" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, December 4, 2019

ICJ တရားစွဲမှု ကချင်အဖွဲ့အချို့ထောက်ခံ

RFA
လွတ်လပ်တဲ့အာရှအသံ
2019-12-04

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမြို့မှာ ၂၀၁၉ ဇန်နဝါရီ ၁၀ ရက်နေ့ကကျင်းပတဲ့ ကချင်ပြည်နယ်နေ့ကို တက်ရောက်လာစဉ်
Photo: Elizabeth/RFA
ဂမ်ဘီယာနိုင်ငံက မြန်မာကို နိုင်ငံတကာတရားရုံး ICJ မှာ အမှုဖွင့်စွဲဆိုတာကို ကချင်အရပ်ဘက်အဖွဲ့ အစည်း တချို့က ထောက်ခံကြပါတယ်။ ဘာလို့လဲဆိုတော့ ICJ ကသာ တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်မှာဖြစ်တယ် လို့ သုံးသပ်ကြလို့ပါ။ ဒေါ်အောင်ဆန်းစုကြည် ICJ မှာ အမှုရင်ဆိုင်မယ့်ကိစ္စကို NLD ပါတီ က ဦးဆောင်ပြီးတော့ မြို့ကြီးတွေမှာ ထောက်ခံပွဲတွေလုပ်နေကြပါတယ်။ အဲဒီထဲမှာ မြစ်ကြီးနား မြို့လည်း ပါဝင်ဖို့ရှိနေပါတယ်။

မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး ICJ မှာ တရားစွဲဆိုတဲ့ကိစ္စကို၊  ကချင်နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားနေတဲ့ လူငယ်တွေတချို့ကတော့ ICJ ဘက်ကို ရပ်တည်ပေးနေသူတွေလည်း ရှိနေပါတယ်။

ကချင်ပြည်နယ်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ကာလတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်းရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြစ်မှုကျူးလွန်သူတွေကို ပြည်တွင်းတရား စီရင် ကနေ တရားမျှတမှု ဆောင်ကြဉ်းပေးနိုင်မှု နည်းပါးခဲ့တာကြောင့် နိုင်ငံတကာတရားရုံး ICJ လိုနေရာမျိုးကသာ ဆောင် ရွက်ပေးနိုင်မယ်လို့ ယုံကြည်နေတဲ့ နိုင်ငံရေးပါတီလည်းရှိနေပါတယ်။

နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာနိုင်ငံကို တရားစွဲတယ်ဆိုတာဟာ ပြစ်မှုကြောင်းတစ်ခုအတွက် တရားစွဲ တာဖြစ်တဲ့အတွက် ထောက်ခံတယ်လို့ ကချင်အမျိုးသားကွန်ကရက်ပါတီဥက္ကဋ္ဌ M ကောန်လ က ပြောပါ တယ်။

စစ်တပ်အနေနဲ့ တိုင်းရင်းသားဒေသတွေမှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးလုပ်ခဲ့ပေမဲ့ ပြန် လည်တုံ့ပြန်မယ့် အဖွဲ့အစည်းမရှိခဲ့ဘူး အခုလို နိုင်ငံတကာကနေ စစ်တပ်ကို ဖိအားပေးတရားစွဲဆိုတာကို လက် ခံတယ်လို့ လူငယ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ  မဆိုင်းနူးပန် ကပြောပါတယ်။

ရိုဟင်ဂျာမွတ်စလင်တွေအပေါ် တပ်မတော်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့စွပ်စွဲချက်ဟာ တိုင်း ရင်းသားတွေနဲ့လည်း ဆက်စပ်မှုရှိတယ်လို့ ကချင်ပြည်နယ် ပြည်သူ့ပါတီဒုဥက္ကဋ္ဌ ဦးအောင်ခမ်းက ပြောပါတယ်။

ကချင်အရပ်ဘက်အဖွဲ့၊ တက်ကြွလှုပ်ရှားသူလူငယ်တွေနဲ့ ကချင်နိုင်ငံရေးပါတီတချို့က တရားစွဲဆိုမှုကို ထောက်ခံနေကြပေမယ့်၊ ICJ အမှုကို ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်မယ့်ကိစ္စကို ထောက်ခံဆန္ဒပြကြဖို့ စိုင်းပြင်းနေသူတွေက ကချင်ပြည်နယ်က NLD ပါတီဖြစ်ပါတယ်။

NLD ပါတီက ခန့်အပ်ထားတဲ့ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်းက ဆန္ဒပြပွဲကို ဒီဇင်ဘာ ၉ ရက်နေ့ မှာ အရပ်ဘက်လူမှုအသင်းအဖွဲ့၊ ရပ်မိရပ်ဖတွေနဲ့ NLD ပါတီက ဦးဆောင်ပြုလုပ်မယ်လို့ RFA ကို ပြောပါ တယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ NLD ပါတီတို့ဟာ နိုင်ငံရေးကိစ္စ ရပ်တည်ချက်တွေမှာ သဘော ကွဲ လွဲ ကြပေမယ့် ICJ ကိစ္စမှာတော့ သဘောထားတူညီနေတာ တွေ့ရပါတယ်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုတာ ဖြစ်တဲ့အတွက် တပ်မတော်၊ ဒေါ်အောင်ဆန်းစုကြည် ရယ် လို့ ခွဲခြား မမြင်သင့်ကြောင်းနဲ့၊ နိုင်ငံတော်တစ်ခုအနေနဲ့ ဘယ်လောက်ထိ ဖြေရှင်းနိုင်တယ်ဆိုတဲ့အပေါ် ရပ်တည် သွားမှာ ဖြစ်တယ်လို့ ဆိုလာသူက ကချင်ပြည်နယ် ကြံ့ခိုင်ရေးပါတီရဲ့ ပြောခွင့်ရ ဦးချန်ထန်ခင်ပါ။

မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုသဘောတူညီချက် Geneva Convention၊ ကုလသမဂ္ဂ ပဋိညာဉ် UN Charter ချိုး ဖောက်မှုတွေကြောင့် အစ္စလမ်မစ်နိုင်ငံ ၅၇ နိုင်ငံကိုယ်စားပြုပြီးတော့ ဂမ်ဘီယာနိုင်ငံက မြန်မာ နိုင်ငံကို နိုင်ငံတကာတရားရုံး ICJ မှာ စွဲဆိုထားတာဖြစ်ပါတယ်။

ဂမ်ဘီယာနိုင်ငံက နယူးယောက်အခြေစိုက် နာမည်ကြီး Foley Hoag ဥပဒေအကျိုးဆောင်ကုမ္ပဏီကို ငှားရမ်း ထားပြီးတော့၊ မြန်မာအစိုးရကလည်း Middlesex University London က ပါမောက္ခ၊ ဥပဒေပါရဂူဘွဲ့ရ ဝီလီယံ ရှဘတ်စ်ကို ငှားရမ်းတယ်လို့ သတင်းတွေပေါ်ထွက်နေပါတယ်။ အစိုးရကတော့ အတည်ပြုထုတ် ပြန်တာမျိုး မရှိသေးပါဘူး။

ဒီဇင်ဘာ ၁၀ ကနေ ၁၂ရက်နေ့အထိ နယ်သာလန်နိုင်ငံမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်ပြီးတော့ သွားရောက် ထွက်ဆိုချက်တွေ ပေးရမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ခရီးကို နယ်သာလန်နိုင်ငံမှာနေတဲ့ မြန်မာနိုင်ငံသားတချို့ကလည်း ထောက်ခံဆန္ဒပြဖို့ ရှိနေပြီးတော့၊ လူမျိုးတုံး သတ် ဖြတ်မှု အားပေးသူ၊ ဖုံးကွယ်ပေးသူဖြစ်တယ်လို့ စွပ်စွဲဆန္ဒပြဖို့လည်း ရိုဟင်ဂျာ လူ့အခွင့်ရေးတက်ကြွ လှုပ်ရှား သူတွေ ပြင်နေကြပါတယ်။


Link : Here
   

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */