" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, January 12, 2023

သန်လျင်မှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၈ဝ ခန့် ထောင်နှစ်နှစ်စီ ချမှတ်ခံရ

RFA
RFA Burmese
2023.01.11
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ကတုံးလေးကျွန်းအနီးတွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် မြို့ဟောင်းအရှေ့ရပ်ကွက်မှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာအယောက် ၈ဝ ထဲက တစ် ယောက်ဟာ အူအတက်ပေါက်လို့ သေဆုံးသွားပြီး ကျန်တဲ့ ၇၉ ယောက်ကတော့ စစ်ကောင်စီရဲ့ သန်လျင်မြို့နယ် တရားရုံးကနေ ဇန်နဝါရီ ၁ဝ ရက်နေ့မှာ ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခံလိုက်ရပါတယ်။

အမိန့်ချခံရပြီးနောက် ဇန်နဝါရီ ၁၁ ရက်နေ့မှာ အသက်ပြည့်ပြီးသူတွေကို အင်းစိန်ထောင်ကို ပို့ဆောင်ပြီးအသက် မပြည့်သေးသူတွေကိုတော့ လူငယ်သင်တန်းကျောင်းတွေကို ပို့တယ်လို့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က ပြောပါတယ်။

“စဖမ်းတုန်းက သူတို့ကို သန်လျင်က ဘောလုံးကွင်းတစ်ခုရဲ့ အခန်းတွေထဲမှာ ထားတယ်။ သူတို့ကို အမိန့်မချခင် နှစ်ရက်လောက်အလိုမှာ သန်လျင်က ဗလီတစ်ခုကို ပြောင်းလိုက်တယ်။ အမိန့်ချချပြီးချင်းတော့ လူကြီး ၄၆ ယောက်ကို အချုပ်ခန်းထဲ ထည့်လိုက်တယ်။ အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက် ၃၃ ယောက်ကိုတော့ ဗလီ မှာပြန်ထားပြီး ဒီနေ့(ဇန်နဝါရီ ၁၁ ရက်နေ့)မှာ ပြန်စီမံတာပေါ့။ ဆုံးသွားတဲ့တစ်ယောက်က အဖမ်းမခံရခင် က တည်းက အူအတက်ရောင်နေတာ။ နောက်တော့ အခြေအနေဆိုးလာလို့ သူ့ကို ဆေးခန်းခေါ်သွားတယ်၊ ဆေး ခန်းကနေ နောက်တော့ ဆေးရုံခေါ်သွားတဲ့အချိန်မှာ လမ်းမှာပဲ ဆုံးသွားတယ်လို့ ပြောတယ်။”

အဲဒီရိုဟင်ဂျာတွေဟာ ပွဲစားအဆက်အသွယ်နဲ့ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလကတည်းက မြို့ဟောင်းရပ်ကွက်ထဲမှာ အိမ်ငှားနေထိုင်ခဲ့ကြတာဖြစ်ပြီး ဇန်နဝါရီ ၂ ရက်နေ့ညက ဖမ်းဆီးခံရတာပါ။ သူတို့ကို ခေါ်လာတဲ့ ပွဲစားတွေနဲ့ အိမ်ရှင်ကတော့ ထွက်ပြေးသွားတယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီက ရိုဟင်ဂျာတွေကို အထောက်အထားမဲ့သွားလာလို့ဆိုပြီး လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ တွေနဲ့ ဖမ်းဆီးထောင်ချနေတာဖြစ်ပါတယ်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ ဖမ်းဆီးခံထားရတဲ့ အသက် ၁၈ နှစ်အောက် ရိုဟင်ဂျာ ကလေး ၁၂ ဦး အပါ အ ဝင် အမျိုးသား ၅၇ ဦးနဲ့ အမျိုးသမီး ၄၇ ဦးကိုလည်း စစ်ကောင်စီရဲ့ ဘိုကလေးမြို့နယ်တရားရုံးက ဇန်နဝါရီလ ၅ ရက်နေ့က ထောင်နှစ်နှစ်ကနေ ငါးနှစ်အထိ ချခဲ့ပါတယ်။ သူတို့ဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်က ဘိုက လေးမြို့နယ်၊ ကတုံးလေးကျွန်းအနီးမှာ ဖမ်းဆီးခံခဲ့ရတာပါ။

အရင်နှစ်တွေကထက်စာရင် စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းက ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခ သည်စခန်းတွေက ရိုဟင်ဂျာတွေဟာ ကုန်းလမ်း၊ ရေလမ်းအသုံးပြုပြီး ပြည်ပနိုင်ငံတွေဆီ ထွက်ဖို့ ကြိုးစားမှု များလာတယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက ပြောကြပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */