Thursday, October 22, 2020

ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်အတွက် ရန်ပုံငွေ ဒေါ်လာ ၆၃ သန်း ဗြိတိန်ကူညီမယ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
22 အောက်တိုဘာ၊ 2020

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Jamtoli ရိုဟင်ဂျာဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည် တချို့။ (သြဂုတ် ၂၃၊ ၂၀၂၀)
 

မြန်မာနိုင်ငံကနေ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခ သည် aတွအတွက် ရန်ပုံငွေ အသစ်တရပ် ထောက်ပံ့ပေးသွားမယ်လို့ ဗြိတိန်က ကြာသပတေးနေ့မှာ ကြေညာပါ တယ်။ ဒီဒုက္ခသည်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မေ့လျော့မထားကြဖို့လည်း ကုလသမဂ္ဂ ဆွေးနွေးပွဲအတွင်း တခြားအလှုရှင်တွေကို ဗြိတိန်က တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ 

ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက်အပြင် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးနဲ့ မကြာခဏ သဘာဝဘေး အန္တရာ ယ်နဲ့ ရင်ဆိုင်နေရတဲ့ ဘင်္ဂလား ဒေ့ရှ်နိုင် ငံအတွက် အမေရိကန် ဒေါ်လာ ၆၃ သန်း အကူအညီပေးဖို့ လျာထား တယ် လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ကပြောပါတယ်။

 ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab 

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR)၊ ဗြိတိန်၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေ ပူး တွဲ ကမကထပြုပြီး ဗွီဒီယိုဆက်သွယ်ရေးကနေတဆင့် ဒီကနေ့ ကျင်း ပမယ့် ရိုဟင်ဂျာအရေး အလှူရှင် နိုင်ငံ များနဲ့အဖွဲ့အစည်းများရဲ့ ညီလာခံ မတိုင်ခင်မှာဘဲ ဗြိတိန်က အကူအ ညီပေးမယ်ဆိုတဲ့ ကြေညာချက် ထွက်လာ တာပါ။

SEE ALSO:
ရိုဟင်ဂျာတွေအတွက် အရေးပေါ် အလှူရှင် အစည်းအဝေး ကုလခေါ်ယူ 


ရိုဟင်ဂျာ ဒုက္ခသည်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေကို မျက် ကွယ်ပြုမထားကြဖို့ နဲ့ သူတို့ ဘေး အန္တရာယ်ကင်းကင်းရှင်းရှင်းနဲ့ နေရပ် ရင်းပြန်နိုင်ဖို့ လိုအပ်တာတွေကို ဆောင်ရွက်သွားဖို့ တိုက်တွန်းပါတယ်လို့ ဝန်ကြီး Raab က ထုတ်ပြန်ချက် တရပ်မှာ ပြောထားပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ကျော်ကို UNHCR က တောင်းခံထားတာပါ။ မြန်မာနိုင်ငံကနေ ထွက်ပြေးသွားခဲ့တဲ့ ဒုက္ခသည် ၈၀၀,၀၀၀ ကျော်လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတာပါ။ မြန်မာအစိုးရက ရိုဟင်ဂျာဆိုတဲ့ အသုံး အနှုန်းကို လက်မခံပေမဲ့ ဒုက္ခသည်တွေကို ပြန်စိစစ်လက်ခံသွားမယ်လို့ ပြောဆိုထားပါ တယ်။ အခု လှုဒါန်းတဲ့ ရန် ပုံငွေပမာဏ က ဒုက္ခသည်တွေ ကိုကယ်တင်ရာရောက်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင်း ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးလုပ်ငန်းတွေအတွက်လည်း အထောက်အပံ့ဖြစ်လိမ့်မယ်လို့ ဝန်ကြီး Raab ကပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ရန်ပုံငွေမြှင့်တင်ရေး ဆွေးနွေးပွဲမှာ ပါဝင်တဲ့ နိုင်ငံအစိုးရတွေ မြန်မာနဲ့ ဘင်္ဂ လားဒေ့ရှ်နိုင်ငံ တွေအနေနဲ့ ရိုဟင်ဂျာ ကလေးငယ်တွေပညာသင်ခွင့် အခွင့်အရေးတွေကို လျစ်လျူရှုမထား ဖို့အတွက် တိုက်တွန်းကြဖို့လည်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က ဒီကနေ့ ပြောပါတယ်။

Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */