Thursday, December 10, 2020

တပ်မတော်နဲ့ အေအေ အဖွဲ့တို့ ဝ ဒေသမှာ တွေ့

B B C

ဘီဘီစီ မြန်မာပိုင်း
12 Dec 2020

 ၂၀၁၉ ကျိုင်းတုံဆွေးနွေးပွဲ တက်ရောက်လာတဲ့ အေအေအဖွဲ့
 
၂ နှစ် ကျော်ကြာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ဟာ နှစ်ဖက်လူ ချင်း တွေ့ဆုံဆွေးနွေးမှုတွေ ဝဒေသမှာ စတင် ပြုလုပ်ခဲ့ပါတယ်။

မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ဟာ မနေ့က ဒီဇင်ဘာ ၉ ရက်နေ့က UWSA ၀ ထိန်းချုပ်တဲ့ နယ် မြေမှာ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီ တွေ့ဆုံခဲ့မှုနဲ့ ပတ်သက်ပြီး ၀ တပ်ဖွဲ့ ပြင်ပဆက်ဆံရေး အကြီးအကဲ တစ်ဦးဖြစ်တဲ့ ဦးကျောက်ကော်အမ်း က ဘီဘီစီကို မှန်ကန်ကြောင်း အတည်ပြုပါတယ်။

ဝ တပ် ဖွဲ့က တွေ့ဆုံပွဲ လာရောက်သူတွေရဲ့ လုံခြုံရေးနဲ့ စားသောက်ရေး တာဝန်တွေကို ယူခဲ့ကြောင်းနဲ့ တွေ့ ဆုံပွဲ လာရောက်သူတွေ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပြန်သွားပြီဖြစ်တယ်လို့ လည်း ဦးကျောက်ကော်အန်းက ပြောပါတယ်။

UWSA ၀ ထိန်းချုပ်တဲ့ နယ်မြေမှာ နှစ်ဖက် တွေ့ဆုံရာမှာတော့ တပ်မတော်ဘက်က ဗိုလ်ချုပ်အဆင့် တာဝန်ရှိသူတွေ ပါဝင်ပြီး ရက္ခိုင့်တပ်တော် အေအေဘက်က ဒုတိယစစ်ဦးချုပ် ဒေါက်တာ ညိုထွန်းအောင်ဦးဆောင်ပြီး တွေ့ဆုံခဲ့ကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ရက္ခိုင့်တပ်တော်အေအေဘက်က ဒုတိယစစ်ဦးချုပ် ဒေါက်တာညိုထွန်းအောင်
 
ဒီ တွေ့ဆုံ ဆွေးနွေးပွဲ သတင်းတွေနဲ့ ပတ်သက်လို့ တပ်မတော်ဘက်ကရော ရက္ခိုင့်တပ်တော် အေအေဘက် ကိုပါ ဘီဘီစီက ဆက်သွယ်ပြီး အတည်ပြုနိုင်ခဲ့ခြင်းတော့ မရှိပါဘူး။

ဒါအပြင် ဘာတွေဆွေးနွေးခဲ့တယ်၊ ဘယ်သူတွေ တက်ရောက်ခဲ့တယ်ဆိုတဲ့ အသေးစိတ်အချက် အလက်တွေ ကိုတော့ သူ့အနေနဲ့ ပြောပြခွင့်မရှိဘူးလို့လည်း ဦးကျောက်ကော်အမ်းက ပြောပါတယ်။

မြန်မာ့တပ်မတော်နဲ့ အေအေတို့ အကြား အခုလို လူချင်း တွေ့ဆုံမှု မပြုလုပ်ခင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက် နေ့က အွန်လိုင်းက တစ်ဆင့် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

အွန်လိုင်းက တစ်ဆင့် တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အေအေဘက်က ထုတ်ပြန်ရာမှာတော့ ရခိုင်က ရွေးကောက် ပွဲ မကျင်းပနိုင်ခဲ့တဲ့ ဒေသတွေမှာ ကျင်းပခွင့်ရရေး၊ ဆေးဝါးနဲ့ ရိက္ခာ ပြတ်လပ်နေတဲ့ ကျေးရွာတွေမှာ သယ်ယူ ပို့ ဆောင်ရေး အဆင်ပြေစေဖို့ အပါအဝင် ရရှိပြီးတဲ့ အပြန်အလှန် နားလည်ယုံကြည်မှုကို ဆက်လက် ထိန်း သိမ်း သွားဖို့ဆိုတဲ့ အချက် ၃ ချက်ကို ဆွေးနွေးခဲ့တယ်လို့ ပါရှိပါတယ်။
တပ်မတော်နဲ့ အေအေ အဖွဲ့တို့ တွေ့ဆုံပွဲလုပ်ခဲ့တဲ့ ပန်ဆန်းမြို့ ဓာတ်ပုံ ရင်းမြစ်, Shwe Inn Thar Khin Mg Win

မြန်မာ့တပ်မတော်နဲ့ အေအေတို့အကြား ဆွေးနွေးမှုတွေ မပြုလုပ်ခင် နိုဝင်ဘာလ အစောပိုင်းထိ တိုက်ပွဲတွေအပြင်း အထန်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေကြား နှစ်ဖက် ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးမှု ရာချီရှိခဲ့သလို နေ ရပ် စွန့်ခွာထွက်ပြေးရသူတွေလည်း သိန်းနဲ့ချီရှိခဲ့ပါတယ်။

တပ်မတော်နဲ့ အေအေ ရက္ခိုင့်တပ်တော်တို့ဟာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ခုနှစ် နိုဝင်ဘာ အထိ နှစ်နှစ် ကျော် ကြာ တိုက်ခိုက်ခဲ့ကြပြီး ဂျပန်အစိုးရ ရဲ့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စား လှယ် နဲ့ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့ခေါင်းဆောင် မစ္စတာ ဆာဆာကာဝါကပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်း ကြားဝင် ညှိနှိုင်းပေးမှုတွေ ရှိခဲ့ပါတယ်။

နိုဝင်ဘာလ ၈ ရက်ရွေးကောက်ပွဲ နောက်ပိုင်း မြန်မာတပ်မတော်နဲ့ အေအေ ရက္ခိုင့်တပ်တော်တို့ကြားမှာ တိုက် ပွဲတွေ ဖြစ်ပွားမှု မရှိသေလာက် ဖြစ်နေခဲ့ပေမဲ့ လက်ရှိနှစ်ဖက် ဆွေးနွေးမှုတွေ စတင်နေတဲ့ အချိန်အထိ အစိုးရ ဘက်က အကြမ်းဖက်အဖွဲ့ အဖြစ် အေအေ ကို သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */