" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, September 12, 2019

ရိုဟင်ဂျာ Cox's Bazar ဒုက္ခသည်စခန်း 3G နဲ့ 4G အင်တာ နက် ဖြတ်တောက်ခံရ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
11 စက်တင်ဘာ၊ 2019 
မိုဘိုင်းဖုန်းဖြင့် သတင်းဗွီဒီယိုကြည့်နေသည့် ဘာလုခါလီ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ။
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရဟာ အင်္ဂါနေ့မှာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေအတွင်း 3G နဲ့ 4G အင်တာနက် ဝန် ဆောင်မှုတွေကို ဖြတ်တောက်လိုက်ပြီ ဖြစ်ပါတယ်။ Teknaf နဲ့ Ukhia စခန်းနယ်မြေတွေမှာ ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတွေအားလုံး အင်တာနက်လိုင်းတွေကို ဖြတ်တောက်ပစ်ဖို့ အစိုးရက အမိန့်ပေးခဲ့တယ် လို့လည်း ဘင်္ဂလားဒေ့ရှ် မိုဘိုင်း ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်သူများ အသင်း အထွေထွေ အတွင်း ရေးမှူး S. M Farhad က ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်က Teknaf နဲ့ Ukhia မြို့တွေမှာ ဒုက္ခသည် စခန်း ၃ ဒါဇင်ရှိပါတယ်။

2 G အင်တာနက် ဝန်ဆောင်မှုတွေတော့ ဆက်ရှိနေပါဦးမယ်။ ဘင်္ဂလားဒေ့ရှ်က ဆက်သွယ်ရေးဆိုင်ရာကျွမ်းကျင် သူတစ်ဦးရဲ့ ပြောကြားချက်အရတော့ 2 G လိုင်းဟာ အချက်အလက်တွေ လွှဲပြောင်းပေးပို့ရယူဖို့နဲ့ မိုဘိုင်း အင်တာနက် အသုံးပြုဖို့ သိပ် နှေးလွန်းတယ်လို့ ဆိုပါတယ်။

တယ်လီဖုန်း ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတွေဟာ ဆင်မ် ကဒ် ရောင်းချမှုကိုလည်း ရပ်ဆိုင်းထားခဲ့ပြီး ဖြစ်ပြီး 3G နဲ့ 4G အင်တာနက်လိုင်းတွေကိုတော့ ဒေသစံတော်ချိန် ညနေ ၅ နာရီနဲ့ ၆ နာရီကြား ဖြတ် တောက်ခဲ့တာဖြစ်ပါတယ်။

ဒီလို အင်တာနက်လိုင်းတွေ ဖြတ်တောက်မှုကြောင့် ဒုက္ခသည်တွေ မယုံကြည်နိုင် တအံ့တသြ ဖြစ်ခဲ့ရပြီး ဒုက္ခ သည် စခန်းတွေအကြား ဆက်သွယ်လို့ မရတော့သလို မြန်မာနိုင်ငံအတွင်း ကျန်ရှိနေသေးတဲ့ ဒုက္ခ သည်တွေနဲ့လည်း အဆက်အသွယ် ပြတ်တောက်သွားပါတယ်။

လူ့အခွင့်အရေး လေ့လာ စောင့်ကြည်ရေးအဖွဲ့ (Human Rights Watch) ကတော့ အစိုးရအနေနဲ့ အခုလို ကန့် သတ်တာကို ပြန်လည် ဖြေလျော့ပေးဖို့ တိုက်တွန်းပြီး ဒီလို လုပ်တာကြောင့် ဒုက္ခသည်တွေရဲ့ အခြေ အနေတွေကို ပိုဆိုးသွားစေတယ်လို့ ဆိုပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */