာရောက်သည့်အတွက် ကော်မရှင်နာမင်းကြီးအား ကျေးဇူးတင်ရှိကြောင်းနှင့် မြန် မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခင်းအကျင်း၊ ရိုဟင်ဂျာအကျပ်အတည်းနှင့် ဒေသတွင်းလုံခြုံရေးအပေါ် နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများအပေါ် လွန်စွာစိုးရိမ်ကြောင်းလည်း အမ်ဒီတိုဟစ်က ပြောသည်။
အဆုံးစွန်သော ဖြေရှင်းချက်မှာ ရိုဟင်ဂျာများ မြန်မာနိုင်ငံသို့ ပြန်ရေးဖြစ်ကြောင်းနှင့် ထိုကိစ္စ အကောင်အထည်ပေါ်ရန် နိုင်ငံတကာအသိုက်အဝန်းမှလုပ်ဆောင်ကြရန်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအကြံပေးက တောင်းဆိုခဲ့သည်။
Link : Here
No comments:
Post a Comment