" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, July 1, 2023

မုန်တိုင်းအလွန်ထောက်ပံ့ရေးတွေ ဘာမှမရသေးတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ (ရုပ်/သံ)

ဧရာဝတီ
၂၀၂၃ ဇွန်လ ၃၀ ရက်။

ရခိုင်ပြည်နယ် စစ်တွေမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေဟာ မိုခါမုန်တိုင်းဒါဏ်ကို ဆိုး ဝါးစွာ ခံစားခဲ့ကြရပြီးနောက် မုန်တိုင်းအလွန်ကာလမှာလည်း စစ်ကောင်စီနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဆီက တစုံ တရာ ထောက်ပံ့တာမျိုးမရဘူးလို့ သိရပါတယ်။ အုန်းတောချေ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ လူဦးရေ တထောင် ကျော်၊ အိမ်ထောင်စု တရာနီးပါး နေထိုင်ကြတာ ဖြစ်ပြီး မုန်တိုင်းကြောင့် ပျက်ဆီးသွားခဲ့ရတဲ့ နေအိမ် အဆောက် အဦးတွေဟာ အခုထိ ပြန်လည် ပြင်ဆင် နိုင်ခြင်း မရှိသေးပါဘူး။ အဆိုပါ စစ်တွေမြို့ အနောက်ဘက်ခြမ်းပင်လယ် ကမ်းစပ်အနီးရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ ဒုက္ခသည်တွေဟာ ၂ သိန်းဝန်းကျင်ရှိပြီး မုန် တိုင်း ကြောင့် သေဆုံးသူ ရာနဲ့ချီ ရှိခဲ့ပါတယ်။ #WhatsHappeningMyanmar #RejectMilitaryCoup 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */