Monday, February 18, 2019

အစိုးရနဲ့တပ်ကို တွန်းအားပေးဖို့ အားနည်းခဲ့တယ်လို့ SSPP ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
February 18, 2019

 SSPP/SSA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စိုင်းဆု ကို တွေ့ရစဉ်
 

 အစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တိုက်ပွဲဖြစ်နေတာကြောင့် တိုင်းရင်းသားတွေ မျှော်မှန်းတဲ့ ဖက်ဒရယ် ဒီမိုကရေစီ စနစ် အကောင်အထည် aဖာ်ရေး အတွက် အစိုးရနဲ့တပ်မတော်အပေါ် တွန်းအားပေးနိုင်ဖို့ အားနည်းခဲ့တယ်လို့ ရှမ်းပြည်တိုးတက် aရး ပါတီ SSPP ပြောခွင့်ရသူက ပြောပါတယ်။
တိုက်ပွဲတွေ ရပ်တန့်ဖို့အတွက် RCSS တပ်တွေရှမ်းမြောက်ပိုင်းဒေသကနေဆုတ်ခွာပေးဖို့လိုအပ်နေကြောင်း နဲ့ ဆုတ်ခွာမပေးဘူးဆိုရင် အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တယ်လို့လည်း SSPP ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက ပြောပါတယ်။

RCSS ဘက်ကတော့ သူတို့တပ်တွေ ဆုတ်ခွာပေးဖို့ စစ်ရေးနည်းနဲ့ ဖိအားပေးထားထက် ပူးပေါင်းနေထိုင် လှုပ်ရှားဖို့ ဆွေးနွေးသင့်တယ်လို့ ဆိုပါတယ်။ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နဲ့ ကျောက်မဲမြို့နယ်တွေက ကျေးရွာတွေမှာ SSPP နဲ့ RCSS တပ်တွေအကြား တိုက်ပွဲဖြစ်ပွားမှု စိပ်လာတာကြောင့် ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးနေရတာဖြစ်ပါတယ်။

ဒါ့အပြင် နမ္မတူမြို့နယ်ထဲမှာလည်း SSPP နဲ့ TNLA ပူးပေါင်းတပ်တွေဟာ RCSS နဲ့ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */