KACHIN NEWS GROUP 18th November 2019
လန်ဒန် ဆန္ဒပြပွဲ၊ မေလ ၈၊ ၂၀၁၇
ရိုဟင်ဂျာလူနည်းစုများပေါ် လူမျိူးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး မြန်မာခေါင်းဆောင်များကို ICJ နိုင်ငံ တကာခုံရုံးမှာ ဂမ်ဘီယာနိုင်ငံ တရားစွဲထားခြင်းကို ထောက်ခံကြောင်း ကချင်အမျိုးသားအစည်း အရုံး (KNO) က သတင်းထုတ်ပြန်သည်။
Kachin National Organization – KNO သည် ၂၀၀၈ စစ်တပ်ရေးဆွဲသည့် အခြေခံဥပဒေအရ ဖွဲ့စည်းသော အစိုး ရကို ယခုအချိန်ထိ အသိအမှတ်ပြုခြင်း မရှိသည့် ပြည်ပအခြေစိုက် အကြီးဆုံး ကချင်နိုင်ငံရေးအဖွဲ့ အ စည်း ဖြစ် သည်။
အဖွဲ့ဝင် (၅၇) နိုင်ငံ ပါဝင်သော OIC အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ကိုယ်စားပြုပြီး ဂမ်ဘီယာ နိုင်ငံက ကမ္ဘာ့အမြင့်ဆုံး International Court of Justice – ICJ မွာ နိုဝင်္ဘာလ (၁၁)ရက်နေ့ အမှုစွဲတင်လိုက် ခြင်းဖြစ်သည်။
“ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ICJ မှာ တရားစွဲခြင်းကို ကျနော်တို့ KNO ထောက်ခံပါ တယ်။ ဘာဖြစ်လို့လဲဆိုရင် လူသားတွေကို အဲ့ဒီလို မြေပုံမှ ကျေးရွာတွေကို မီးရှို့ဖျက်ဆီး၊ ဗလီတွေကို ဖျက် ဆီးတာဟာ လူ့စိတ် မဟုတ်တော့ဘူး။ ကျနော်တို့ ကချင်လူမျိူးတွေလည်း ဒီလိုခံနေရတာ အနှစ် ၅၀၊ ၆၀ ရှိလာပြီလေ” ဟု လန်ဒန်မြို့ KNO နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဦး Layang Hkun Htoi က ဆိုပါသည်။
ကချင်အမျိုးသားများ လွတ်မြောက်ရေးအတွက် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းလုပ်ဆောင်ကြရန် ၂၀၁၁ ခုနှစ်မှာ ကချင် လွတ်လပ်ရေးအဖွဲ့ KIOနှင့် နားလည်မှုစာချွန်လွှာ MOU ကို လက်မှတ် ရေးထိုးထားသော KNO သည် ၂၀၁၇ ခုနှစ် ရခိုင် ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာ အရေးအခင်း ဖြစ်မပေါ်လာခင်ကတည်းက ကချင်ဒေသတွင် လူ့အခွင့် အရေးကျူးလွန်သော မြန်မာအစိုးရကို International Criminal Court – ICC နိုင်ငံတကာရာဇဝတ်မှု စစ်ခုံရုံးမှာ တ ရားစွဲရန် ၂၀၁၅မှ ကြိုးပမ်းလာခြင်း ဖြစ်သည်။
“ဂမ်ဘီယာ အစိုးရကနေပြီးတော့ ရိုဟင်ဂျာလူမျိုးတွေ မြန်မာအစိုးရရဲ့စနစ်တကျ ဖိနှိပ်သတ်ဖြတ်မှုတွေ ခံနေရတာကို တရားစွဲထားတာဖြစ်ပြီး အလားတူ မိမိတို့ ကချင်လူမျိုးတွေပေါ်မှာလည်း စနစ်တကျနဲ့ ရည် ရွယ်ချက်ရှိရှိ မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေကို ခံနေရတာဟာ အခုနှစ်ပေါင်း (၅၀) ကျော်လာပြီ ဖြစ်ကြောင်း” KNO က နိုဝင္ဘာလ (၁၅)ရက်နေ့ သတင်းထုတ်ပြန်ထားပါသည်။
ထို့ကြောင့် လူမျိုးတုန်းသတ်ဖြတ်မှုတွင် တာဝန်ရှိသောမြန်မာအစိုးရခေါင်းဆောင်များကို ICJ မှာ တရားစီရင်နိုင်ရေး ဂမ်ဘီယာ အစိုးရလုပ်ဆောင်လာခြင်းကို KNO က အခိုင်အမာ ထောက်ခံပါကြောင်း၊ ရိုဟင်ဂျာ အပြင် အခြား မြန်မာ တိုင်း ရင်းသားများ တရားမျှတမှု ရရှိရေး နှင့် ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအားလုံးလည်း ပါဝင်ကူညီကြရန် မျှော်လင့်ပါကြောင်း ကချင်အမျိုးသားအစည်းအရုံး KNO က ထုတ်ပြန်ပါသည်။
No comments:
Post a Comment