" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, January 24, 2019

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေရဲ့ ပညာရေး UNICEF ဆောင်ရွက်ပေးနေ



■ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာကလေးငယ် ၁ သိန်း ၄ သောင်း ၅ ထောင်လောက်ဟာ အခုအချိန်မှာ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့အကူအညီနဲ့ ပညာသင်ကြားနေကြပြီလို့ သိရပါတယ်။

ဒုက္ခသည်စခန်းတွေထဲမှာ ကျောင်းစာသင်ခန်းပေါင်း ၁၆ဝဝ လောက် တည်ဆောက်ပြီးသွားပြီလို့ ဆိုပါတယ်။

ရိုဟင်ဂျာဒုက္ခသည်ပြဿနာဟာ အလျင်အမြန် ကြီးထွားလာနေတဲ့အတွက် အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေတယ်လို့ UNICEF အဖွဲ့ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Edouard Beigbeder က ပြောပါတယ်။

စာသင်ခန်းတွေ ဖွင့်လှစ်ပေးနိုင်ခဲ့ပေမယ့် ဒီကလေးသူငယ်တွေအတွက် နောက်ထပ် လုပ်ဆောင်ပေးဖို့ အများကြီး ကျန်နေသေးတယ်လို့လည်း ပြောလိုက်ပါတယ်။

- ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် UNICEF အကူအညီဖြင့်ဖွင့် လှစ် ထားသည့် စာသင်ခန်း။
(Photo: UNICEF)
https://www.facebook.com/rfaburmese/photos/a.10150522560153128/10158433533713128/?type=3&theater 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */