နိရဉ္စရာ
နိရဉ္စရာ၊ ဇွန်လ ၁ / ၂၀၁၉
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်သီကျေးရွာမှ ယောင်္ကျား တစ်ချို့ကို စစ်ဆေးပြီးနောက် တပ်မ(၂၂) စစ်ကြောင်းသည် ယနေ့ ညနေ ၄ နာရီမထိုးခင်က ရွာကနေ ထွက်ခွာသွားပြီဟု ကျေးရွာသားများက ပြော သည်။
“ ရွာသားတွေကိုတော့ တစ်စုံတစ်ရာ အနှောင့်အယှက်ပေးတာ မရှိခဲ့ပါဘူး။ အထက်က အမိန့်အရ စစ်ဆေး ရတာလို့ ပြောပါတယ်။ အိမ်တစ်ချို့ကိုလည်း ရှာဖွေ စစ်ဆေးခဲ့ပါတယ်” ဟု ကျေးရွာ လူကြီး တစ်ဦးက ပြော သည်။
နိရဉ္စရာ၊ ဇွန်လ ၁ / ၂၀၁၉
“ ရွာသားတွေကိုတော့ တစ်စုံတစ်ရာ အနှောင့်အယှက်ပေးတာ မရှိခဲ့ပါဘူး။ အထက်က အမိန့်အရ စစ်ဆေး ရတာလို့ ပြောပါတယ်။ အိမ်တစ်ချို့ကိုလည်း ရှာဖွေ စစ်ဆေးခဲ့ပါတယ်” ဟု ကျေးရွာ လူကြီး တစ်ဦးက ပြော သည်။
ခေါ်ယူစစ်ဆေးရာတွင် ကျေးရွာသားများကို နှစ်သုတ်ခွဲ စစ်ဆေးခဲ့ကြောင်း၊ အသက် ၄၀ အောက်အမျိုး သားများကို စစ်တပ် တစ်ဖွဲ့က စစ်ဆေးပြီး အသက် ၄၀ အထက်ကို တစ်ဖွဲ့စစ်ဆေးကြောင်း ၎င်းက ပြော ကြားသည်။
“ အဓိကတော့ အိမ်ထောင်စု စာရင်းနဲ့ လူနဲ့ တိုက်ပြီး စစ်ဆေးတာပါ။ အိမ်ထောင်ဦးစီးက ဘယ်သူလဲ၊ အမျိုးသမီးက ဘယ်သူလဲ၊ သားသမီးစသဖြင့် စစ်တာပါ။ လူပေါင်း ၄၀ နဲ့ ၅၀ ကြားလောက် စစ်ဆေး ခဲ့ ပါတယ်။ တစ်ရွာလုံးကို စစ်ဆေးခဲ့တာတော့ မဟုတ်ပါ။ ထမင်းတော့ တစ်နပ်မစားခဲ့ရပါဘူး” ဟု ဆိုသည်။
တပ်မ ၂၂ မှ စစ်ကြောင်းသည် ယမန်နေ့ညဉ့်အချိန်က ဆင်သီကျေးရွာ အနီးသို့ ရောက်ရှိ နေရာယူခဲ့ပြီး ယနေ့ နံနက်မှ ရွာထဲသို့ ဝင်လာပြီး ရွာဆော်မှ တစ်ဆင့် ရွာသားများအားလုံးကို စာသင်ကျောင်းတွင် စု ခိုင်းပြီး စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
နောက်ဆုံး ရရှိသောသတင်းအရ ရာအိမ်မှူး နှစ်ဦးဖြစ်ကြသည့် ဦးအောင်သာနီနဲ့ ဦးစံသိန်းလှကို ၎င်းစစ် ကြောင်းမှ ခေါ်ယူသွားကြောင်း မိသားစုများက ပြောကြားသည်။
***********************************************************************
ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်သီကျေးရွာမှ ယောင်္ကျားများကို စာသင်ကျောင်းတွင် စုထားပြီး ခေါ်ယူစစ်ဆေး နေသဖြင့် စိုးရိမ်မှုများမြင့်တက်နေ
=======================================================================
ခိုင်လူလှ
နိရဉ္စရာ၊ ဇွန်လ ၁ / ၂၀၁၉
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်သီကျေးရွာမှ ယောင်္ကျားများအား ရွာရှိ အစိုးရ အလယ်တန်း ကျောင်း သို့ ခေါ်ယူ စုထားပြီး စစ်တပ်မှ စစ်ဆေးနေသဖြင့် အထူးစိုးရိမ်နေကြသည်ဟု လင်ယောင်္ကျား ဖြစ်သူကို စာသင်ကျောင်းသို့ ခေါ်ယူခံထားရသူ အမျိုးသမီးတစ်ဦးက ယနေ့ ညနေ ၃ နာရီမှ ဆက်သွယ်စဉ် နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။
“ ရွာသားတွေ အကုန်လုံးကို နံနက် ၈ နာရီလောက်မှာ စာသင်ကျောင်းကို ခေါ်ပြီး စုထားပါတယ်။ ၁၀ နာရီ ကျော်လောက်မှာ အမျိုးသမီးတွေကို ပြန်လွတ်ပါတယ်။ အခု ယောင်္ကျားတွေကို စာသင်ကျောင်းမှာ စုထား ပါတယ်။ ထမင်းလည်း မစားကြရသေးပါဘူး။ ကျွန်မတို့ရွာက အိမ်ခြေ ၅၀၀ ကျော်ရှိပါတယ်။ တစ်အိမ် တစ်ယောက် ဆိုရင်လည်း ခေါ်ထားတဲ့လူက ၅၀၀ ကျော်လောက်ရှိပါမယ်” ဟု ၎င်းက ပြောကြား သည်။
အခုလက်ရှိတွင် အိမ်ထောင်စုစာရင်းများကို လာပို့ရန် တောင်းခံထားပြီး အိမ်ထောင်စု စာရင်းနှင့် အတူ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ၎င်းက ပြောကြားသည်။
“ အခုတော့ ကျောက်တန်းမှာလို ရိုက်နှက်စစ်ဆေးမှုတွေတော့ မရှိသေးဘူးလို့ သိရပါတယ်။ စာသင်
ကျောင်း ထဲမှာ စစ်ဆေးနေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်မတို့ကတော့ စိုးရိမ် နေကြပါတယ်။ ကျောက်တန်းမှာလို ဖြစ်မှာကို အထူး စိုးရိမ်နေကြပါတယ်” ဟု ပြောကြားသည်။
ဆင်သီကျေးရွာ ဘုန်းတော်ကြီကျောင်းဆရာတော်က “ဒီမနက်ပိုင်းရွာမှာ ယောကျ်ား/မိန်းမ အားလုံးကို စစ်တပ်က စာသင်ကျောင်းကို ထွက်လာဖို့ ရွာထဲမှာ အော်ပြီးပြောနေတာကြားပါတယ်။ စစ်ဆေးမေးမြန်းဖို့ ထင်တာပဲ။ မိန်းမတွေကိုတော့ ပြန်လွတ်လိုက်တယ်။ ဦးဇင်းတော့လည်း ကျောင်းထဲမှာဆိုတော့ တိတိကျကျ မသိရသေးဘူး”ဟု နိရဉ္စရာ သတင်းဌာနသို့ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ယနေ့ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြော ရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဖုန်းဖြင့် ၂ ကြိမ်တိုင်တိုင် ဆက်သွယ်ရာ လက်ခံ ဖြေဆိုခြင်း မရှိသေးသဖြင့် ခေါ်ယူစစ်ဆေးနေခြင်းနှင့် ပတ်သက်ပြီး တပ်ဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။

No comments:
Post a Comment