" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, March 28, 2019

ဘင်္ဂါလီအရေး ဘင်္ဂလားဒေ့ရှ်၏ အပြုသဘောပူးပေါင်း ဆောင်ရွက်မှု လိုအပ်ဟု တပ်ချုပ်ပြော

ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကအပြုသဘောဆောင်ပူးပေါင်း ဆောင်ရွက်ရန်လို အပ် သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ကပြောကြားသည်။

မြန်မာနိုင်ငံသို့ (၆) ကြိမ် မြောက်ခရီးစဉ်အဖြစ်လာရောက် သော ကုလသမဂ္ဂအထွေထွေအ တွင်းရေးမှူးချုပ် ၏ အထူးကိုယ် စားလှယ်မစ္စစ်ခရစ္စတင်းရှယန်နာ ဘာဂီနာကို နေပြည်တော်ရှိဘုရင့် နောင်ရိပ်သာဧည့် ခန်း မဆောင်၌ မတ်လ ၂၆ ရက်က လက်ခံတွေ့ ဆုံစဉ်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ယင်းသို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

တွေ့ဆုံမှုအတွင်းပြည်တွင်း ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်တွင် AA အဖွဲ့၏ အကြမ်းဖက်ဆောင် ရွက်မှုများ၊ IDP Camp များရှိစစ် ဘေးရှောင်ပြည်သူများအား အကူအညီပေးရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း တပ်မတော် က သတင်းထုတ်ပြန်ထားသည်။

၂၀၁၇ အတွင်း ရခိုင်ပြည် နယ်တွင်ဖြစ်ပွားခဲ့သော ဖြစ်စဉ် များနှင့် နိုင်ငံတကာ၏ ဝေဖန်စွပ် စွဲချက်များအပေါ် စစ်ဘက်ဥပဒေ နည်းလမ်းအတိုင်းတပ်မတော်က စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်း ဆောင်ရွက်သည့် အခြေအ နေနှင့် တပ်မတော်၏ လစဉ်သတင်းစာ ရှင်းလင်းပွဲပြလုပ်နေသည့် အ ခြေအနေများ ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။

ကုလအထူးကိုယ်စားလှယ် ၏ နှစ်ရက်ကြာမြန်မာနိုင်ငံခရီးစဉ် အတွင်း လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီး ဒေါက်တာဝင်း မြတ်အေးနှင့် သီးခြားတွေ့ဆုံ၍ နေရပ်စွန့်ခွာသူများပြန် လည် လက်ခံရေးလုပ်ငန်းစဉ်ကို ဆွေး နွေးခဲ့သေးသည်။

တွေ့ဆုံစဉ် အထူးကိုယ်စား လှယ်၏ ရုံးနှင့် ၀န်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေသောနေရပ်စွန့်ခွာ သူ များအတွက် မြန်မာနိုင်ငံအစိုးရက ဆောင် ရွက်နေမှုများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပါ ၀င်သော ‘Factsheet’ ရေးသား ပြုစုနေမှုနောက်ဆုံးအခြေအနေ များ ဆွေးနွေးသည်။ အဆိုပါ ‘Factsheet’ များကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသူများထံသို့ ဖြန့် ဖြူးပေးနိုင်ရန် စီစဉ် နေခြင်းဖြစ် သည်။ ထို့အပြင် ဧပြီအတွင်း မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစည်းအဝေးကျင်းပရန် စီစဉ် နေ သည့် အခြေအနေများ၊ နေရပ် စွန့်ခွာသူများပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် အာဆီယံ နိုင်ငံများမှ ပူးပေါင်းဆောင်ရွက် နေမှုများ၊ ရခိုင်ပြည်နယ်အတွင်း လတ်တလောတိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည် သူများအား လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများပေးအပ် နေမှုများ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ယင်းနောက် ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေ နီအသင်း၊ ICRC၊ IFRC တို့နှင့် ပူးပေါင်း၍ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများပို မိုထိရောက်စွာပေးအပ်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်နေ မှုများ ဆွေးနွေးခဲ့သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။


လင့်၊http://www.7daydaily.com/story/153208

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */