" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, August 16, 2023

သံဖြူဇရပ်မှာ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာ ၁၄၀ ကို လူဝင်မှု ဥပဒေနဲ့ တရားစွဲဆို

RFA
RFA Burmese
2023.08.16

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမီကျေးရွာအနီးဖမ်းဆီးရမိသည့် ရိုဟင်ဂျာများကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။Citizen Journalist

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှာ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ၁၄၀ ဦးကိုလူဝင် မှုကြီးကြပ်ရေးဥပဒေနဲ့ တရားစွဲဆိုပြီး ကျိုက်မရောအကျဉ်းထောင်ကို ပို့လိုက်တယ်လို့ မိသားစုဝင် တွေ ကပြောပါတယ်။


ဖမ်းခံထားရတဲ့ ရိုဟင်ဂျာ ၁၄၅ ယောက်ထဲက ၁၄၀ ကို လဝကဥပဒေနဲ့ တရားစွဲဆိုကာ ကျိုက်မရော ထောင်ပို့လိုက်ပြီး အသက်မပြည့်သေးတဲ့ ကလေးတွေကတော့ အချုပ်ထဲမှာပဲ ရှိသေးတယ်လို့ ဩဂုတ် လ ၁၆ ရက် နေ့မှာ ရဲစခန်းက အကြောင်းကြားလာတဲ့အကြောင်း ဖမ်းဆီးခံရတဲ့ထဲမှာ မိသားစုဝင် သုံး ဦးပါသွားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒုက္ခသည်စခန်းမှာ နေထိုင်သူတစ်ဦးက ‌ပြောပါတယ်။

သူ့သားသမီးတွေဟာ ဒုက္ခသည်စခန်းမှာ စားသောက်ဖို့ မပြေလည်တာကြောင့် မလေးရှားနိုင်ငံကိုသွား ဖို့ ထွက်သွားကြတာလို့လည်း သူက ပြောပါတယ်။

မလေးရှားနိုင်ငံကို ထွက်ခွာဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ ၁၄၅ ဦးကို ဩဂုတ်လ ၁၁ ရက်နေ့က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမီကျေးရွာအနီးမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံ ရိုဟင်ဂျာတွေရဲ့ နောက်ဆက်တွဲအခြေအနေတွေကို မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ မွန်ပြည် နယ် ပြောခွင့်ရသူ ဦးတိုးဝင်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */