Monday, June 24, 2019

အင်တာနက်ပြန်ဖွင့်ပေးဖို့ ပြည်နယ်လွှတ်တော်မှာ အရေးကြီးအဆိုတင်


RFA
လွတ်လပ်တဲ့ အာရှအသံ
 2019-06-24
 ၂၀၁၉ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးကို တွေ့ရစဉ် 
Photo: Min Thein Aung/RFA

                                    

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ အင်တာနက်လိုင်းတွေဖြတ်တောက်ထားတာကို ပြန်ဖွင့်ပေးဖို့ ပြည် ထောင်စုအစိုးရကိုတိုက်တွန်းကြောင်း အရေးကြီးအဆိုကို ရခိုင်ပြည်နယ် လွှတ်တော် မှာ ဒီကနေ့ တင်သွင်းလိုက်ပါတယ်။

လက်ရှိစစ်ပွဲဖြစ်ပွားနေတဲ့မြို့နယ်တွေထဲ အခုလိုအင်တာနက်လိုင်းတွေမရလို့ သတင်းအမှောင်ချထားရင် လူ့အခွင့် အရေးချိုးဖောက်ခံရတာတွေ ပိုလို့တောင်ဖြစ်နိုင်တာမို့ ပြည်ထောင်စုအစိုးရက ပြန်ပြီးသုံးသပ်စေ ချင်တာလို့ အဆို တင်သွင်းခဲ့တဲ့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင် က ပြောပါတယ်။

အဲဒီအဆိုကို ပါဝင်ဆွေးနွေးကြမယ့် လွှတ်တော်ကိုယ်စားလှယ်တွေက မနက်ဖြန် ဇွန်လ ၂၅ ရက် နေ့မှာ စာရင်းပေးသွင်းကြရမှာဖြစ်ပြီး ဇွန်လ ၂၆ ရက်နေ့မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြို့နယ်တွေဖြစ်တဲ့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ မြို့နယ်တွေအပြင် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့မှာ အင်တာနက်လိုင်းတွေဖြတ်တောက်ထားဖို့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန် ကြီး ဌာနက ဆက်သွယ်ရေးကုမ္ပဏီတွေကို ညွှန်ကြားထားတာ ဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုကျော်သူ ပေးပို့သည်)
 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */