" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, April 19, 2023

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုစွဲချက် - မြန်မာရဲ့ အချိန်တိုး တောင်းမှု ICJ ပယ်ချ -

BBC မြန်မာပိုင်း
ဧပြီလ ၁၉ ၂၀၂၃

မြန်မာ စစ်ကောင်စီဘက်က အချိန်တိုးတောင်းတာကို ပယ်ချပြီး တစ်လသာတိုးပေးဖို့ ဆုံးဖြတ်

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ အမှုရင်ဆိုင်နေရတဲ့ မြန် မာ နိုင်ငံဟာ လာမယ့် တနင်္လာနေ့ ဧပြီလ ၂၄ ရက်နေ့မှာ ချေလွှာတင်ဖို့ ရှိတာကို စစ်ကောင်စီဘက်က နောက်နှစ် ထိ ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားချက်ကို တရားရုံးက ပယ်ချလိုက်ပေမဲ့ ပြင်ဆင်ချိန်ကိုတော့ တစ်လထပ်တိုး ပေး လိုက်ပါတယ်။

မြန်မာကိုယ်စားလှယ်ဘက်က နောက်နှစ် ဖေဖော်ဝါရီ ၂၄ ထိ ၁၀ လကြာ ရွှေ့ဆိုင်းထားပေးဖို့ ပြီးခဲ့တဲ့လ မတ်လ ၁၄ ရက်က ပန်ကြားခဲ့တယ်လို့ တရားရုံးက ဧပြီ ၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

မြန်မာဘက်က ရွှေ့ဆိုင်းဖို့ ပြောတဲ့အကြောင်းပြချက်တွေထဲမှာ တရားစွဲတဲ့ ဂမ်ဘီယာဘက်က တင်ထားတဲ့ အဆို လွှာက ရှည်လျားတာ၊ အမှုနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေကို မြန်မာလို ဒါမှမဟုတ် အင်္ဂလိပ်လို ဘာသာပြန်ဖို့ အချိန် လိုအပ်တာ၊ မြန်မာဘက်က အသုံးပြုနိုင်တဲ့ အရင်းအမြစ်မလုံလောက်တာ၊ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို မြန်မာဘက်ကို ပြန်ခေါ်ပြီး သက်သေခံချက်တွေ ယူဖို့ အချိန်လိုတာ၊ ၂၀၂၁ ဖေဖော်ဝါရီ အစိုးရအပြောင်းအလဲ ကြောင့် ချေလွှာကို ပြင်ဆင်နိုင်စွမ်း ထိခိုက်မှုတွေ ပါဝင်ပါတယ်။

မြန်မာဘက်က ပန်ကြားမှုကို တရားရုံးက ဂမ်ဘီယာဆီ အကြောင်းကြားခဲ့ပေမဲ့ ဂမ်ဘီယာက ပယ်ချခဲ့တယ်လို့ ဖော် ပြပါတယ်။ ဂမ်ဘီယာဟာ သူ့ရဲ့ အဆိုလွှာကို ပြင်ဆင်ဖို့ ၉ လအချိန်ရခဲ့သလို မြန်မာအနေနဲ့လည်း ဒီအချိန်ကာလ ပဲ ရသင့်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဂမ်ဘီယာတင်ပြီးချိန်ကစရင် မြန်မာဘက်က ပြင်ဆင်ချိန် ၂၉ လ ရရှိ ထား ပြီး ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

တရားရုံးကတော့ နှစ်ဖက်တင်ပြမှုတွေကို အခြေခံပြီး မြန်မာဘက်ကို မေလ ၂၄ ရက်ထိ တစ်လ ထပ်တိုးပေးလိုက် တယ် လို့ ဆုံးဖြတ်ပါတယ်။

ဒီချေလွှာတင်ပြီးရင် နောက်ထပ် စာနဲ့ရေးပြီး လျှောက်လဲချက်တွေ အပြန်အလှန် တင်ရဖွယ်ရှိပြီး အဲဒီနောက်ပိုင်း ကျ ရင် ကြားနာမှုတွေ လုပ်ရမှာ ဖြစ်ကြောင်း၊ ဒီအမှု အချိန် ဘယ်လောက်ကြာမယ်ဆိုတာ မှန်းရခက်ပေမဲ့ ချေလွှာ တင်ပြီးရင် ခန့်မှန်းခြေ နောက်ထပ် ၂ နှစ်ခွဲလောက် ကြာနိုင်ကြောင်း ဂမ်ဘီယာရဲ့ ရှေ့နေ ပေါလ်ရိုက်ကလာ ဘီဘီ စီ ကို ပြောခဲ့ဖူးပါတယ်။


၂၀၁၇ ခုနှစ်တုန်းက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး ခဲ့ရပြီး နောက် ၂၀၁၉ ခုနှစ်က ဒီအမှု ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */