" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, October 25, 2019

ဘင်္ဂလားဒေ့ရှ်၌ ဆယ်ကျော်သက်မိန်းကလေးတစ်ဦးကို အရှင်လတ်လတ်မီးရှို့သတ်ခဲ့မှုဖြင့် လူ ၁၆ ဦးကို သေဒဏ် ပေး

မြန်မာ့အလင်း
ဒါကာ
အောက်တိုဘာ ၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဆယ်ကျော် သက် မိန်းကလေးငယ်တစ်ဦးကို အရှင်လတ်လတ်မီးရှို့ခဲ့သူ ၁၆ ဦးကို သေဒဏ်ပေးလိုက်ကြောင်း သိရ သည်။ အဆိုပါမိန်းကလေးသည် ၎င်း၏ ကျောင်းအုပ်ကြီးအပေါ် လိင် ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုဖြင့် တရားစွဲဆိုထားမှုကို ရုပ်သိမ်းပေးရန် ငြင်းဆန်ခဲ့သည့်အတွက် ထိုသို့မီးရှို့ ခံခဲ့ရခြင်းဖြစ်သည်။


အဆိုပါဖြစ်ရပ်သည် လူပေါင်း ၁၆၈ သန်းနေထိုင်ရာ တောင်အာရှ နိုင်ငံတစ်ခုဖြစ်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ လိင်အကြမ်းဖက်ခံရမှုများ တွင် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိမှုမှာ ထုံးစံတစ်ခုသဖွယ် ဖြစ်နေခြင်းနှင့် ဆင်းရဲနွမ်းပါးသည့် ကျေးလက် ဒေသမှ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရာ စာသင်ကျောင်း ပေါင်း ၂၀၀၀၀ ခန့်တို့တွင် အကြမ်း ဖက်အနိုင်ကျင့်ဖိနှိပ်ခံရမှုများ မကြာ ခဏပေါ်ပေါက်နေမှုကို မီးမောင်းထိုး ပြလျက်ရှိကြောင်း တက်ကြွလှုပ်ရှား သူများက ပြောသည်။

ကျေးလက်ဘာသာရေးကျောင်း တွင် တက်ရောက်နေသည့် ဆယ် ကျော်သက်မိန်းကလေးငယ် နူစရတ် ဂျာဟန်ရာဖီသည် ၎င်း၏ ကျောင်းအုပ် ကြီးက ၎င်းအား လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခဲ့မှုကို တိုင်ကြားခဲ့ပြီး နောက် ဧပြီ ၁၆ ရက်တွင် ဓာတ်ဆီ ဖြင့်လောင်းကာ အရှင်လတ်လတ် မီးရှို့ခံခဲ့ရသည်။ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး နောက်တွင် ကျောင်းအုပ်ကြီးက ရာဖီ အား ထိုသို့ ရက်စက်စွာသတ်ဖြတ်ရန် အကျဉ်းထောင်အတွင်းမှနေ၍ စေ ခိုင်းခဲ့ကြောင်း တောင်ပိုင်းကမ်းခြေရှိ ဖီနီမြို့တရားရုံးက စစ်ဆေးတွေ့ရှိခဲ့ ပြီး အဆိုပါကျောင်းအုပ်ကြီးကိုပါ သေဒဏ်ပေးခဲ့ကြောင်း သိရသည်။

အရှင်လတ်လတ်မီးရှို့ခံခဲ့ရပြီး နောက်တွင် ရာဖီသည် ခန္ဓာကိုယ်၏ ၈၀ ရာခိုင်နှုန်းအထိ မီးလောင်ခံခဲ့ရ ပြီး လေးရက်အကြာတွင် ရရှိသော ဒဏ်ရာများဖြင့် ဆေးရုံပေါ်၌ သေဆုံး သွားခဲ့သည်။ ရာဖီ၏ သေဆုံးမှုက နိုင်ငံတစ်ဝန်းကို ထိတ်လန့်စေခဲ့ပြီး မြို့တော်ဒါကာ၌ ဆန္ဒပြသူများက ၎င်းကို ရက်ရက်စက်စက် သတ်ဖြတ် ခဲ့သူများကို ထိုက်သင့်သည့် ပြစ်ဒဏ် ပေးရန် ရက်များစွာကြာအောင် ဆန္ဒပြခဲ့ကြသည်။

အဆိုပါလူသတ်မှုကြောင့် အမျိုး သမီးများကို အကာအကွယ်ပေးရေး ပိုမိုဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာအပေါ် ဖိအားများ ကျရောက်လာခဲ့ပြီး ၎င်း၏ အစိုးရအဖွဲ့က ကျောင်းပေါင်း ၂၇၀၀၀ တို့တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို တားဆီးရန် အတွက် ကော်မတီများဖွဲ့စည်းရေး ညွှန်ကြားခဲ့သည်။

အေအက်ဖ်ပီ

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */