Thursday, April 11, 2019

မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ရွာသား ၂၇ ဦးကို စစ်တပ်မှ ဖမ်းခေါ်သွား

နိရဉ္စရာ၊
နိရဉ္စရာ၊ ဧပြီ ၁၀/ ၂၀၁၉

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ ရွာသား ၂၇ ဦးကို စစ်တပ်မှ ယနေ့ညနေပိုင်းက ကြိုး တုတ် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။

ခေါ်ယူခြင်း ခံရသူများမှာ ဦးညွှန့်မောင် (၄၀) နှစ်၊ ကိုထွန်းအေးကျော် (၂၅) နှစ်၊ ကိုလှမောင် (၂၅) နှစ်၊ ကိုမြင့် အာင် (၂၃) နှစ်၊ ကျော်သန်းနိုင် (၂၈)နှစ်၊ ဦးမောင်သန်းနု (၄၂) နှစ်၊ ကိုမောင်နိုင်ဝင်း(၃၀) နှစ်၊ ဦးထွန်း ကြည် (၃၆) နှစ်၊ ဦးစံသာထွန်း (၃၂)နှစ်၊ ဦးခင်မောင်ဝင်း (၃၅) နှစ်၊ ဦးမောင်ခင်ဝင်း (၃၂) နှစ်၊ ဦးခင်မောင်စော (၃၄) နှစ်၊ ဦးသိန်းထွန်းစိန် (၄၁) နှစ်၊ ကိုပြက်ယေ(၂၂) နှစ်၊ ဦးဖိုးသာလူ (၄၀)နှစ်၊ ဦးစံမောင် (၃၁)နှစ်၊ မောင်ကြီးယေ (၃၉) နှစ်၊ ဦးမောင်ကျော်မြ (၄၂)နှစ်၊ ဦးမောင်သန်းဌေး (၄၀) နှစ်နှင့် တစ်ခြားရွာမှ အလုပ်လာ လုပ်ကိုင်နေသူ ၈ ဦးတို့ ဖြစ်ကြောင်း ကျေးရွာ လူကြီး တစ်ဦးက ပြောသည်။

“ ကျွန်တော်တို့ရွာကို စစ်တပ်က သေနတ်တွေ ပစ်ဖောက်ပြီး ဝင်လာပါတယ်။ ရွာသားတွေက အဲဒီအချိန်မှာ သေ နတ်သံတွေ ကြားတဲ့ အတွက် ကြောက်ပြီး ဘုန်းတော်ကြီးကျောင်မှာ စုနေကြပါတယ်။ စစ်သားတွေက ဘုန်းတော်ကြီးကျောင်းက လိုက်ထုတ်ပြီးတော့ မိန်းမ သက်သက်၊ ယောင်္ကျားသက်သက် နှစ်အုပ်စုခွဲပြီး ထားပါတယ်။ ယောင်္ကျားတွေထဲက မသင်္ကာတဲ့လူတွေကို အင်္ကျီချွတ်ခိုင်းပြီး စစ်ဆေး မေးမြန်းပါတယ်။ စစ်ဆေး မေးမြန်းနေချိန်မှာ မျက်နာကို အောက်ကို ငုံ့ခိုင်းထားပြီး မော်မကြည့်ရပါ” ဟု ၎င်းကျေးရွာ လူကြီး က နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

၎င်းနောက် ရွာသားများအထဲမှ ၁၉ ဦးနှင့် တစ်ခြားရွာမှ လာရောက် အလုပ် လုပ်ကိုင်နေသူ ၈ ဦးကို ကြိုး တုတ် ကာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။

“ တစ်ခြားရွာက လက်သမား လာလုပ်နေတဲ့သူတွေပါတယ်။ တစ်ချို့တွေက ဆယ်တန်းစာမေးပွဲပြီးလို့ လာ လည်နေတဲ့ ကလေးတွေပါတယ်။ အကုန်လုံးကို ဖမ်းခေါ်သွားပါတယ်။ ၂၇ ဦးထဲက ၄ ဦးကို တိမ်ညိုကို ခေါ် သွားပြီး ကျန်တဲ့သူတွေကိုတော့ မြောက်ဦးကို ခေါ်သွားတယ်လို့ သိရပါတယ်။ အားလုံးဟာ ရွာမှာ ကောင်း ကောင်းမွန် လုပ်ကိုင်စားသောက်နေကြသူတွေ ဖြစ်ကြပါတယ်” ဟု ၎င်း အရပ်လူကြီးက ပြောဆိုသည်။

အဆိုပါ ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက “ သတင်းထုတ်ပြန်ပေးပါမယ်။ ဖမ်းမိတာ ၂၀ ကျော်ရှိပါတယ်၊ လက္ကာရွာခံတွေကို မေးကြည့်တော့ လည်း အဲဒီထဲ တစ်ချို့ကို သူတို့ မသိဘူးလို့ ပြောတယ်လို့ သိရတယ်။ သူတို့မှာ ဖွဲ့ထားတဲ့ အဖွဲ့ရှိတယ် လို့လည်း သိရပါတယ်။ တစ်ဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်နိုင်တဲ့ အတွက် အဲဒီရွာက ဖမ်းထားတာလည်း ရှိပါတယ်” ဟု ပြောကြားသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်အား ဆက်သွယ်ရာတွင် ဖမ်းဆီးခံရ သူများ ကိစ္စနှင့် ပတ်သက်ပြီး ဦးအေးသာအောင် ဦးဆောင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အ ထောက်အကူပြ ကော်မတီသို့ တိုင်ကြားသွားမည်ဟု ပြောဆိုသည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */