Monday, June 10, 2019

စစ်ဘေးရှောင်များခိုလုံနေသော ပေါက်တောပြင် ဘုန်းတော်ကြီးကျောင်းကို စစ်ဆေးရန် စစ်ကြောင်း တစ်ခု ရောက်ရှိသဖြင့် စိုးရိမ်မှုများမြင့်တက်နေ

နိရဉ္စရာ
ခိုင်လူလှ
နိရဉ္စရာ၊ ဇွန်လ ၁၀/ ၂၀၁၉

လက်ရှိအချိန်ထိ စစ်ဘေးရှောင်ကျေးရွာသား ၇၀၀ ကျော်ရှိနေသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဍားကျွန်းမြို့နယ်၊ ပေါက်တောပြင် ဘုန်းတော်ကြီးကျောင်း ပတ်ပတ်လည်တွင် ရဲတပ်ဖွဲ့ဝင် တစ်ချို့အပါအဝင် တပ်မတော်မှ စစ်ကြောင်း တစ်ခုရောက်ရှိနေသဖြင့် ဒုက္ခသည်များအနေဖြင့် အထူးစိုးရိမ်နေကြသည်ဟု သတင်းရရှိသည်။

ပေါက်တောပြင်စခန်းတွင်း ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ဆရာတော် အာရက္ခမှ “ ဒီနေ့ မနက် ရဲတပ်ဖွဲ့ဝင်တစ်ချို့နဲ့ တပ်ကနေပြီး ဒီဘုန်းတော်ကြီးကျောင်းကို စစ်ဆေးမယ်ဆိုပြီး ရောက်လာ ပါ တယ်။ ဦးဇင်းတို့က ဒီလောက်လူတွေ ကြောက်လန့်နေတဲ့ အထဲမှာ လက်နက်တွေ၊ ယူနီဖောင်းတွေနဲ့ ဝင် စစ်ဆေးရင် လူတွေပို ကြောက်လန့်သွားနိုင်တဲ့ အတွက် အရပ်ဝတ်နဲ့ ဝင်ရောက် စစ်ဆေးမယ်ဆိုရင် စစ်ဆေး လို့ရတယ်။ ဦးဇင်းတို့လည်း စစ်ဆေးတဲ့ အချိန်မှာ နောက်ကနေ လိုက်ပေးမယ် ပြောဆိုလိုက်ပါတယ်” ဟု ပြောကြားသည်။

အရပ်ဝတ်ဖြင့် ဝင်ရောက်စစ်ဆေးမည်ဆိုပါက စစ်ဆေးနိုင်ကြောင်းပြောကြားပြီးနောက် တပ်ဘက်က တာ ဝန် ရှိသူ တစ်ချို့ကလည်း အရပ်ဝတ်ဖြင့် ဝင်ရောက်စစ်ဆေးမည်ဟု ပြောဆိုသဖြင့် စောင့်နေကြောင်း၊ သို့ သော်လည်း ယခုလက်ရှိ အချိန် ၁ နာရီ ၄၅ မိနစ်ထိ လာရောက်စစ်ဆေးခြင်း မရှိသေးကြောင်း ဆရာတော် က မိန့်ကြားသည်။

ဆရာတော် အာရက္ခက “ အခုလောလောဆယ်တော့ တပ်က ဘုန်းတော်ကြီးကျောင်းပတ်ပတ်လည်မှာ ရှိနေပါတယ်။ တစ်ချို့က ရွာထဲကို ဝင်ပြီးတော့လည်း ရှိနေတယ်။ တစ်ချို့က ကျောင်းနောက်ဘက် ရေကန် နား မှာလည်း ရှိတယ်။ သူတို့က ကျောင်းကို ပတ်ပတ်လည် ဝိုင်းပြီး နေရာယူထားတယ်” ဟု ပြော ကြေား သည်။

၎င်းစစ်ဘေးရှောင်စခန်းအား ဝင်ရောက်စစ်ဆေးရန် စီစဉ်ရခြင်းမှ အထက် တာဝန်အရဟု တပ်တာဝန်ရှိသူ များက ပြောဆိုကြောင်း ဆရာတော် အာရက္ခမှ ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နိရဉ္စရာသတင်းဌာနမှအနောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်မေးမြန်းရာ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဂဃဏန မသိ ရှိရသေး ကြောင်း၊ မေးမြန်းကြည့်အုံးမည် ဖြစ်ကြောင်း ပြောကြားသည်။

ပုဏ္ဍားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က “ အခု စစ်ဘေးရှောင်တွေ ကို စစ် ဆေးဖို့ ပိုးရွှီပြင် စခန်းမှူးအပါအဝင် တပ်ကနေ ရောက်နေတယ်လို့ ပြောပါတယ်။ သူတို့ စစ်ဘေး ရှောင် စာရင်း စစ်ဆေးမယ်လို့ ပြောပါတယ်။ လောလောဆယ်တော့ ဟိုလိုတော့ မဟုတ်သေးဘူး။ သူတို့ အနေနဲ့ ဥပဒေအရတော့ စစ်ဆေးလို့တော့ ရပါတယ်။ ဒါပေမယ့် အားနဲ့ ဓားနဲ့ လုပ်လာရင်တော့ ပြောပါ လို့တော့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ပြောထားပါတယ်။ အခုအချိန်ထိတော့ မစစ်သေးဘူးလို့ သိရပါ တယ်”ဟု ယနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က ဆက်သွယ်စဉ် ပြောကြားသည်။

အဆိုပါ ပေါက်တောပြင် စစ်ဘေးရှောင်စခန်းတွင် အနီးအနားကျေးရွာများမှ တိုက်ပွဲများကြောင့် လူပေါင်း ၃၀၀၀ ကျော်ထိခိုလှုံခဲ့သော်လည်း ယခုအခါ ကျေးရွာအသီးသီးသို့ ပြန်ကုန်ကြသဖြင့် စစ်ဘေးရှောင် ၇၀၀ ကျော်ခန့်သာရှိကြောင်း သိရသည်။

လင့်၊

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */