ရိုဟင်ဂျာ ဒုက္ခသည် ၂၀၀ နီးပါး လိုက်ပါလာတဲ့ စက်လှေ တစင်းကို မလေးရှားနိုင်ငံ လန်ကာဝီကျွန်းမှာ မလေးကမ်းခြေစောင့် တပ်ဖွဲ့က ဇန်နဝါရီ ၃ ရက် မှာ ဖမ်းဆီးလိုက်ပါတယ်။ အလားတူ စက်လှေ နောက် ၂ စီးကိုလည်း မလေးရှား ရေပိုင်နက်ထဲမှာ ဆက်လက် ရှာဖွေနေတယ်လို့ မလေးရှား ရေကြောင်း ဆိုင်ရာ တရားဥပဒေ စိုးမိုးရေး အေဂျင်စီက သတင်းထုတ်ပြန်ထားပါတယ်။ VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မလေးရှားနိုင်ငံ လန်ကာဝီကျွန်း Teluk Yu ကမ်းခြေမှာ ဇန်နဝါရီလ ၃ ရက် မနက် ၃ နာရီကျော် အချိန်လောက်မှာ မြန်မာနိုင်ငံကလာတဲ့ ရိုဟင်ဂျာ ၁၉၆ ဦးကို သယ်ဆောင်လာတဲ့ လှေတစ်စင်း သောင်တင်နေတာကို တွေ့ရတဲ့အတွက် မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးအရေးယူလိုက်တာ ဖြစ်ပါတယ်။
မလေးရှား ပြည်ထဲရေးဝန်ကြီး Datuk Seri Saifuddin Nasution က မလေးဘာသာနဲ့ အခုလိုပြောသွားပါတယ်။

"ကျနော်တို့နိုင်ငံ အတွင်း ဝင်ရောက်တဲ့ ရိုဟင်ဂျာ ဦးရေ တသိန်းလောက်ရှိနေပါတယ် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေက သတင်းပို့လာတဲ့မှတ်တမ်းတွေအရသိရပါတယ်" လို့ ပြောသွားပါတယ်။
အခုဖမ်းမိတဲ့စက်လှေဟာ ဇန်နဝါရီလ ၃ ရက်နေ့မနက်အစောပိုင်းမှာ မလေးရှားနိုင်ငံပိုင်နက် လန်ကာဝီ ကျွန်း Teluk Yu ကမ်းခြေမှာ လာရောက်ဆိုက်ကပ်လာတာ ဖြစ်တယ်လို့ မလးရှား ရေကြောင်းဆိုင် ရာ အေဂျင်စီက ရေတပ်ဗိုလ်ချုပ်ကြီး Datuk Mohd Rosli Abdullah က သတင်းထုတ်ပြန်ထားပါတယ်။
မလေးရှား ရေကြောင်း ထိန်းသိမ်းရေး အေဂျင်စီက ရရှိတဲ့ အချက်အလက်တွေအရ ပင်လယ်ပြင်မှာလည်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို သယ်ဆောင်လာတယ်လို့ ယူဆရတဲ့ နောက်ထပ် လှေနှစ်စင်း ဆက်လက် ထောက်လမ်းရှာဖွေနေတယ်လို့ ဆိုပါတယ်။ အခုလာတာဟာ လှေ ၄ စီးလောက်ရှိတယ်လို့ သတင်းရထားကြောင်း လူ ၇၀၀ ထက်မနည်း ထွက်လာကြတာဖြစ်သလို ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်မှာ စစ်ဖြစ်နေတာကြောင့် နေထိုင်စားသောက်ဖို့အခက်အခဲတွေနဲ့ ထွက်လာကြတာလို့လည်း Association Rohingya Thailand အဖွဲ့အစည်းက ပြောရေးဆိုခွင့်ရှိသူ နိုင်အာလီက ပြောပါတယ်။
"လူ ၇၀၀ ကျော်လာတယ် လမ်းမှာ လေးငါးရက်ရှိနေပြီလို့သတင်းရထားပါတယ်။ သူတို့စားဖို့သောက်ဖို့ခက်တယ် အလုပ်မရှိဘူး လူတွေကဒုက္ခဖြစ်နေတယ် လူတွေကိုဖမ်းတယ် ရိုက်တယ် ပိုက်ဆံကောက်တယ်သူတို့မှာထမင်းစားဖို့ထမင်းမရှိဘူး၊ နေလို့လည်းမရဘူး ရခိုင်ပြည်မှာ ထွက်ပြေးနေရတော့ နေလို့မရဘူး အလုပ်လည်းမရှိဘူး ကျန်းမာရေးမကောင်းတော့လည်းဆေးထိုးဖို့မရှိဘူး အဲဒါတွေဖြစ်နေလို့လေ"
အခုဖမ်းမိတဲ့ အမျိုးသမီးကလေးတွေအပါအဝင် ၁၉၆ ဦးကို လန်ကာဝီ လူဝင်မှုထိန်းသိမ်းစခန်းမှာ ထိန်းသိမ်းထားပြီး သူတို့ကို တရားမဝင်ခိုးဝင်လာမှုတွေနဲ့ ဆက်လက်အရေးယူသွားဖို့ရှိတယ်လို့ဆိုပါတယ်။ နောက်ထပ် စက်လှေနှစ်စင်း ဖမ်းမိနိုင်ဖို့အတွက်လည်း လမ်ကာဝီကျွန်း ရေတပ်က စက်လှေနစ်စီးကို မလေးရေပိုင်နက်မှာတွေ့ပါက သတင်းပေးကြဖို့ အရေးပေါ် ဆက်သွယ်ရေးလိုင်းကနေ တ ဆင့်သတင်းထုတ်ပြန်ထားပါတယ်။
Link : Here

No comments:
Post a Comment