" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, August 29, 2023

နိုင်ငံတကာအကူအညီနဲ့ ရိုဟင်ဂျာနေရပ်ပြန်ရေး NUG သတင်းစာရှင်းလင်း

RFA
အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023.08.29 

တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲ ဒေါနစစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့စဉ်။ ပြည်သူ့ကာကွယ်ရေး အဖွဲ့ - နေပြည်တော်
 
ဩဂုတ်လ ၂၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒု ဝန် ကြီး ဦးမိုးဇော်ဦးနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တို့ တက်ရောက်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ နိုင်တကာရဲ့ အကူအညီတောင်းခံတဲ့ နေရာမှာ အပြောင်းအ လဲ ဖြစ်လောက်အောင် မရသေးကြောင်း၊ အစောပိုင်းကာလတွေမှာ လက်နက်ရရှိရေး အကူအညီ တောင်းခဲ့ပေမဲ့ မရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာ အောင်က ပြောပါတယ်။

"ကျွန်မတို့ကို ပုံဖျက်နေတာတွေရှိတယ်။ ဒီတော်လှန်ရေးက အနောက်ကနေ တင်သွင်းတာဟိုနိုင်ငံ က တင်သွင်းတာ ဒီနိုင်ငံက တင်သွင်းတာဆိုတဲ့ ပုံဖျက်တာတွေက အိမ်နီးနားချင်း နိုင်ငံတွေကို စိုး ရိမ်မှု ကြီး စေပါတယ်။ ဒီလိုမျိုးမဖြစ်အောင်လည်း ကျွန်မတို့က balancing လုပ်ရတာဖြစ်ပါတယ်။ လက် နက်တွေရရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ accountable ဖြစ်အောင်လို့ကျွန်မတို့ဘက် က လုပ်ရ မယ်ဆိုတာလည်း ကျွန်မတို့နားလည်တယ်၊ ဒါကြောင့်မို့လို့ မတောင်းဘူးလားဆို အစက တည်းက တောင်းခဲ့ပါတယ်လို့ ကျွန်မအနေနဲ့ ဖြေချင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုတောင်းတဲ့အခါ ခုန ကပြောတဲ့ နိုင်ငံတွေရဲ့ထည့်သွင်း တွက်ချက်မှုတွေက မြောက်မြားစွာရှိတယ်ပေါ့နော်။ ယူကရိန် လို မျိုး မရိုးရှင်း ဘူး၊ အခင်းအကျင်းလည်း မတူတဲ့ အနေထားမျိုးတွေ ရှိကြပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့က ဟုတ်ပြီ ဒါဆိုရင် ဒီလိုအကူအညီမပေးနိုင်ဘူးဆိုလို့ရှိရင် တခြားသော လူသားချင်းစာ နာ ထောက်ထားမှု အကူ အညီ‌တွေကို ပေးပါဆိုပြီးတော့ ကျွန်မတို့ဖြစ်နိုင်ခြေရှိတဲ့ဟာကို ကျယ် ကျယ်လောင်လောင် ပြောလို့ရတဲ့ကိစ္စကို ပြောဆိုပြီးတော့ တောင်းဆိုနေတာဖြစ်ပါလို့ ပြန်ပြီးတော့ ဖြေချင်ပါတယ် " 
 
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူနိုင်ရေးနဲ့ လူ သားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ဖြတ်တောက်မခံရအောင် NUG အနေနဲ့ လုပ်ဆောင်ခဲ့ ကြောင်း ရိုဟင်ဂျာတွေ ရှိနေတဲ့နေရာကို မသွားနိုင်တာဟာ NUG ဝန်ကြီးတွေ အနေနဲ့ လွတ်လွတ် လပ် လပ်သွားလာလို့ မရသေးတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

"ရိုဟင်ဂျာအရေး မြေပြင်ကိစ္စနဲ့ပတ်သက်လို့တော့ တစ်အချက်က ဒီ camp တွေပေါ့နော်။ ဘယ် လိုမျိုး ကူညီဆောင်ရွက်နေလဲဆိုတဲ့အချက်ကို ကျွန်မအနေနဲ့ ဦးစွာပထမပြောလိုပါတယ်။ ကျွန်မ တို့မှာ ဆောင်ရွက်နေရတာ အမေရိကန်ပြည်ထောင်စုက လွှတ်တော်ကိုယ်စားလှယ်တွေလို လွတ် လွတ်လပ်လပ်သွားလို့ရတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ ဒါကျွန်မတို့ရဲ့ ပကတိ အခြေအနေပါ ဒါကို ကျွန်မတို့ လက်ခံနိုင်ဖို့လိုတယ်ပေါ့နော် ဒါပေမဲ့ ကျွန်မတို့မှာရှိတဲ့ Political will က သူတို့ ထက်တော့ မလျှော့ဘူးဆိုတာကို ကျွန်မပြောချင်ပါတယ် အဲဒါ တစ်အချက်ပါပေါ့နော် လက်တွေ့ မြေပြင်ကို သွားဖို့လို့ ဘယ်လိုရှိသလဲဆိုပြီး ကျွန်မတို့မှာ ခုနက ပြောခဲ့သလိုပဲ Political willအဆင် သင့်ရှိပါတယ်။ ဒါပေမဲ့လည်း ဒီလို နိုင်ငံတစ်နိုင်ငံကနေ တစ်ခြားနိုင်ငံတစ်ခုကိုသွားတဲ့အခါမှာကျွန် မတို့သွားချင်တိုင်း သွားလို့ရတဲ့အနေအထားမဟုတ်ပါဘူး၊ တစ်ခြားဒီနိုင်ငံရဲ့ Host လုပ်မဲ့ နိုင်ငံရဲ့ ရပ်တည်ချက်အနေအထားကလည်း ကျွန်မတို့အတွက် အရေးကြီးပါတယ်၊ ထည့်သွင်းစဉ်းစားလို့ မရတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်ဆိုတာကို ကျွန်မအနေနဲ့ပြန်လည်ဖြေကြားလိုပါတယ် "

စစ်အာဏာရှင်တော်လှန်ရေး လုပ်ဆောင်နေတဲ့နေရာမှာလည်း ပြည်သူလှူဒါန်းတဲ့ ငွေနဲ့သာ အဓိက လုပ်ဆောင်နေရတာ ဖြစ်ပြီး လူသားချင်းစာနာမှုအကူအညီတွေဟာလည်း စိတ်တိုင်းကျလောက်တဲ့ အထိမရသေးဘူးလို့ ပြောခဲ့ပါတယ်။ 
၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းတွင် ထောက်ပံ့ရိက္ခာများရယူရန် တန်းစီစောင့်ဆိုင်းနေကြသည့် ရိုဟင်ဂျာဒုက္ခသည်များ။ ( Photo : AFP)
ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး ဖြေရှင်းမယ်ဆိုရင် ရိုဟင်ဂျာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း၊ စစ်တပ်အာဏာသိမ်း ထား တဲ့ကာလမှာတော့ ရိုဟင်ဂျာတွေအနေနဲ့ လုံခြုံစိတ်ချစွာ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ ပြောပါ တယ်။

"ဒါကြောင့် ဒီလို သူတို့ကော့ဘဇား camp မှာ သူတို့အနေနဲ့ ခက်ခက်ခဲခဲနေရတဲ့ အခြေအနေကနေ ပြီးတော့ သူတို့ကို အသက်အန္တရာယ်စိုးရိမ်ရတဲ့ လုံခြုံမှုလုံး၀မရှိတဲ့အခြေအနေ မတွန်းပို့ကြဖို့ကို လည်းပေါ့နော် ကျွန်တော်လူသားတစ်ယောက်အနေနဲ့ တိုက်တွန်းပြောကြားလိုပါတယ်။ ဒီအကြမ်း ဖက် စစ်တပ်ရှိနေသရွေ့ မြန်မာနိုင်ငံမှာရှိတဲ့ လူတွေ လုံခြုံမှုမရှိသလို ပြန်လာမယ့်ရိုဟင်ဂျာတွေ အ နေနဲ့လည်း ဂုဏ်သိက္ခာ ရှိရှိ လုံခြုံမှုရှိရှိ ပြန်လာနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော်ကတော့ အဲလိုပဲ ရှုမြင်ပါတယ်ဗျ"

စစ်ကောင်စီဟာ ကုလသမဂ္ဂအပါအဝင် အာဆီယံနိုင်ငံတွေရဲ့ ပြောဆိုမှုတွေကို ဂရုမစိုက်ဘဲလေယာဉ် တွေအသုံးပြုပြီး ပြည်သူလူထုနေထိုင်တဲ့ နေရာတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ အများအပြားဆက်ရှိ နေတဲ့ အပေါ် ကုလသမဂ္ဂအနေနဲ့ စစ်ကောင်စီကို ပြစ်တင်ရှုတ်ချရုံမဟုတ်ဘဲ အရေးယူမှုအပိုင်းတွေ ထိထိရောက်ရောက် လုပ်ဆောင်ပေးဖို့ တောင်းဆိုကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီ တာဝန်ရှိသူတွေကို ပိတ်ဆို့အရေးယူဖို့နဲ့အာဏာရှင် ဆန့် ကျင်ရေးအင်အားစုတွေကို ကူညီထောက်ပံ့မဲ့ Burma Act နဲ့ ပတ်သက်ပြီးအကူအညီတွေအမြန် ဆုံးရရှိအောင် NUG အနေနဲ့ ဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးကလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ် ဧပြီလမှာ စတင်ဖွဲ့စည်းပြီး နှစ်နှစ်ကျော်ကာလမှာပထ မဦးဆုံး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */