Friday, December 20, 2024

ရိုဟင်ဂျာနေရပ်ပြန်ရေး ပြည့်စုံတဲ့လမ်းပြမြေပုံတရပ် ဘင်္ဂလားဒေ့ရှ်တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၀ ဒီဇင်ဘာ၊ ၂၀၂၄ 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ukhia ဒုက္ခသည်စခန်းအတွင်းမှာရိက္ခာလာရောက်ယူနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (စက်တင်ဘာ ၁၂၊ ၂၀၂၄)

ရခိုင်ပြည်နယ် တည်ငြိမ်ရေး ကို ဦးစားပေးပြီး ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် ပြည့်စုံတဲ့ လမ်းပြမြေပုံတစ်ခု ချမှတ်ဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး Md Touhid Hossain က ထပ်မံ တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ လုံခြုံရေ နဲ့ ဒီမိုကရေစီ ပြန်လည် ဖြစ်ပေါ်လာအောင် အာဆီယန်နဲ့တခြား ဒေသတွင်း အဓိက ကျတဲ့နိုင်ငံတွေက ပိုပြီး တက်တက်ကြွကြွ ဆောင်ရွက်ကြဖို့ သူက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်း၊ တည်ငြိမ်ပြီး၊ ဒီမိုကရေစီ တာရှည်တည်တံ့ပြီး ရခိုင်မှာ ရိုဟင်ဂျာများ လုံခြုံစိတ်ချ၊ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်မယ့် ပတ်ဝန်းကျင်တရပ် ဖြစ်ပေါ်လာ တာ ကို ဘင်္ဂလားဒေ့ရှ်က မြင်လိုပါတယ်လို့ မစ္စတာ Hossain က မြန်မာနဲ့ အိမ်နီးချင်း ငါးနိုင်ငံ တို့ရဲ့ အလွတ်သဘော ဆွေးနွေးပွဲ မှာ ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က သဘာပတိအဖြစ် ဆောင်ရွက်တဲ့ ၆ နိုင်ငံ အလွတ်သဘော ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပနေတာ ဖြစ်ပါတယ်။ အဲဒီ အ စည်းအဝေးကို မြန်မာ စစ်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေ တက်ရောက်နေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */