Sunday, October 6, 2024

ရိုဟင်ဂျာတွေနေရပ်ပြန်ရေး ကူညီဆောင်ရွက်ပေးဖို့ မလေးရှားကို ဘင်္ဂလားဒေ့ရှ်တောင်းဆို

RFA
RFA Burmese
2024.10.04 

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးနောက် တွေ့ရသည့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် (ဝဲ)နှင့် ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရခေါင်းဆောင် မိုဟာမက် ယူနွတ် (ယာ) တို့အား တွေ့ရစဉ်။ AFP

မြန်မာရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် မလေးရှားအစိုးရက ကူညီဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနွတ်ကတောင်း ဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာကို အလည်အပတ်ရောက်နေတဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်တာဖြစ်ကြောင်း AP သတင်းက ဖော်ပြပါတယ်။

ရိုဟင်ဂျာတွေနေရပ်ပြန်ပို့ရေးကိစ္စကို မလေးရှားက အာဆီယံအဖွဲ့မှာ တင်ပြဖို့လည်း မိုဟာမက် ယူနွတ်က တောင်းဆိုကြောင်း သတင်းက ဖော်ပြပါတယ်။

မလေးရှားနိုင်ငံဟာ လာမယ့်နှစ်မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံမှာ ဥက္ကဋ္အဖြစ်တာ ဝန်ယူမှာဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကို ဘင်္ဂလားဒေ့ရှ်က လက်ခံထားပါတယ်။ ဒီဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စခန်းတွေမှာ ငတ်မွတ်ခေါင်းပါးစွာ နေထိုင်နေရပြီး နေရပ်မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံစွာပြန်နိုင်ရေး တောင်းဆိုနေကြတာ ကြာမြင့်နေပြီဖြစ်ပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */