" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, October 27, 2022

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွင် ရိုဟင်ဂျာ လူငယ်ခေါင်း ဆောင်တစ်ဦး ပစ်သတ်ခံရ

Dhaka Tribune

အောက်တိုဘာ ၂၆ ၊ ၂၀၂၂
ဓာတ်ပုံ - Dhaka Tribune

ဘင်္ဂလားဒေ့ရှ်န်ိုင်ငံ၊ ကော့ဘဇားခရိုင်၊ အိုးကီယားရှိ ဘာလိုခါလီဒုက္ခသည်စခန်းမှ ရိုဟင်ဂျာလူငယ်ခေါင်းဆောင်တစ်ဦး ယနေ့နံနက်ပိုင်းအချိန်တွင် သတ်ဖြတ်ခံရကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းဌာနက ဖော်ပြထားသည်။
ရိုဟင်ဂျာလူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ မိုဟာမတ်ဂျာဆိမ်း (ဘ) ဦးအဒူဂေါ်ဖါရ် အသက်(၂၅)ကို ယနေ့အောက် တိုဘာလ ၂၆ရက်နေ့ နံနက်ပိုင်းတွင် မျက်နှာဖုံးစွပ်ထားသည့် အကြမ်းအဖက်သမားတစ်စုက နေအိမ်အပြင်သို့ ဆွဲ ထုတ်ပြီးနောက် ရင်ဘတ်ကို သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းကြောင်း သိရသည်။
 
အဆိုပါဒုက္ခသည်စခန်းနေ ရိုဟင်ဂျာတစ်ဦးဖြစ်တဲ့ ဦးမိုဟာမတ်အီစ္စလာမ်က အသတ်ခံရသူ လူငယ်ခေါင်းဆောင် မိုဟာမတ်ဂျာဆိမ်းသည် ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ဖြစ်ပွားနေသည့် အစွန်းရောက်အကြမ်းဖက်မှု၊ လူ သတ်မှုများကို ဆန့်ကျင်ပြောဆိုလေ့ရှိပြီး၊ ARSA လက်နက်ကိုင်အဖွဲ့၏ ဒုစရိုက်လှုပ်ရှားမှုများကို ကန့်ကွက်ပြော ဆိုခဲ့သောကြောင့် ARSA အဖွဲ့က သူအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင်း Dhaka Tribune သ တင်းဌာနသို့ အတည်ပြုပြောဆိုထားသည်။
 
ဘင်္ဂလားဒေ့ရှ်အမှတ် (၈) ရဲတပ်ရင်းမှ လက်ထောက် တပ်ရင်းမှူး မိုဟာမတ် ဖါရုခ်အာမတ်က ယနေ့နံနက်ပိုင်းတွင် ဒုက္ခသည်စခန်းအတွင်း၌ သေနတ်သံများကြားရပြီးနောက် မိုဟာမတ်ဂျာဆိမ်း၏ အလောင်းအား တွေ့ခဲ့ရပြီး လူ သတ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရန် လုပ်ဆောင်နေကြောင်းဆိုသည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */