Sunday, November 24, 2019

ICJသို့သွားရောက်ဖြေရှင်းမည့်ကိစ္စ ထောက်ခံရာ၌ ဘာသာ ရေး၊ လူမျိုးရေး အဓိကရုဏ်းသတိထားရန် ဒေါက်တာမျိုး ညွန့် ပြော

မြန်မာတိုင်းမ်နေ့စဉ်
စွမ်းရဲထွဋ်
24 NOV 2019
NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်။
 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည် ICJ သို့ သွားရောက်ဖြေရှင်းသည့်လုပ်ရပ်ကို ထောက်ခံကြောင်း ဆောင်ရွက်ရာတွင် ဘာသာရေးနှင့်လူမျိုးရေး အဓိကရုဏ်း များဖြစ်ပေါ်နိုင်၍ သတိထား ရှောင်ရှား ရန်လိုအပ်ကြောင်း  NLD ပါတီ ပြော ရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

နိုဝင်ဘာ ၂၃ ရက်က နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဧည့်ရိပ် သာတွင် ပြုလုပ်သည့် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး အပြီး ယင်းသို့ ပြောခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများနှင့် ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ တရားစွဲဆိုထားပြီး မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ရန် အ တွက် နယ်သာလန် နိုင်ငံ The Hague မြို့သို့ စေလွှတ်မည့် အဖွဲ့တစ်ဖွဲ့အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က နိုင်ငံခြားရေးရာ ဝန်ကြီး ဌာန ပြည် ထောင်စုဝန်ကြီးအဖြစ် ဦးဆောင်သွား ရောက်မည်ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် NLD ပါတီ၏ ဥက္ကဋ္ဌတစ်ဦး ဖြစ်သော်လည်း နိုင်ငံရေးတွင် ဝင် ရောက် ဆောင်ရွက်မှုမရှိကြောင်း၊ ယခု သွားရောက်မည့်ကိစ္စမှာလည်း နိုင်ငံ၏ ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်  ရန်ဖြစ်သဖြင့် ၎င်း၏လုပ်ရပ်ကိုထောက်ခံကြောင်း ပြသည့်အနေဖြင့် ထောက်ခံ သည့်လုပ်ငန်းများ လုပ်ဆောင်ရန် ဆုံးဖြတ်ထားကြောင်း ၎င်းက ဆက်လက် ပြောသည်။

အဓိက ရပ်ရွာလူထုများမှတစ်ဆင့် ထောက်ခံကြောင်း ပြသမည်ဖြစ်ပြီး ဘာသာပေါင်းစုံ ပူးပေါင်းဆောင်ရွက် ကာ တိုင်းရင်းသားပေါင်းစုံလည်းပါဝင် မည်ဟု ၎င်းက ပြောသည်။

NLDပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့အနေဖြင့် အဆိုပါ လူထုထောက်ခံ ပွဲများကို ပံ့ပိုးသည့်အလုပ် လုပ် ဆောင် မည်ဖြစ်ပြီး  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ နိုင်ငံအတွက် ဆောင်ရွက်ချက် များကို ပါတီဝင်ထု တစ် ရပ်လုံးက ထောက်ခံကြောင်း ကြေညာချက်ထုတ် ပြန်မည်ဟုလည်း ၎င်းက ပြောသည်။

''ဒီနေရာမှာ ကျွန်တော်တို့ သတိထားရမှာက နိုင်ငံတော်မှာ အရေးကြီး ကိစ္စတွေ ပေါ်လာတိုင်းမှာ ဒီကိစ္စကို အဖျက်လုပ်ငန်းအရ ဆောင်ရွက်တာ တွေလည်း ရှိပါတယ်။ အထူးသဖြင့် ဘာသာရေး အဓိကရုဏ်းတွေပေါ်လာမှာ။ ဘာသာမတူတဲ့ လူမျိုးမုန်း တီးအောင် လှုံ့ဆော်တာတွေ၊ ဒါတွေ ကို သတိထားပြီး ရှောင်ရှားဖို့ဆိုတာ တွေလည်း တစ်ပြိုင်တည်းမှာပဲသတိပေးမှာဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။

 
Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */