|
မင်းရဲကျော်စွာဦးဆောင်တဲ့ မြန်မာတိုက်စစ်ကို ပထမတော့ ရခိုင်တွေဟာ ခုခံကြပေမယ့် ကြာကြာတင်းမခံနိုင်ဘူး။ မြန်မာတွေလောင်းကြတ်ကိုသိမ်းလိုက်တယ်။ မင်းစောမွန်ဟာ မြန်မာတွေလည်း လောင်းကြတ်ကို သိမ်းလိုက်ရော မိဖုရား၊ သားမယားတွေနဲ့အတူ အနောက်ဘင်္ဂလားနယ်ထဲက စွလ်တန်ဘုရင်ဆီကို ထွက်ပြေးခိုလှုံပါတော့တယ်။
ထွက်ပြေးစဉ်အချိန်ကနေ အေဒီ၁၄၃၀အထိ နရမိတ်လှခေါ် မင်းစောမွန်ဟာ ဘင်္ဂလားဂေါရ်ဘုရင့်ထံမှာ ၂၆နှစ်တိုင်တိုင် နိုင်ငံရေးခိုလှုံနေခဲ့တယ်။
ကြည့်-အခြေပြု မြန်မာနိုင်ငံရေးသမိုင်း၊ ပထမတွဲ၊ ရန်ကုန် ၁၉၈၇၊စာမျက်နှာ၊၁၁၂-၁၁၈)