RFA
RFA Burmese
2025.01.03
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်ကို ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။
မလေးရှားနိုင်ငံမြောက်ဘက် အပန်ဖြေကျွန်း လန်ကာဝီ (Langkawi) မှာ သောင်တင်နေတဲ့ မြန်မာ နိုင်ငံကလို့ ယူဆရတဲ့ ရိုဟင်ဂျာ နှစ်ရာနီးပါးကို မလေးရှားရဲတွေက ဖမ်းဆီးမိခဲ့ပါတယ်။ ဒီထဲမှာ အမျိုးသား ၆၈ ဦး၊ အမျိုးသမီး ၅၇ ဦး နဲ့ ယောက်ကျားလေး ၃၂ ဦး နဲ့ မိန်းကလေး ၃၉ ဦးပါဝင်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူအားလုံးဟာ လွန်ခဲ့တဲ့ ၁၀ ရက်က မြန်မာနိုင်ငံက လှေနဲ့ထွက်ခွာလာတဲ့ ရိုဟင်ဂျာလူမျိုးတွေလို့ ယူဆရကြောင်း လန်ကာဝီရဲချုပ် ရှာရီမန် အာရှာရီ ကပြောပါတယ်။ သူတို့ကို လန်ကာဝီမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးဌာနကို လွှဲပြောင်းထားပြီး ကျန်းမာရေး စစ်ဆေးပေးခဲ့တယ်လို့ ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းသူတွေကို တင်ဆောင်လာတဲ့လှေတွေကို ရှာဖွေဖို့ မလေးရှားရေကြောင်းထိန်းသိမ်းရေး အေဂျင်စီ (MMEA) က ကင်းလှည့်တာတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
MMEA ညွှန်ကြားရေးမှူးချုပ် Mohd Rosli Abdullah ရဲ့ ပြောဆိုချက်အရ ပင်လယ်ပြင်မှာ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းတွေကို တင်ဆောင်လာတဲ့ နောက်ထပ် လှေနှစ်စင်းရှိနေပြီး သူတို့ရဲ့နေရာအတိအကျကို မသိရသေးဘူးလို့ ဆိုပါတယ်။ ဒီလှေတွေရဲ့ တည်နေရာကို သိရဖို့ ထိုင်းအာဏာပိုင်တွေနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
၂၀၁၀ ကနေ ၂၀၂၄ ခုနှစ်အတွင်း မလေးရှားနိုင်ငံတွင်းကို မြန်မာနိုင်ငံက လှေ ၁၈ စင်းနဲ့ ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ အထောက်အထားမဲ့ရွှေ့ပြောင်းလုပ်သား ၂၀၈၉ ဦးကို MMEA နဲ့ အခြားအာဏာပိုင်တွေက ဖမ်းဆီးမိခဲ့တယ်လို့ Mohd Rosli Abdullah က ပြောပါတယ်။
ဆက်နွယ်သောသတင်းများ

- မြန်မာနိုင်ငံက လာတဲ့လှေတွေရှာဖွေဖို့ မလေးရှားနှစ်ဆတိုးကင်းလှည့်
- ပေါက်တောမှာ ရိုဟင်ဂျာ ငါးထောင်ကျော် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေ
- လူကုန်ကူးခံရတဲ့ ရိုဟင်ဂျာ ခြောက်ဆယ်ကျော်ကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ ကယ်တင်
- နိုင်ငံတစ်ဝန်း ရိုဟင်ဂျာ နှစ်ထောင်ခန့် အကျဉ်းချခံထားရကြောင်း PPNM ပြော
- အိန္ဒိယနိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်ကလေးတွေ ပညာသင်ယူခွင့် ခက်ခဲနေ
No comments:
Post a Comment