" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, January 24, 2019

ရိုဟင်ဂျာတွေထားမယ့်ကျွန်း ယန်ဟီးလီကြည့်ရှု


■ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ရွှေ့ပြောင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်ထားတဲ့ ကျွန်းပေါ်ကို ဒီကနေ့ သွားရောက် ကြည့်ရှုခဲ့ပါတယ်။

ဘာဆန်ချာလို့ အမည်ရှိတဲ့ အဲဒီကျွန်းဟာ ရွှံ့နွံထူထပ်ပြီး လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်ကမှ ပင်လယ်ထဲက ပေါ်ထွက်လာတဲ့ ကျွန်းဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ အမေရိကန်ဒေါ်လာ သန်း ၂၈ဝ အကုန်အကျခံပြီး အဲဒီကျွန်းမှာ ဒုက္ခသည် တချို့ကို နေရာချပေးဖို့ ကြိုးစားနေပါတယ်။

မစ္စယန်ဟီးလီဟာ အဲဒီကျွန်းပေါ်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေနဲ့အတူ ရဟတ် ယာဉ်နဲ့ သွားရောက်ခဲ့ပြီး ကျွန်းပေါ်မှာတည်ဆောက်နေတဲ့ အဆောက်အဦးတွေကို စစ်ဆေးခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

(Image: HRW)
https://www.facebook.com/rfaburmese/photos/a.10150522560153128/10158433544843128/?type=3&theater 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */