Thursday, February 27, 2020

ရခိုင်ပြည်နယ်တည်ငြိမ်ရေးအတွက် ရဲတပ်ဖွဲ့အင်အား၏ လေးပုံတစ်ပုံ ပို့လွှတ်ထားရ

မြန်မာတိုင်းမ်နေ့စဉ် 
စိုင်းဝဏ္ဏ 
26 FEB 2020
 ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် တောင်ပြိုကျေးရွာအနီးရှိ နယ်စပ်ခြံစည်းရိုး၌ တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ- အီးပီအေ

 ရခိုင်ပြည်နယ်တည်ငြိမ်ရေးအတွက် ရဲတပ်ဖွဲ့အင်အား၏ လေးပုံ တစ်ပုံပို့ လွှတ်ထားရကြောင်း နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

ဖေဖော်ဝါရီ ၂၅ ရက် မြဝတီမြို့ လူထုတွေ့ဆုံပွဲတွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားခြင်းဖြစ် သည်။ တရားဥပဒေစိုးမိုးရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အားသည် မြန်မာပြည်လူဦးရေ၏ ထက်ဝက်ခန့် ကို သာ ထိန်းချုပ်နိုင်စွမ်းရှိသည့် အခြေ အနေတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခများကြောင့် ရဲတပ်ဖွဲ့ အင်အား ၏ ၂၅ ရာခိုင်နှုန်းကို စေလွှတ်ခဲ့ရခြင်း ဖြစ်သည်။

''ကျွန်မတို့အတွက် ပြဿနာဖြစ် နေတဲ့ ရခိုင်ပြည်နယ်တည်ငြိမ်ရေး ကိစ္စပါ။ ကျွန်မတို့ ဒီလိုနည်းနေပါ တယ် ဆိုတဲ့ ရဲတပ်ဖွဲ့အင်အားရဲ့လေးပုံ တစ်ပုံကို ရခိုင်ပြည်နယ်ကိုလွှတ်ရတယ်။ ကျွန်မတို့နိုင်ငံမှာ လုံခြုံရေးအ တွက် တရားဥပဒေစိုးမိုးရေးအတွက် အင်အားဟာ လုံလောက်မှုမရှိဘူးဆိုတာ ထင်ရှားနေပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အားသည် လက်ရှိတွင် စုစုပေါင်း ရှစ်သောင်း ကျော်သာရှိ၍ ဖွဲ့စည်းပုံ၏ ၄၈ ရာခိုင် နှုန်းကျော်သာရှိပြီး ရဲတပ်ဖွဲ့နှင့်ပြည်သူ အချိုးမှာ ၁ အချိုး ၆၅ဝ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိ ယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ၂ဝ၁၉ ခုနှစ် မတ်လအတွင်းက ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်း အဝေး၌ ပြောခဲ့သည်။

ယခုနောက်ပိုင်း AA အဖွဲ့သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် တပ်မ တော်နှင့် ဆက်နွှယ်သူများအပေါ် နောက်ယောင်ခံလိုက်ကာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ပြုလုပ်လာပြီး နောက်ဆုံးလုပ်ကြံခံရသည့် ရဲအရာရှိ မှာ အမ်းမြို့မရဲစခန်းမှ ရဲဒုတိယ တပ်ကြပ်ထွန်းထွန်းနိုင်ဖြစ်သည်။

AA သည် ရဲတပ်ဖွဲ့ဝင်များ၏ လစာများကို လုယူခြင်းများလည်း ရှိခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက် နံနက် ၁ဝ နာရီ ဝန်းကျင်က ချင်းပြည်နယ် ပလက်ဝမြို့မှ ဒရွန်အိုင်ကျေးရွာသို့ ထွက်ခွာလာသည့် စက်လှေတစ်စင်း အား တားဆီးကာ မြန်မာ နိုင်ငံရဲတပ် ဖွဲ့ဝင်များပိုင်သည့် ငွေကျပ်သိန်း ၄ဝ ကျော်အား သိမ်းယူခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တပ်မ တော်၏စစ်ဆင်ရေးကို ကူညီအား ဖြည့်ပေးနေသည့် လက်နက်ကိုင်အဖွဲ့ ဖြစ်ပြီး တပ်မတော်ကလည်း ရဲကင်း စခန်းများကို အသုံးပြုကာ AA အား တိုက်ခိုက်နေသည်ဟု AA ပြောရေး ဆိုခွင့်ရှိ သူ  ခိုင်သုခက တုံ့ပြန်ထား သည်။

စစ်ရေးနယ်မြေဖြစ်၍ လက်နက် ကိုင်တပ်ဖွဲ့နှင့် ဆက်စပ်နေသည့်အရာ များကို ဖျက်ဆီးခြင်း၊ တိုက်ခိုက်ခြင်း များပြုလုပ်ခြင်းမှာ သဘာဝကျသည်ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝဒေသများ အတွင်း တပ်မတော်နှင့် AA တို့၏တိုက် ပွဲများသည် ၂ဝ၁၈ ခုနှစ် ဒီဇင် ဘာလမှစတင်ကာ ပြင်းထန်လာခဲ့ရာ တစ်နှစ်ကျော်အတွင်း အရပ်သား ၅ဝဝဝဝ စစ်ဘေးသင့်ခဲ့ကြောင်း ကုလ သမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ ဖေဖော်ဝါရီ ၁၅ ရက်က ထုတ်ပြန်မှုအရ သိရ သည်။

Link :Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */