Wednesday, January 30, 2019

မြန်မာအစိုးရက ရိုဟင်ဂျာများကို ပြန်ခေါ်ရန် အတွက် ဆက်လက် ဖိအား ပေးနေရန် လိုအပ်ဟု ဘင်္ဂလား ဒေ့ရှ် ဝန်ကြီးချုပ်ပြော

Rohingya Today
ရှား၊ Jan 30 2019 ၊  

                                          ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်၏ အထူးသံတမန်တို့ တွေ့ဆုံစဉ် (ဓါတ်ပုံ - BSS)

 ဗီယက်နမ်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာအစိုးရကို အတင်းအဓမ္မ ဖယ်ရှားခံရသည့် မြန်မာနိုင်ငံသား (ရိုဟင်ဂျာ) များကို ပြန်ခေါ်ရန်အတွက် ဆက်လက်ဖိအားပေးနေရန် လိုအပ်သည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ချုပ် ရှိတ်ဟာဆီနာက ပြောကြားလိုက်သည်။

“မြန်မာနိုင်ငံအနေနဲ့ သူတို့ရဲ့နိုင်ငံသားတွေကို ဘင်္ဂလားဒေ့ရှ်ကနေ ပြန်ခေါ်ကို ခေါ်ရမယ်၊ သူတို့ ဒီကနေ နေရပ်ပြန်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ပါဝင်ကူညီစေချင်တယ်” ဟု ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် ၏ အထူးသံတမန်၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး Nguyen Quoc Dzung နှင့် ယနေ့ (ဇန်နဝါရီလ ၃၀ ရက်) နံနက်ပိုင်းတွင် ၎င်း၏ နေအိမ်၌ တွေ့ဆုံစဉ် ပြောကြားသည်။

ဗီယက်နမ် ဝန်ကြီးချုပ်၏ အထူးသံတမန်နှင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တို့ တွေ့ဆုံပြီးနောက် သတင်းဌာန ဆိုင်ရာအတွင်းဝန် မစ္စတာအဟ်စနူလ်ကရီးမ်က သတင်းထောက်များကို အကျဉ်းချုပ်၍ ထုတ်ဖော်ပြော သည်။

ရှိတ်ဟာဆီနာက ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ရိုဟင်ဂျာများ နေရပ်ပြန်ရေးအတွက် သဘော တူစာချုပ် ချုပ်ဆိုထားကြောင်း၊ သို့သော်လည်း အဆုံးသတ်ထိ အကောင်အထည်ဖော်ရန် ကြန့်ကြာနေသည် ဟု ပြောသည်။

Bhasan Char သို့ ရိုဟင်ဂျာများကို ပြောင်းရွှေ့ခြင်းမှာ ယာယီသာဖြစ်ပြီး ၎င်းတို့သည် ၎င်းတို့၏ တိုင်းပြည် ကို ပြန်ရမည် ဖြစ်သည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

ဗီယက်နမ် ဝန်ကြီးချုပ်၏ အထူးသံတမန်က ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ကို တစ်သန်းကျော်သည့် ရိုဟင်ဂျာများ ကို နေရာထိုင်ခင်း ပေးထားခြင်းအတွက် ချီးကျူးပြောဆိုပြီး၊ ကြီးမားသည့် လူသားချင်းစာနာထောက်ထားမှု အလုပ်တစ်ခု ဖြစ်သည်ဟု ပြောသည်။

“ဒါကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်တယ်” ဟု၎င်းကဆိုသည်။ ရိုဟင်ဂျာအရေးကိစ္စနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်အတူ စည်းရုံးညီညွတ်မှုကို ပြသသည့်အနေဖြင့် ဗီယက်နမ်နိုင်ငံက အမေရိကန်ဒေါ်လာ ငါးသောင်း လှူဒါန်းမည်ဟု ဗီယက်နမ် ဝန်ကြီးချုပ်၏ အထူးသံ တမန် က ပြောကြားကြောင်း ဘင်္ဂလားဒေ့ရှ်မှ BSS သတင်းဌာနက ရေးသားဖော်ပြထားသည်။
 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */