Friday, August 28, 2026

အနောက်တံခါး မပြိုပျက်ပါ (ညိုလှဖြူ- မောင်တော)

 

မဂ္ဂဇင်းအမှတ်(၃၆) ၁၁၃ မှ

ရိုဟင်ဂျာပြဿနာ ဘယ်သူမြှေတောင်မြှောက်ပေးခဲ့သလဲဟေ့

ရိုဟင်ဂျာကို ဆက်လက်ရှင်သန်ကြီးထွားအောင် ဗီတာမင်အားဆေးထိုးပေးခဲ့သူမှာ ရိုဟင်ဂျာတို့ ထင်တိုင်းကြဲခွင့်ရခဲ့ကြသည်ကို သမိုင်းတွင် အထင်အရှားတွေ့ရသည်။ မြန်မာ့အသံတွင် တိုင်းရင်းသားဖြစ်သော ရခိုင်အသံထုတ်လွှင့်ခွင့်မရမီကပင် ရိုဟင်ဂျာအသံကို ထုတ်လွှင့်ခွင့်ရခဲ့ကြသည်။ တက္ကသိုလ်တွင် ရိုဟင်ဂျာကျောင်းသားများအသင်း ဖွဲ့စည်းထားကြသည်အထိ အခွင့်အရေးရရှိခဲ့ကြသည်။ သမိုင်းစာမျက်နှာကို ဘယ်သူတို့က အိုးမည်းသုတ်ခဲ့သလဲဟု မေးရန်ကိစ္စဖြစ်နေသည်။ သမိုင်းဆိုသည်မှာ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေဖြစ်တတ်သည်ကို သတိပြုခဲ့သလော။ တစ်နည်းအားဖြင့် အုပ်ချုပ်သူများက "ယာလည်းညက်စေ၊ ကြက်လည်းမောစေ" သဘောဖြင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းခဲ့ခြင်းဖြစ်ကြောင်း သဘောပေါက်သည်။

 

ရခိုင်ခေါင်းဆောင်များ ပြီးစီးအောင်ဆောင်ရွက်ရန် လိုအပ်သည့်အချက်

၁၉၄၂ ခုနှစ် ကုလား ရခိုင် အဓိကရုဏ်းဖြစ်သောအခါ ရခိုင်ပြည်အတွင်းက အင်အားရှိသော ရခိုင်များက ကုလားများကို ရခိုင်ပြည်တွင်းမှ တိုက်ထုတ်မောင်းနှင်ပါသည်။ သို့သော် လုပ်ငန်းပြီးမြောက်မှုမရှိခဲ့ဟု ကျွန်တော်သုံးသပ်ပါသည်။ ရခိုင်ပြည်တွင်းမှ ထွက်ပြေးလာကြသည့် ကုလားအမြှောက်အပံုကို အဘယ်ကြောင့် ရသူတောင်၊ ဘူးသီးတောင်၊ မောင်တောအနီးတွင် ထားခဲ့ပါသလဲ။ ဆက်လက်တိုက်ထုတ်ရန် မတတ်နိုင်တော့၍ ဤအထိသာတွန်းပို့ခဲ့ရသည်ဆိုလျှင်တော့ မတတ်နိုင်ပါ။ ယခု ယင်းအမြှောက်အပံုမဖချဲ ပြာသာဒ်ထိ မီးလောင်နေပြီ။ အကယ်၍သာ ဘင်္ဂလားဒေသ (အင်္ဂလိပ်ပိုင်နက်)သို့ မောင်းထုတ်နိုင်ခဲ့လျှင် ပြဿနာ တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်သည်ဟု ကျွန်တော် တွေးခေါ်ကြည့်ပါသည်။

ရိုဟင်ဂျာလှုပ်ရှားမှု ခေတ္တငြိမ်နေခြင်း

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီး နောက်ပိုင်းတွင် ရိုဟင်ဂျာလှုပ်ရှားမှုခေတ္တငြိမ်သက်သွားခဲ့ပါသည်။ သို့သော် အမြုတေများတော့ရှိနေကြသည်ဟု သုံးသပ်ရပါသည်။ ၁၉၆၆ ခုနှစ်တွင် ဝိမလ၊ အောင်ဗလ နှင့် မြို့သစ်ရပ်ကွက်များကို အသစ်တိုးချဲ့ရန် ဗိုလ်ကြီးဦးကျော် စိစစ်ဆောင်ရွက်သောအခါ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရုံးကို လာရောက်ဝိုင်းရံကြပြီး စာတစ်စောင်ချထားခဲ့ပါသည်။ ရုံးကတော့ ထဲကို မီးအနည်းငယ် လောင်ကျွမ်းခဲ့သည်မှလွဲ၍ အသုံးလုံးမပျက်မြဲဖြစ်ခဲ့ပါ။ ရေးသားထားသောစာတွင် ပါဝင်သောအကြောင်းအရာမှာ "ဗိုလ်ကြီးမောင်ဦးကျော်လည်ချောင်းသွေးဖြင့်ခြေဆေးမည်"ဖြစ်ပါသည်။

၁၉၅၈ လောက်က ရိုဟင်ဂျာ (ခွင်ဂျာသုတ်) အဖြစ် သရက်အုပ်၊ ဒါးကြီးဘေး၊ ရေလယ်ချောင်းခွမှ ကုလားများကို တုန့်ပြန်ပြောဆိုသည့်ကျွန်တော့်မိခင်၏ ပြောစကားများတွင် ရိုဟင်ဂျာသဘောပါဝင်နေကြောင်း သတိပြုမိပါသည်။ ၁၉၇၄ ခုနှစ်တွင် ဆရာတော်အရှင်စန္ဒိမာ "နဂါးမင်းစစ်ဆင်ရေး"မှတ်တမ်းကို ရေးသားခဲ့စဉ်က မောင်တောကမ်းယောင်သမိုင်းတွင် ရိုဟင်ဂျာလှုပ်ရှားမှုကို တစ်ဖန်တွေ့လာရပြန်ပါသည်။ ရိုဟင်ဂျာတို့သည် တစ်ချိန်ချိန်တွင် လှုပ်ရှားလာနိုင်ကြောင်း သတိထားခဲ့ပါသည်။

ရိုဟင်ဂျာလှုပ်ရှားမှုပြန်လည်စတင်ခြင်း

၁၉၇၀ ကျော်ကာလတွင် ရိုဟင်ဂျာလှုပ်ရှားမှု ပြန်လည်စတင်လာကြောင်း သိရှိရပါသည်။ ကျွန်တော် မသလပါတီတွင် စာရေးဝန်ထမ်း တာဝန်ထမ်းဆောင်နေစဉ် မောင်တောမြို့နှင့် ၄ မိုင်ခန့်ဝေးသော ပြားသားရွာ (ရခိုင်)သို့သွားလျှင်ပင် တပ်မတော်မှ တပ်စိပ်တစ်စိပ် ခေါ်ယူပြီး စောင့်ရှောက်ပေးရသည်ကို မှတ်မိနေပါသည်။ မောင်တောမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေရာဟိန်းသည်ပင်လျှင် မောင်တောမြို့မှထွက်ပြေးသွားပြီး ရိုဟင်ဂျာတပ်ဦးအဖွဲ့တွင် ဝင်ရောက်တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရှိရပါသည်။ ယင်းအချိန်က ရိုဟင်ဂျာလှုပ်ရှားမှုအဖွဲ့တွင် မောင်တောမြို့နယ် ကျောက်ချောင်းကျေးရွာ ကောင်စီဥက္ကဋ္ဌ ဦးဘခင်၏ညီ ဇူရ်အဗူလာဘ်ဖြစ်ပါသည်။

ဒီမိုကရေစီလမ်းစဉ်သို့ ချီတက်စဉ်မှတ်တမ်းများ

၈၈၈၈ အရေးအခင်းဖြစ်ပြီးနောက် မောင်တောသို့လည်း စစ်တွေမြို့မှအဖွဲ့ရောက်လာပြီး မောင်တော အ.ထ.က ကျောင်းကွင်းတွင် လူထုအစည်းအဝေးတစ်ခုပြုလုပ်ခဲ့ကြပါသည်။ ယင်းအစည်းအဝေးကျင်းပချိန်တွင် ကျွန်တော်တို့က ရခိုင်လူမျိုးများနှင့် ဘင်္ဂလီများ သင့်မြတ်စွာနေထိုင်ရေးကို ကွင်းဆင်းစည်းရုံးဆောင်ရွက်လျက်ရှိသောကာလဖြစ်ပါသည်။ အစည်းအဝေးကြီးတွင် ဒေါက်တာထွန်းအောင်က မောင်တောမြို့တွင် ဖြစ်ပျက်ခဲ့သော ၁၉၈၈ ခုနှစ် မေလအရေးအခင်းသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို စတင်လိုက်ခြင်းဖြစ်ကြောင်း ဟောပြောခဲ့သည်ဟု ကြားသိရပါသည်။

ဒီမိုကရေစီအရေးအခင်းနောက်ပိုင်းတွင် မောင်တက်နီ(မောင်တော)နှင့် ကျွန်တော်တို့ မောင်တောမြို့၏ အနာဂတ်စိုးရိမ်၍ စာတမ်းတစ်စောင်ရေးသားပြီး နဝတအစိုးရသို့ တင်ပြခဲ့ပါသည်။ ယင်းစာတမ်းကို မျိုးချစ်လူငယ်တစ်ခုက အင်္ဂလိပ်ဘာသာသို့ပြန်ဆိုပြီး အင်တာနက်သို့ တင်ထားခဲ့ရာ ယင်းမှပြန်လည်ကူးယူလာသောအင်္ဂလိပ်စာတမ်းကို တပည့်ချစ်ညီညီထွန်းက ကူးယူလာပေးသဖြင့် ကျွန်တော့်အနေဖြင့် ထပ်ဆင့်ဖြန့်ဝေနိုင်ခဲ့ပါသည်။ ၁၉၉၀ ကျော်ပတ်ဝန်းကျင်ကာလတွင် နိုင်ငံတော်ပိုင်သတင်းစာများက "ရိုဟင်ဂျာဘာလဲ၊ ဘယ်လဲ"ဟူသော အခန်းဆက်ဆောင်း ပါးများကို ရေးသားဖော်ပြသောအခါ ကျွန်တော်တို့အနည်းငယ်အသက်ရှူချောင်ကြပါသည်။

သို့သော် မကြာလိုက်ပါ။ ၁၉၉၄ ခု၊ ဩဂုတ်လထုတ် "ကလျာ"မဂ္ဂဇင်းတွင် ဒေါက်တာသန်းထွန်း ရေးသားသော "ချင်း၊ မြိုနှင့် ခမီ (မြောက်ရခိုင်)" ဆောင်းပါးပါလာသောအခါ ရိုဟင်ဂျာတို့ကိုထောက်ခံရေးသားသည့်သဘောသက်ဝင်နေသဖြင့် ကျွန်တော်တို့ပြန်လည်ချေပရေးသားကြပြန်ပါသည်။ ဆရာဦးမောင်ဗသိန်းက ကလျာမဂ္ဂဇင်းတွင် ချေပရေးသားပြီး ကျွန်တော်က ရခိုင်သဟာယအမှတ်(၂)မဂ္ဂဇင်းတွင် ချေပရေးသားတင်ပြခဲ့ကြပါသည်။ ကလျာမဂ္ဂဇင်းနှင့် ဒေါက်တာသန်းထွန်းတို့၏အမှန်တရားကိုမြှတ်နှိုးစွာရှိမှုတို့ကြောင့် "မူဆလင်မင်းကတော့နတ်(Naaf)မြစ်၊ အရှေ့မယူး(Mayu)မြစ်ဒေသက ရိုဟင်ဂျာ(Rohinja)ဖြစ်မလားလို့ ဆင်ခြင်ပါတယ်"ဟူသောစာပိုဒ်ကို "ရခိုင်အမျိုးသားများ၏တင်ပြချက်အရ 'ရိုဟင်ဂျာမဖြစ်နိုင်'ဟူသော ကောက်ချက်ဖြင့် ဤစာပိုဒ်ကိုပြင်ဆင်ဖတ်ရှုကြပါရန်"ဟု ပြန်လည်ပြင်ဆင်ပေးခဲ့၍သာ ရိုဟင်ဂျာတို့အတွက် အရှိန်ကိုထိုးမိသလိုဖြစ်သွားပါသည်။

ရိုဟင်ဂျာအမည်

ဘင်္ဂလားဒေသရှိမှ ဘင်္ဂလီများက ရခိုင်ကို "ရော်ဟင်"ဟုခေါ်ကြောင်း ယခင်က ရခိုင်မဂ္ဂဇင်းတွင် ကျွန်တော်တင်ပြခဲ့ပြီးဖြစ်ပါသည်။ သို့သော် တာဝန်ရှိသူများက အလွယ်ဆုံးစစ်ဆေးစမ်းသပ်နည်းကိုမသိချင်ယောင်ဆောင်နေသလားတော့မပြောတတ်ပါ။ ကျွန်တော်တင်ပြပါမည်။ ယနေ့ ရိုဟင်ဂျာခေါင်းဆောင်များ ဘယ်ကျောင်းတွင်စာသင်ခဲ့သည်၊ ဘယ်လူမျိုးအမည်ဖြင့် အမျိုးသားမှတ်ပုံတင်လက်မှတ်ကိုလျှောက်ထားရယူခဲ့သည်ကိုဖော်ပြလိုက်လျှင် "ဘာလူမျိုးလဲ"တစ်ခါတည်း ကွင်းကွင်းကွက်ကွက်ထင်သာမြင်သာရှိနိုင်ပါသည်။ အမေရိကန်ရောက် ရိုဟင်ဂျာခေါင်းဆောင် ဒေါက်တာဝါကာရ်အူဒီးန်သည် မောင်တောမြို့၊ အမှတ်(၄)ရပ်ကွက်တွင် နေထိုင်ခဲ့သူဖြစ်ပြီး ၁၉၆၉ ခုနှစ်က မောင်တောမြို့ အလယ်တန်းကျောင်း၌ အဋ္ဌမတန်းတွင် ကျွန်တော်နှင့် တစ်ခုံတည်းတွင်ကပ်လျက်စာသင်ခဲ့သူဖြစ်ပါသည်။ သူ၏အနေဖြင့် စိုက်ပျိုးရေးတက္ကသိုလ်(ရေဆင်း)မှ စိုက်ပျိုးရေးဘွဲ့ရရှိခဲ့သူဖြစ်ပါသည်။ သူစာသင်ခဲ့သည့်ကျောင်းများတွင် ကျောင်းဝင်ခွင့်လျှောက်ထားခဲ့စဉ်က မည်သည့်လူမျိုးဖြစ်ကြောင်း ရေးသားဖော်ပြချက်၊ အမျိုးသားမှတ်ပုံတင်လက်မှတ်ရယူသည့်အခါ မည်သည့်လူမျိုးအမည်ဖြင့်လျှောက်ထားရယူခဲ့ပါသလဲဆိုသော အချက်အလက် အထောက်အထားများကိုဖော်ပြလိုက်လျှင် ငြင်းကွယ်နိုင်စရာအကြောင်းမမြင်ပါ။

၈၊ ၆၊ ၂၀၁၂ ဖြစ်ရပ်များနှင့် နည်းဗျူဟာ

၈၊ ၆၊ ၂၀၁၂ နေ့ အရေးအခင်းမတိုင်ခင်က UNHCR အပါအဝင် အခြား INGO များ နံနက်ပိုင်းတွင် အစည်း အဝေးကျင်းပခဲ့ကြောင်း သိရပါသည်။ ယင်းနေ့က ကျွန်တော်သည် UNDP မောင်တောတွင် တာဝန်ထမ်းဆောင် လျက်ရှိပြီး မောင်တော (၃)မိုင်တွင် ကျေးလက်မွေးမြူရေးလုပ်သားသင်တန်း၊ ကညင်တန်းတွင် ကျေးလက်စိုက်ပျိုး ရေးလုပ်သားသင်တန်းများကို ဖွင့်လှစ်ကြီးကြပ်လျက်ရှိပါသည်။ ယင်းနေ့ ၁၀ နာရီကျော်တွင် ကျွန်တော့်အိမ်ရှင်မက အလိုတော်ပြည့် ဘုန်းကြီးကျောင်းမှ ဦးဇင်းတစ်ပါး ဆွမ်းခံကြွရာတွင် မောင်တောမြို့၊ ရပ်ကွက် (၅)မှ ကုလားများ ကျောက်ခဲများဖြင့် ပစ်ပေါက်ကြောင်း၊ အိမ်သို့အမြန်လာရန် ကျွန်တော့်ထံဖုန်းဆက်ပါသည်။ UNDP ရုံးမှ စီမံ/လက်ထောက်ကလည်း နေ့လယ်ပိုင်းတွင် ရုံးသို့မလာလိုလျှင် မလာဘဲနေနိုင်ကြောင်း အသိပေးပါသည်။ မွန်းတည့် ၁၂ နာရီကျော်ကျော်ချင်း ပြဿနာက မောင်တော ရဲစခန်းအနီး ကျောက်ဗလီက စတင်ပါတော့သည်။ တစ်ယောက်ယောက်က ရေဒီယိုဖုန်းစက်ဖြင့် မြို့မဘုန်းတော်ကြီးကျောင်းမှတွေ့မြင်ရသောအဖြစ်အပျက်များကို ပြောပြနေသဖြင့် ကျွန်တော် ရေဒီယိုဖုန်းစက်ကိုလည်း ဖွင့်ထားရာအဖြစ်အပျက်များကို အတိုင်းသားကြားနေရပါသည်။ သမင်တည်းခဲစခန်းကို နတ်ကွပ်ကဲရေးမှူးရှေ့ မှောက်တွင်ပင် မီးတင်ရှို့၊ ဗိုလ်မှူးရွာရှိ ရခိုင်အိမ်များကို မီးရှို့၊ ဒေါက်တာခင်မောင်လတ်နှင့် ဇနီးတို့ကို ဓားဖြင့် ထိုးသတ်သည်ဖြင့် တစ်ဆက်တည်းကျူးလွန်ကြပါသည်။ ယင်းနောက် တွင် ကြိုတင်အဆက်အသွယ်ပြုလုပ်ထားကြသည့်အတိုင်း ရခိုင်ကျေးရွာများဖျက်ဆီးရေးကို ဆက်သွယ်ဆောင် ရွက်ကြပါတော့သည်။

ရခိုင်ကျေးရွာများကို မီးရှို့ဖျက်ဆီးရန် ဘင်္ဂလီကုလားများချီတက်ကြသောအခါ ယခင်ကကဲ့သို့ အုပ်လိုက်ချီတက်ခြင်းမပြုဘဲ တစ်ဦးချင်းစီ ရင်ဘောင်တန်း၍ ချီတက်ကြသည်။ ၂၀၁၃ ခုနှစ်က ခရေမြိုင်ကျေးရွာသားအချို့ ဖမ်း ဆီးရာတွင်လည်း ဒုက္ခရာတန်းကျေးရွာသား ဘင်္ဂလီများက ရင်ဘောင်တန်းပြီး သုံးဖက်ပိတ်၊ တစ်ဖက်လွှတ်ကာ လွှတ်ထားသောဖက်မှသုတ်ကွင်းထောင် ချောက်ဆင်ဖမ်းဆီးကြသဖြင့် တစ်ဦးဖမ်းဆီးရိုက်ပုတ်ခြင်းခံခဲ့ကြရပါ သည်။

ဆက်လက်ကျင့်သုံးလျက်ရှိနေသောနည်းဗျူဟာများ

ရခိုင်ရပ်ရွာများကို မီးရှို့ဖျက်ဆီးခဲ့သောဘင်္ဂလီများကို နိုင်ငံတော်အစိုးရတာဝန်ရှိအဖွဲ့အစည်းများက လိုက်လံဖမ်း ဆီးမည်ကို သိရှိကြသောဘင်္ဂလီတို့သည် ညအချိန် သူခိုးများ ရွာသို့ဝင်လာသည်ကိုတွေ့မြင်လျှင် တစ်ရွာလုံးအော်ဟစ်ကြရန် သတ်မှတ်ထားကြသည်။ ရွာတစ်ရွာမှအော်ဟစ်သံကို ကြားရလျှင် အခြားရွာများကလည်း ဘာမှန်းမသိ ဆက်လက်အော်ဟစ်ဆူပူသည့်အကျင့်ကို တည်ဆောက်ဆောင်ရွက်လျက်ရှိပါသည်။ ယင်းအပြင် ရခိုင်များနှင့် အဆက်ဆံမပြုလုပ်ရေး၊ ရခိုင်ထွက်ပစ္စည်းများကို မဝယ်ယူရေး၊ ရခိုင်လယ်မြေများကို ငှားရမ်းလုပ်ကိုင်ခြင်းမပြုရေးတို့ကို တားမြစ်ထားကြပါသည်။ အဆိုးဆုံးမှာ မိမိတို့နေအိမ်ကို မီးရှို့ပြီး ရခိုင်များ၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ မီးလောင်ရှို့သလို ထင်ယောင်ထင်မှားလုပ်ခြင်းဖြစ်ပါသည်။ ယင်းအပြင် ရခိုင်ရွာသို့သွားရောက်ပြီး ဆက်သွယ်လုပ်ကိုင်သူ ဘင်္ဂလီနေအိမ်များကို မီးရှို့ရန် "ကြိုးကိုင်လှုပ်ရှားနေသည့်အဖွဲ့"တစ်ဖွဲ့က ငွေကြေးပေး၍ ဆောင်ရွက်နေခြင်းပင် ဖြစ်ပါသည်။

ခရေမြိုင်ကျေးရွာအနောက်ဘက်ရှိ ဘောဓိနား (နူရူလာ)ရွာမှ ဘင်္ဂလီတစ်ဦးသည် ခရေမြိုင်၊ ဒီပီအေ ကျေးရွာများသို့လာရောက် အလုပ်လုပ်လေ့ရှိသဖြင့် သူ့အိမ်ကိုမီးရှို့ရန်အတွက် မီးရှို့မည့်အဖွဲ့ကို စံရံငွေ ၅ သိန်း ပေးထားပါသည်။ မီးရှို့မည့်အဖွဲ့က မီးရှို့သည့်အခါ ထိုဘင်္ဂလီကုလားတွင် ဆွေမျိုးအသိုင်းအဝိုင်းကောင်း၍ အချိန်မီငြှိမ်းသတ်နိုင်လိုက်သဖြင့် တစ်အိမ်လုံးမီးလောင်ကျွမ်းခြင်းမခံလိုက်ရပါ။ ယင်းကြောင့် မီးတိုက်ရန် စံရံပေးထားသည့်ကြိုး ကိုင်အဖွဲ့က ရွာမှမီးတိုက်ရန်အဖွဲ့ သို့ထုတ်ပေးထားသည့်စံရံငွေ ၅ သိန်းကို ပြန်လည်တောင်းခံကြောင်း ဒီပီအေဥက္ကဋ္ဌကပြောပြသဖြင့် သိရှိခဲ့ရပါသည်။

ကြိုးကိုင်အဖွဲ့

၈၊ ၆၊ ၂၀၁၂ တစ်နေ့တည်းတွင် မောင်တောမြို့နယ်အတွင်းရှိ ရခိုင်ရပ်ရွာများကိုတစ်ပြိုင်တည်း မီးရှို့ခဲ့ကြသည်မှာ ကြိုတင်စီမံချက်ချမှတ်ပြီး ကြိုးကိုင်အဖွဲ့တစ်ဖွဲ့က ကြီးကြပ်လမ်းညွှန်ဆောင်ရွက်ခဲ့မည်မှာ သေချာပါသည်။ "ရခိုင်ပြည်နယ်ပဋိပက္ခများစုံစမ်းစစ်ဆေးရေးကော်မရှင်" အဖွဲ့အစီရင်ခံစာတွင်လည်း သေချာစွာကြိုးကိုင်လမ်းပြဆောင်ရွက်ပေးနေသောအဖွဲ့ရှိကြောင်းဖော်ပြထားသည်ဟု ကြားသိရပါသည်။ ယင်းကြိုးကိုင်အဖွဲ့ကို ဖော်ထုတ်ရှင်းလင်းခြင်းမပြုနိုင်သမျှ ပြဿနာဘယ်တော့မှပြီးအေးမည်မဟုတ်ပါ။

အိုအိုင်စီ(OIC)

ခုတလော အားလပ်ချိန်အနည်းငယ်ရ၍ အတွေးအခေါ်စာအုပ်များကိုချပြီး တစ်အုပ်ချင်းစီတွေ့သမျှကိုဖတ်ကြည့်မိပါသည်။ ဆောင်းပါးတစ်ပုဒ်တွင် တစ်ဦးက အမေရိကန်နိုင်ငံသား အစ္စလာမ်ဘာသာဝင်ဒဿနကပါမောက္ခတစ်ဦးကို လူသားများအနေဖြင့် ဒီမိုကရေစီကိုသာကျင့်သုံးသင့်သလား၊ အစ္စလာမ်ဘာသာကို အခြေခံသောအစ္စလာမ်ရှာရီယာဥပဒေကိုသာ အခြေခံကျင့်သုံးပါသလားဟုမေးပါသည်။ အစ္စလာမ်ဘာသာဝင် ပါမောက္ခက ဒီမိုကရေစီသည် လူသားတို့တီထွင်ထားသောဝါဒဖြစ်သည်။ အစ္စလာမ်ရှာရီယာဥပဒေသည် အလ္လာဟ်အရှင်မြတ်က ပြဋ္ဌာန်းပေးသောအချက်ဖြစ်၍ အစ္စလာမ်ဥပဒေကို အခြေခံကျင့်သုံးရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်ကို ဖတ်ရှုရပါသည်။

ထိုနည်းတူစွာ နောက်တစ်ချက်ကို သတိပြုမိပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ ၁၀၊ ၁၂၊ ၁၉၄၈ နေ့ ထုတ်ပြန်ကြေညာသည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းတွင် "နိုင်ငံခေါင်းစီးတို့ကပြည့်ဝလိုက်နာဆောင်ရွက်ကြဖို့ ကတိကဝတ်သဘောတူညီမှုနှင့်အညီ"ဟူ၍ ထုတ်ပြန်ကြေညာခဲ့သော်လည်း ထိုလူ့အခွင့်အရေးကြေညာစာတမ်းကို (OIC)မှ လက်ခံခြင်းမရှိခဲ့ပါ။ OIC က အဖွဲ့ဝင် (၅၇)နိုင်ငံနှင့် အစည်းအဝေးလုပ်ပြီး ကိုင်ရိုအစ္စလာမ်လူ့အခွင့် အရေးကြေညာစာတမ်း (Cairo Declaration of Human Rights in Islam)ဆိုပြီး သီးခြားပြုလုပ်သတ်မှတ်ကြပါသည်။ ကိုင်ရိုကြေညာစာတမ်းအပိုဒ် ၂၄ တွင် ကုလသမဂ္ဂကြေညာစာတမ်းပါ လူ့အခွင့်အရေးနှင့် လူ့လွတ်လပ်ခွင့်များသည် အစ္စလာမ်ရှာရီယာဥပဒေ၏လက်အောက်ခံဖြစ်ရမည်။ အစ္စလာမ်ရှာရီယာဥပဒေ၏အချိန်မရွေးဝင်ရောက်စွက်ဖက်ခြင်းကိုခံရမည်ဟုဆိုလိုခြင်းဖြစ်ပါသည်။ (All the Rights and Freedoms stipulated in this Declaration are subjected to the Islam Shariah) မြန်မာနိုင်ငံကိုမဆိုထား၏ ကမ္ဘာ့ကုလသမဂ္ဂကိုပင် မထီမဲ့မြင်ပြုနေပါသည်။ OIC က မြန်မာပြည်နှင့်ပတ်သက်သောဆုံးဖြတ်ချက် (RESOLUTION No-4/ 38-MM ON THE MUSLIM COMMUNITY IN MYANMAR)ကို ချမှတ်ပြီး မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်ဆောင်ရွက်လာပါသည်။

ယင်းဆုံးဖြတ်ချက်တွင် ပါဝင်သောအချက်များကို အောက်ပါအတိုင်းတွေ့ရပါသည်။

(၁) ရခိုင်ပြည်ရှိ မူဆလင်များအား သူတို့၏ဇာတိနယ်မြေမှမောင်းထုတ်နေမှု၊ အစ္စလာမ်မည်ကျေးမှု၊ အမျိုးသားမှတ်ပုံတင်ကတ်များကို ဖျက်ဆီးဖျက်ဆီးဖမ်းဆီးမှုများကို ရပ်တန့်ကုသန့်ရန်နှင့် လူ့အခွင့်အရေးအပေါ် နိုင်ငံတကာက တရားဝင်အသိအမှတ်ပြုမှုများကို မြန်မာအစိုးရ တာဝန်ရှိသူအားလုံး တလေးတစားလိုက်နာကြဖို့ မြန်မာအစိုးရ အား ဖိအားပေးသွားရန်။

(၂) မိမိနိုင်ငံအား စွန့်ခွာထွက်ပြေးရသဖြင့် အိမ်မဲ့ယာမဲ့ဘဝသို့ရောက်ရှိနေကြသော မြန်မာဒုက္ခသည်များ၊ အထူး သဖြင့် မြန်မာနိုင်ငံ ရခိုင်ဒေသမှ မူဆလင်များ တစ်ယောက်မကျန် သူတို့၏နေရင်းရပ်ထံ ပြန်သွားနိုင်ရေးစိတ်ချရစေရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းသို့ အိုအိုင်စီက ကြိုးပမ်းသွားရန်။

(၃) မြန်မာနိုင်ငံရခိုင်ပြည်နယ်မှ ပြင်းပြင်းထန်ထန်ဖြစ်ပွားလျက်ရှိသောမူဆလင်များ၏အခွင့်အရေးအပေါ် ဖောက်ဖျက်ကျူးလွန်နေမှုများကို နိုင်ငံတကာပြည်သူများ၊ အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ အမြန်ဆုံး အဆုံးသတ်နိုင်ရေးနှင့် မြန်မာနိုင်ငံရှိ အစ္စလာမ်အဖွဲ့အစည်းများနှင့်လည်း ပြောဆိုဆွေးနွေးညှိနှိုင်းဖြေရှာရေးလုပ်ငန်းစဉ်များကို လေးနက်မြန်ဆန်စွာ ကြိုးပမ်းအကောင်အထည်ဖော်နိုင်ရေးအတွက် အိုအိုင်စီအတွင်းရေးမှူး၏ဆောင်ရွက်ချက် အောင်မြင်မှုများကို ဂုဏ်ပြုရန်။

(၅) မြန်မာနိုင်ငံရှိ မူဆလင်များ၏အခြေအနေကို လေ့လာဆန်းစစ်နိုင်စေရန်၊ ရခိုင်ပြည်နယ်ရှိ မူဆလင်များ သူတို့၏ဇာတိရပ်မြေသို့ ပြန်လည်အခြေချနိုင်ရေးအတွက် ထိရောက်သောအခြေအနေများ ဖန်တီးနိုင်စေရန်အတွက် အိုအိုင်စီနိုင်ငံခြားရေးဝန်ကြီးများ၏ နောင်အစည်းအဝေးများသို့ အစီရင်ခံစာတင်သွင်းနိုင်ရေးအတွက် မြန်မာနိုင်ငံတွင် အိုအိုင်စီကော်မရှင်တစ်ခုဖွင့်ခွင့်ရရေး မြန်မာအစိုးရအား ဖိအားပေးသွေးဆောင်ဖြာယောင်းဖို့ အိုအိုင်စီအထွေထွေအတွင်းရေးမှူးသို့ ပန်ကြားရန်။

(၆) မြန်မာမူဆလင်များ အထူးသဖြင့် သူတို့၏ဇာတိရပ်ကနေ ပြည်ပသို့ရောက်ရှိနေကြသည့် ရိုဟင်ဂျာဒုက္ခသည်များအား ကူညီပံ့ပိုးနိုင်ရေးအတွက် လိုအပ်ချက်များအားလုံးဆက်လက်ချဲ့ထွင်နိုင်စေရန် အိုအိုင်စီအဖွဲ့ဝင်နိုင်ငံအားလုံးသို့ ဖိတ်ခေါ်လှုံ့ဆော်သွားရန်။

(၇) ဆုံးဖြတ်ချက်များနှင့် အစီရင်ခံချက်များကို အိုအိုင်စီ (၃၉)ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ ကောင်စီသို့ ဆောလျင်စွာဆက်လက်တင်ပြပေးရေး အထွေထွေအတွင်းရေးမှူးသို့ ပန်ကြားရန်။

အထက်ဖော်ပြပါအချက်များကိုကြည့်ခြင်းအားဖြင့် အိုအိုင်စီက မြန်မာနိုင်ငံအပေါ် မည်မျှအနိုင်ကျင့်စိုးမိုးနေသည်ကို သိသာပါသည်။ ရခိုင်သားများနှင့် မြန်မာနိုင်ငံသားတချို့ ကန့်ကွက်ခဲ့ကြ၍သာ အိုအိုင်စီအဖွဲ့ မြန်မာနိုင်ငံတွင် ရုံးဖွင့်လှစ်ခွင့်မရခဲ့ခြင်းဖြစ်ပါသည်။ ရုံးဖွင့်လှစ်ခွင့်သာရရှိမည်ဆိုလျှင် မည်မျှရှုပ်ထွေးအောင်လုပ်ဆောင်လာမည်ကို ခန့်မှန်းနိုင်ပါသည်။

စိုးရိမ်စရာကိစ္စတစ်ခု

မြန်မာနိုင်ငံမှ ဘင်္ဂလီအချို့ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဩစတြေးလျသို့ သို့ထွက်သွားကြကြောင်း မကြာမကြာကြားသိရပါသည်။ ယခုအခါ ကြိုးကိုင်အဖွဲ့တစ်ခုက မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံသို့ ထွက်မည်ဘင်္ဂလီတစ်ဦးလျှင် ငွေကြေးအတိုင်းအတာတစ်ခုပေးပြီး သို့ထုတ်ပေးနေကြောင်း ကြားနေရသည်။ ဘင်္ဂလားဒေသရှိတွင် ရပ်နားထားသောစက်လှေဖြင့် ခေါ်ထုတ်ခြင်းဖြစ်ပါသည်။ ယင်းစက်လှေတွင် မြန်မာဘက်တွင်နေထိုင်ခဲ့သူ ဘင်္ဂလီများပါဝင်သကဲ့သို့ ဘင်္ဂလားဒေသမှ ဘင်္ဂလီများလည်း အများကြီးပါဝင်ပါသည်။ တခြားနိုင်ငံတစ်ခုမှဖမ်းဆီးမဆွဲသောအခါ ဘင်္ဂလီအားလုံးက မြန်မာနိုင်ငံသား၊ ကူညီသည်ရိုဟင်ဂျာများဖြစ်ကြောင်း တညီတညွတ်တည်းပြောဆိုကြပါသည်။ ဤအချက်သည်ပင်လျှင် နောင်တစ်ချိန်တွင် ဘင်္ဂလားဒေသရှိနိုင်ငံသားများက မြန်မာနိုင်ငံအတွင်း ဝင်ရောက်နှောင့်ယှက်နိုင်သောအခွင့်အလမ်းဖြစ်နေပါသည်။ အမြှော်အမြင်ရှိသူများက ဤကိစ္စကိုကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် စီမံဆောင်ရွက်ထားသင့်ကြောင်းတင်ပြလိုပါသည်။

 

ငြိမ်းချမ်းရေးအဖွဲ့ဝင်များအတွက် စဉ်းစားစရာ

ပဋိပက္ခများကျယ်ပြန့်စွာဖြစ်ပေါ်မလာရေးအတွက် ထိန်းသိမ်းရေးအဖွဲ့များတွင် ဘာသာပေါင်းစုံမှ ရပ်မိရပ်ဖများ၊ အကြီးအကဲများ ပါဝင်နေကြောင်း သိရပါသည်။ ယင်းအဖွဲ့ဝင်များအနေဖြင့် ကတိသစ္စာဆိုမှုကို နေ့စဉ်ပြုလုပ်ရန် လိုအပ်မည်ဟု ထင်မြင်ယူဆမိပါသည်။

အဘယ်ကြောင့်နည်း။ အစ္စလာမ်ဘာသာဝင်များအနေဖြင့် သူတို့၏သောကြာနေ့တိုင်းကျင်းပသော ဂျုမဟ်နမဇ် ဆုတောင်းပွဲတွင် အခြားဘာသာဝင်များ၏အောက်ခြေ အဖွဲ့အစည်းများကိုရိုက်ချိုးရန်၊ ဖြိုဖျက်ရန် အမြဲတမ်း ဆုတောင်းလေ့ရှိပါသည်။ ယင်းအပြင် အပြစ်ရှိသော (အလာအရှင်မြတ်နှင့် သူ၏တမန်တော်များကိုယုံကြည်မှုမရှိ)သူများကိုသတ်ဖြတ်ရန် ပြဋ္ဌာန်းထားကြောင်းတွေ့ရသည်။ အစ္စလာမ်ဘာသာဝင်များမှတစ်ပါး အခြားဘာသာဝင်များကိုသတ်ဖြတ်ရန် တာဝန်ရှိနေသူ ငြိမ်းချမ်းရေးအဖွဲ့ဝင်အစ္စလာမ်တစ်ဦးအနေဖြင့် မည်သို့မျှ အစ္စလာမ်ဘာသာမဟုတ်သူများပါဝင်နေသော လူသားများငြိမ်းချမ်းရေးကို တာဝန်ယူဆောင်ရွက်မည်ဟုဆိုချင်ပါသည်။ စဉ်းစားကြည့်ကြပါ။

INGO အဖွဲ့အချို့ က လူမှုရေးဆိုင်ရာစေ့စပ်ပေါင်းစည်းရေး (Social Cohesion)ပြုလုပ်ရန် စိုင်းပြင်းခဲ့ကြပါသည်။ အစ္စလာမ်ဘာသာဝင်များအနေဖြင့် သဘောထားအယူအဆရေးရာများကို ပြုပြင်ပြောင်းလဲခြင်းမရှိဘဲ ပြုလုပ်၍ရနိုင်မဟုတ်သည်ကို သိရှိသဘောပေါက်သွား၍ ယင်းလုပ်ငန်းနောက်ဆုတ်သွားသည်ဟု ထင်မြင်မိပါသည်။ အထက်က ကျွန်တော်တင်ပြခဲ့သော အမေရိကန်နိုင်ငံသားအစ္စလာမ်ဘာသာဝင် ပါမောက္ခ၏ပြောပြချက်များ၊ အိုအိုင်စီအဖွဲ့ လုပ်ဆောင်ချက်များကို ထောက်ရှုလျှင် သဘောပေါက်နိုင်မည်ထင်ပါသည်။

အနောက်တံခါးလုံခြုံရေး

မောင်တောမြို့နယ်တွင် မောင်တောမြို့အပြင် တောင်ပြိုမြို့နယ်ခွဲအဖြစ် ရပ်ကွက် (၅)ခုနှင့် ကျေးရွာအုပ်စု (၁၀)စုတို့ဖြင့် ဖွဲ့စည်းထားပါသည်။ ရခိုင်ပြည်နယ်၏အနောက်တံခါးဖြစ်သော (တောင်ပြိုမြို့နယ်ခွဲအပါအဝင်)မောင်တောမြို့နယ်သည် နယ်စပ်ဧရိယာမိုင် (၈၀)ခန့်ရှိမည်ဟု ခန့်မှန်းပါသည်။ ယင်းအထဲတွင် ကုန်းတွင်းပိုင်း ဘင်္ဂလားဒေသနှင့်ထိစပ်လျက်ရှိသော အရှည်မှာ မိုင် ၂၀ ကျော်ရှိနိုင်ပြီး ပင်လယ်နှင့် မြစ်ကမ်းစပ် မိုင် ၅၀ ကျော်ရှိနိုင်ပါသည်။ ဤမျှရှည်လျားသော နတ်မြစ်ကမ်းစပ်နှင့် နိုင်ငံတကာရေပိုင်နက်နှင့် ထိစပ်နေသောအကျယ်အဝန်းကို ထိန်းသိမ်းစောင့်ရှောက်ရေးမှာ အခက်အခဲရှိနိုင်ပါသည်။ နိုင်ငံတော်အစိုးရကလည်း နယ်စပ်တစ်လျှောက် ခြံစည်းရိုးကာရံလျက်ရှိနေပါသည်။ မကြာခင်က ကျင်းပခဲ့သော ရခိုင်အမျိုးသားညီလာခံ (ကျောက်ဖြူ)တွင်လည်း မောင်တောမြို့နယ်မှတက်ရောက်ခဲ့ကြသောကိုယ်စားလှယ်များက နယ်ခြားစောင့်တပ်များ အင်အားဖြည့်တင်းရေး၊ မောင်တောမြို့နှင့် အလှမ်းဝေးသောတောင်ပိုင်းဒေသတွင် မြို့နယ်ခွဲတစ်ခု (မြင်းလွှတ်/အင်းဒင်)တွင် သတ်မှတ်ဆောင် ရွက်သင့်ကြောင်းတင်ပြခဲ့ကြပါသည်။ တောင်ပိုင်းတွင် မြို့နယ်ခွဲတစ်ခုသတ်မှတ်တည်ထောင်နိုင်လျှင် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေး၊ လုံခြုံရေးတို့ကို ယခုထက်ပိုမို၍ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါသည်။

လက်ရှိအခြေအနေတွင် ပဋိပက္ခအရှိန်မပြေသေးကြောင်း သုံးသပ်နိုင်ပါသည်။ ရခိုင်ပြည်သားများနှင့် မြန်မာနိုင်ငံသားများသည် လက်ရှိအခြေအနေတွင် သတိကြီးစွာထား၍ နောင်တွင် ပဋိပက္ခများဆက်လက်ဖြစ်ပွားကျယ်ပြန့်မလာစေရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အခြေအနေပေးလာသည်နှင့်အမျှ အလျင်အမြန်ဆောင်ရွက်ကြဖို့လိုအပ်နေကြောင်းတင်ပြအပ်ပါသည်။

ညီလှဖြူ(မောင်တော)

ကိုးကား

  • ဖိုးစံခါး၏မှတ်စု

 

 

 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */