" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 14, 2023

ဘူးသီးတောင်မှာ စစ်ကောင်စီ တပ်သားနဲ့ နယ်ခြားစောင့်ရဲ ပစ်သတ်ခံရ

RFA
RFA Burmese
2023.11.14

 ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့ စစ်ကောင်စီ တပ်စွဲထားသည့် တံတားအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ နိုဝင်ဘာလ ၁၄ ရက်ဒီနေ့ စစ်ကောင်စီသားတစ်ဦး ပစ်သတ်ခံရပြီး နိုဝင်ဘာ ၁၃ ရက်မနေ့ကလည်း နယ်ခြားစောင့်ရဲတစ်ဦး ပစ်သတ်ခံခဲ့ ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၁၄ ရက် ဒီနေ့ညနေ ၄ နာရီခွဲခန့်က ဘူးသီးတောင်မြို့ခံ စစ်ကောင်စီ တပ်သားတစ်ဦး မြို့အထွက် ရသေ့တောင်ဘက်သွားတဲ့ ကားလမ်းကြီးပေါ်မှာရှိတဲ့ တံတားမှာ ပစ်သတ်ခံရတာလို့ မြို့ခံအမျိုးသားတစ်ဦးက RFA ကို ပြောပါတယ်။

“ပစ်သတ်ခံရတာ စစ်ကောင်စီစစ်သား ရခိုင်သား မြို့ပေါ် (၄) ရပ်ကွက်ကပါ။ နာမည် ကိုတော့ မပြောချင် တော့ ဘူး။ ပစ်သတ်ခဲ့တာက AA မဟုတ်ဘူးလို့ ပြောနေကြတယ်။ ရှုပ်ထွေးနေတယ်”

နောက်ထပ် မြို့ခံ အမျိုးသမီးတစ်ဦးကလည်း မြို့အထွက် နန်းရာကုန်းအနီး စစ်ကောင်စီ တပ်က တပ်စွဲထားတဲ့ တံတားရင်းမှာ အဲဒီ စစ်ကောင်စီတပ်သား ပစ်သတ်ခံရတာလို့ RFA ကို အတည်ပြုပါတယ်။

ဘယ်အဖွဲ့က ပစ်ခဲ့သလဲဆိုတာနဲ့ ပစ်သတ်ခံရသူရဲ့ အမည်၊ ရာထူး အသေးစိတ်ကိုတော မသိရသေးသလို အပစ် ခံ ရတဲ့ နေရာအနီးနဲ့ မြို့အဝင်အထွက်တွေမှာ စစ်ကောင်စီ တပ်သားတွေ စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၃ ရက် မနေ့ မနက် ရှစ်နာရီခွဲမှာလည်း ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ညောင်ချောင်း နယ် ခြား စောင့် ရဲစခန်းက အသက် ၄၈ နှစ်အရွယ် တပ်ကြပ်ကြီး တင်မြင့်ထွန်းဟာ ညောင်ချောင်းစျေးထဲမှာ ပစ်သတ်ခံ ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ညောင်ချောင်းရွာခံ တစ်ဦးကတော့ ပစ်သတ်ခံရတဲ့ နယ်ခြားစောင့်ရဲဟာ ဒေသခံတွေအပေါ် နိုင်ထက်စီးနင်း ပြုလုပ်လေ့ ရှိသူဖြစ်ပြီး တစ်ချက်တည်းနဲ့ ပစ်သွားတာလို့ ပြောပါတယ်။

“သူက သောင်းကြမ်းနေတာ ကြာပြီ နှစ်နှစ်လောက် ကြာပြီ။ တစ်ချက်တည်း အပစ် ခံရတာပါ”

ဘယ်အဖွဲ့က ပစ်ခဲ့သလဲဆိုတာကိုတော့ ဒေသခံတွေအနေနဲ့ တိတိကျကျမသိသလို RFA အနေနဲ့လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

စစ်ကောင်စီ တပ်သားနဲ့ နယ်ခြားစောင့်ရဲ ပစ်ခတ်ခံရတဲ့အပေါ် စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ တင်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဘူးသီးတောင်မြို့နယ်က ညောင်ချောင်း နယ်ခြားစောင့် ရဲစခန်းဟာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့မှာ ရက္ခိုင့် တပ်တော် (AA) က တိုက်ခိုက်ခြင်းကို ခံခဲ့ရတဲ့ စခန်းဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */