" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, November 13, 2023

"ရခိုင်မှာ အေအေ တိုက်ပွဲ‌ဖော်" ၊ စစ်တပ်နယ်ခြားစောင့် စခန်း တချို့ကို အေအေ ဝင်တိုက်ခိုက်

BBC
၁၃ နိုဝင်ဘာ ၂၀၂၃, 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ထဲက ဒုံးပိုက်နဲ့ ချိန်ခါလီ ကျေးရွာတွေမှာ စစ်ကောင်စီ နယ်ခြား စောင့်စခန်းနဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား ဒီကနေ့မနက်အစောပိုင်း ၄ နာရီခန့်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ‌ရသေ့တောင်ဒေသခံအချို့ကအတည်ပြုပါတယ်။

လက်ရှိမှာ အဲဒီကျေးရွာတွေက ဒေသခံတွေလည်းလက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဘေးလွတ်ရာ တောင် ပေါ်တွေဆီကိုထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ချိန်ခါလီရွာသားတစ်ဦးကပြောပါတယ်။

'' ချိန်ခါလီက နယ်ခြားစောင့်တပ်ရဲစခန်းကို အေအေက ဝင်တိုက်တာလို့ယူဆကြတယ်။မနက်အစော ကြီးလက်နက်ကြီးလက်နက်ငယ်ပစ်ခတ်သံတွေကိုရဲစခန်းဘက်ကနေတောက်လျှောက်ကြား‌နေရပါတယ်။ အခုရွာကတစ်ရွာလုံးတောင်ပေါ်ကိုပြေးကြပါပြီ။ အခုထိလည်းပစ်ခတ်နေကြပါတယ်'' လို့ ချိန်ခါလီ ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ရသေ့တောင်မြို့နယ်ထဲက ဒုံးပိုက်နဲ့ချိန်ခါလီဟာ ၃ မိုင်ခန့်ကွာဝေးပြီး နှစ်ရွာ လုံး မှာ နယ်ခြားစောင့်တပ်ရဲစခန်းတွေပဲရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒေသတွင်းသတင်းတွေမှာတော့ ဒုံးပိုက်နယ်ခြားစောင့်စခန်းနဲ့ ချိန်ခါလီ နယ်ခြားစောင့်စခန်းတွေကို AA က တိုက်ခိုက်နေပြီး ဒုံးပိုက်နယ်ခြားစောင့်စခန်းကို AA က သိမ်းပိုက်လိုက်ပြီလို့ ဖော်ပြတာ တွေရှိ နေ ပါတယ်။

ဒါနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိဘဲ လက်ရှိရသေ့တောင်ထဲက တိုက်ပွဲနဲ့ စစ်ရေးအခြေအနေကိုအေအေပြောခွင့်ရ ခိုင်သုခကိုဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်မှာတိုက်ပွဲပြင်းထန်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲအပြီး တည်းကစလို့ နှစ်ဖက်တိုက်ပွဲတွေ ရပ်တန့်သွားခဲ့ပေမဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လကစလို့တစ် ကျော့ပြန် တိုက်ပွဲတွေပြန်ဖြစ်ခဲ့တာကနေ ဒေသခံသောင်းနဲ့ချီစစ်ရှောင်ရတာ၊ဆယ်နဲ့ချီသေဆုံးခဲ့တာနဲ့ရာနဲ့ချီဖမ်း ဆီးခံရတာတွေကြောင့် စစ်တပ်နဲ့ အေအေတို့ကြား ၂၀၂၂ ခုနှစ် နိုဝင်ဘာမှာ လူသားချင်းစာနာမှုဆိုင် ရာ အပစ်ရပ်ခဲ့တာဖြစ်ပါတယ်။

အခုနှစ် ၂၀၂၃ နိုဝင်ဘာ အပစ်ရပ်တစ်နှစ်ပြည့်ချိန်မှာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တိုက်ပွဲတွေ ပြန်ဖော် လာ တာလို့ ရခိုင့်နိုင်ငံရေးအကဲခတ်တချို့ကပြောပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */